ကိန်းကို လက်မလျှော့သေးတဲ့ စီးတီး၊ ဂျိုတာ ဒဏ်ရာ၊ ဟာလန်း ကမ်းလှမ်းမှု အသစ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့ နွေတုန်းက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် အသင်းအပေါ် စိတ်ပျက်ခြင်း မရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြိုင်ဘက် ဘာစီလိုနာအသင်းထက် နှာတစ်ဖျား အသာရနိုင်ဖု့ိ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို မြင့်မားတဲ့ကမ်းလှမ်းမှု ထပ်မံပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။

လီဗာပူး တိုက်စစ်မှူးဖြစ်တဲ့ ဂျိုတာ ကတော့ ပြီးခဲ့ အင်တာမီလန် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ခြေချင်းဝတ် မှာ ဒဏ်ရာ ရရှိသွားပါတယ်။ သူ့ ဒဏ်ရာကတော့ ထင်ထားတာထက် ပိုပြီး ဆိုးနိူင်သလို ကာရာဘောင် ဖလား ဖိုင်နယ် ကန်မယ့် ချဲလ်ဆီး နဲ့ပွဲ မှာ ပါဝင်နိူင်ဖို့အတွက် မသေချာသေးပါဘူး။

အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေကို အင်တာဗျူးအစီအစဉ်အတွင်း ဝေဖန်ခဲ့တဲ့ စပါးနည်းပြ ကွန်တီတစ်ယောက် အသင်းနဲ့ လမ်းခွဲဖို့ ရာခိုင်နှုန်းပိုမို များပြားလာခဲ့ပြီ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

လက်ရှိ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ထရစ်ပီယာကို ယခုရာသီအတွင်း ပြန်လည် အသုံးပြုရနိုင်ခြေရှိနေကြောင်း နည်းပြ ဟိုဝီက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး၊ မန်ယူ နဲ့ စပါးတို့ စိတ်ဝင်စားနေတဲ့ အီတလီ ကစားသမား ကစားသမားဖြစ်သူ နီကိုလို ဇာနီယိုလို ကတော့ လက်ရှိမှာ ရိုးမား အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးလိုခြင်း မရှိသေးဘူး လို့ အီတလီသတင်းတွေက ဆိုပါတယ်။

မန်ယူအသင်းနည်းပြ ရန်းဂ်နစ်ကတော့ အသင်းကို ဦးဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ရိုနယ်ဒိုနဲ့ မက်ဂွိုင်းယားကြား ထိပ်တိုက်ပြိုင်ဆိုင်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

အနီကဒ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ကိုင်လီ ဝေါ်ကာရဲ့ ပြစ်ဒဏ်ကို လျှော့ပေ့ါပေးဖို့ မန်စီးတီးအသင်းက အယူခံဝင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ဒီနွေမှာ သက်တမ်းကုန်ဆုံးတော့မယ့် ဆီဆာ အပီလီကျူတာကို ဘာစီလိုနာ အသင်းက ၂ နှစ် စာချုပ်အပြင် နောက်ထပ် ၁ နှစ်တိုးဖို့ ပါတဲ့ အချက်နဲ့ ကမ်းလှမ်းလိုက်တယ်လို့ဆိုပါတယ်။ ၎င်းကို ခေါ်ယူဖို့အတွက် ဘာစီလိုနာက ဒီဇင်ဘာလကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး ကစားသမား ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။

အာဆင်နယ် အသင်းကစားသမားဟောင်း ဆက်ဂ်နာကတော့ လက်ရှိရာသီ ၎င်းရဲ့ အသင်းဟောင်း အဆင့် ၄ အတွင်း ဝင်ရောက်ကာ ရာသီပိတ်သိမ်းနိုင်ခြေရှိနေကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။