ရူဒီဂါကို နိုင်တဲ့ မန်ဒီ၊ ပေါမာဆန် ခန့်မှန်း၊ ရိုက် ကို လက်လျှော့ခြင်းနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးက ဒီတပတ် စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ် နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပေါလ်မာဆန်ကတော့ ချဲလ်ဆီး ၂-၁ နဲ့ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ချဲလ်ဆီး ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်က အသင်းခေါင်းဆောင် အက်ပီကျူတာဟာ အသင်းမှာ အရာရာမှာ အောင်မြင်ခဲ့ကြောင်း၊ အက်ပီကျူတာဟာ ချဲလ်ဆီးအတွက် ဘယ်တော့မှ စိတ်ပျက်စရာမဖြစ်ခဲ့ကြောင်း၊ ချဲလ်ဆီး မှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေက ချီးကျူးစရာကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးဂိုးသမားမန်ဒီက အသင်းဖော်နောက်ခံလူ ရူဒီဂါနဲ့ မိမိတို့ လက်မောင်းယှဉ်လှဲရင် သူသာ အနိုင် ရရှိမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ “ဒါက ပြောရလွယ်ပါတယ်။ ရူဒီဂါလည်း ကျွန်တော်နဲ့ အဖြေတူမှာပါ။ ကျွန်တော် ပဲ နိုင်မှာပါ”လို့ မန်ဒီက ဖွင့်ဟခဲ့ပါတယ်။
အဲဗာတန်နည်းပြလမ်းပတ်က ဆောက်သမ်တန်မှာ အငှားကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာကို ချီးကျူးခဲ့ပြီး သူဟာ အရည်အသွေးမြင့်မားတဲ့ ချာတိတ်ဖြစ်ကြောင်း၊ ဘရိုဂျာဟာ အလွန်သန်မာပြီး ဆောက်သမ်တန်ကို သန်မာစေသူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ ဂယ်လင်ဟာကြောင့် ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူရေး လက်လျှော့တော့မဲ့ ပုံ ရှိနေပါတယ်။ ဒီကလန်ရိုက်ကို ဈေးကြီးပေးခေါ်ရမဲ့ အနေအထားကြောင့် ဂယ်လင်ဟာကိုသာ အသုံးပြုဖို့ စီစဉ်လျက်ရှိနေတာပါ။

ဘယ်ဂျီယံကွင်းလယ်လူ နိုင်ဂိုလန်က သူ့အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးကြောင်း၊ အဲဒီ တုန်းက ရိုးမားမှာ သူရရှိနေတဲ့ လစာပမာဏကို ချဲလ်ဆီးက အံ့အားသင့်ခဲ့ကြောင်း၊ ချဲလ်ဆီးက ယူရို၇ သိန်း ခွဲ ကျော်လောက်နဲ့ ကမ်းလှမ်းခဲ့ကြောင်း၊ မိမိအနေနဲ့ အဲဒီပမာဏလောက်နဲ့ အင်္ဂလန်ကို မပြောင်းချင်ခဲ့ကြောင် ထုတ်ဖော်ခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ခရစ္စတန်ဆန်ကို နောက်ဆုံးတစ်ကြိမ် စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ခရစ္စတန်ဆန်ရဲ့စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိ ဖြစ်နေတာပါ။