စပါးအနိုင် စီးတီး အရှုံးကြောင့် ပြန်အသက်ဝင်လာတဲ့ ပရီးမီးယားလိဂ်၊ လူကာကူ၊ စမစ်ရို့စ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
စနေနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အီတီဟတ်ကွင်း မှာ ကစားခဲ့တဲ့ ဒီပွဲမှာ စပါး က မန်စီးတီး ကို ၃-၂ နဲ့ အနိုင် ရရှိ ခဲ့ပြီး ဒီပွဲရလဒ် ဟာ အမှတ်ပေးဖလား ချန်ပီယံ ပြိုင်ပွဲကို ပြန်လည် အသက်ဝင်စေခဲ့ သလို အဆင့် ၄ လုပွဲ အတွက်လည်း ပိုပြီး အကြိတ်အနယ် ဖြစ်လာစေခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စပါး ဟာ အဆင့် ၇ နေရာကို ၃၉ မှတ်နဲ့ ရောက်လာခဲ့ပြီး ပွဲကျန် ၃ ပွဲအထိ ရှိနေသေး တာကြောင့် အဆင့် ၄ လုပွဲထဲကို ပြန်လည် ရောက်ရှိ လာနိုင်ခဲ့ပါတယ်။

အဆင့် ၄ အတွက် စပါး နဲ့ အားပြိုင်နေတဲ့ အာဆင်နယ် ကလည်း အိမ်ကွင်းမှာ ဘရန့်ဖိုဒ့် ကို ၂-၁ နဲ့ အနိုင် ကစားခဲ့ ပါတယ်။ ဝက်စ်ဟမ်း ကတော့ နယူးကာဆယ် နဲ့ ၁ ဂိုးစီ သရေကျခဲ့ တာကြောင့် အဆင့် ၄ နေရာ အတွက် အလားအလာ နည်းပါး ခဲ့ရပါတယ်။
လီဗာပူး ကတော့ နောဝစ်ချ် ကို ၃-၁ နဲ့ အနိုင် ကစားပြီး မန်စီးတီး ကို ဖိအားပေး နိုင်ဖို့ အခွင့်ကောင်းကို ဆုပ်ကိုင် နိုင်ခဲ့ ပါတယ်။ လက်ရှိ မှာ လီဗာပူး ဟာ စီးတီး ထက် ၁ ပွဲလျော့ ကစားထားပြီး ၆ မှတ် အကွာမှာ ရပ်တည်နေပါတယ်။
ချဲလ်ဆီး ကတော့ လန်ဒန် မြို့ခံ ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ် ကို ဇီယက်ချ် ရဲ့ မိနစ် ၈၀ ကျော်က တလုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ရပြီး အဆင့်၃ နေရာမှာ တည်ငြိမ်စွာ ဆက်ရှိ နေခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ပေါလ်ပါကားက လက်ရှိမန်ယူအသင်းမှာ မက်ဂွဲရားနဲ့ စီရော်နယ်ဒိုတို့ထက် ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင် ရာထူးနဲ့ လိုက်ဖက်သူဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ မန်ယူတို့အဆင့်လေးနေရာမှာ ရပ်တည်နေရတာ ဒီဂီယာကြောင့်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘရန်ဖို့ဒ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနော်က အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်ဟာ ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး စုစုပေါင်း ၁၀ ဂိုးပြည်ေ့မြာက် ခဲ့ပါတယ်။ ဒါကြောင့် စမစ်ရို့စ်ဟာ တစ်ရာသီအတွင်း ၁၀ ဂိုးအထက် သွင်းယူနိုင်တဲ့ အာဆင်နယ် အကယ်ဒမီ ကစားသမား စစ်စစ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က ပဲလေ့စ်နဲ့ပွဲမှာ တိုက်စစ်မှူး လူကာကူ ရုန်းကန်ခဲ့ရတာ မိမိရဲ့ကစားကွက်ကြောင့် မဟုတ်ကြောင်း၊ လူကာကူအနေနဲ့ ဘာကြောင့် ရုန်းကန်ခဲ့ရသလဲဆိုတာ မသိရှိကြောင်း၊ လူကာကူအနေနဲ့အသင်းရဲ့ ကစားကွက်ပိုင်းမှာ စီးမျောနိုင်ခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီပွဲမှာ လူကာကူဟာ ဘောလုံး ၇ ချက်သာ ထိခွင့်ရခဲ့တာပါ။
အာဆင်နယ် အသင်းက နာပိုလီ ကြယ်ပွင့်ဖြစ်တဲ့ ဖေဘီယန် ရူဇ် ကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ပါဝင်လာပြီလို့ဆိုပါတယ်။ ဒီ ကစားသမားအတွက် ပေါင် ၁၆ သန်း သတ်မှတ်ထားပြီး စပိန် ဘီလူးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ် တို့နဲ့လည်း သတင်းထွက်နေတာပါ။