စတန်းဖို့ဘရစ်ချ်မှာ LUCKY 7 အဖြစ် နောဝစ်ချ်ကို ၇ဂိုးသွင်း ကြမ်းပြလိုက်တဲ့ ချယ်ဆီး
တိုက်စစ်မှုးတွေ ဖြစ်တဲ့ လူကာကူရော၊ ဗာနာရော ဒဏ်ရာရခဲ့တာကြောင့် ချယ်ဆီးတို့ ဒီပွဲကို တိုက်စစ်မှူး မပါဘဲ ပွဲထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ကျန်တဲ့ ရှေ့၊ လယ်၊ နောက် အင်အားက နော့ဝစ်ချ်ထက် အပြတ်အသတ်ကို သာလွန်ပြီး ဂိုးသွင်းကြမ်းပြခဲ့ပါတယ်။
နှစ်သင်းကြား ကစားသမားအင်အားနဲ့ ကစားပုံက တော်တော်လေး ကွာခြားလွန်းပြီး ချယ်ဆီး က အခက်အခဲမရှိ ပွဲကို စီးမိုးခဲ့ပါတယ်။ (၈) မိနစ်မှာပဲ ချယ်ဆီးတို့ စောစောစီးစီး ဂိုးရခဲ့ပြီး မေဆင်မောင့်က ဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာပါ။
ဦးဆောင်ဂိုးရပြီး (၁၀) မိနစ်အကြာမှာပဲ ချယ်ဆီးတို့ ဒုတိယဂိုးရခဲ့ပြီး ကိုဗာဆစ်ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို အိုဒွိုင်းက ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့ပါတယ်။

(၄၁) မိနစ်မှာ မေဆင်မောင့်ခင်းပေးလိုက်တဲ့ ဘောလုံးကို ရီစီဂျိမ်းစ်က ဂိုးသမားကို အသာကျော်ပြီး ချဲလ်ဆီးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့တာကြောင့် ချယ်ဆီးတို့ ပထမပိုင်းမှာတင် သုံးဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နော့ဝစ်ချ်တို့ ကစားသမားအချို့ အပြောင်းအလဲလုပ်ခဲ့ပေမယ့် သိပ်ပြီး တိုးတက် လာတာမျိုးမရှိဘဲ ချယ်ဆီးကပဲ ဂိုးတွေထပ်ရခဲ့ပါတယ်။ ကိုဗာဆစ်ဖန်တီးပေးတာကတစ်ဆင့် ဘင်ချီဝဲလ်က သွင်းယူခဲ့တာပါ။ ဘင်ချီဝဲလ်ကတော့ ချယ်ဆီးအတွက် နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲ (၃) ပွဲဆက် ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နော့ဝစ်ချ်ရဲ့ခံစစ်တန်းက တော်တော်လေးဆိုးရွားနေပြီး ကစားပုံဆိုးရွားတာထက် ကြိုးစား အားထုတ်မှုလုံးဝမရှိတာကြောင့် ချယ်ဆီးတို့ ဂိုးတွေ လွယ်လွယ်ရခဲ့ပါတယ်။
ဘင်ချီဝဲလ်ဂိုးရပြီး (၅) မိနစ်အကြာမှာ အိုဒွိုင်းရဲ့ဖြတ်တင်ဘော မက်စ်အာရွန်စ်နဲ့ထိပြီး ဂိုးထဲ ဝင်သွားတာကြောင့် ချယ်ဆီးတို့ (၅) ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နော့ဝစ်ချ်ဘက်က ဘင်ဂစ်ဘ်ဆင် အထုတ်ခံခဲ့ရပြီး ချဲလ်ဆီးကလည်း လော့ဖ်တပ်ချိခ်၊ ဇီယက်ချ်၊ ဘာကလေတို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် (၈၀) မှာ နော့ဝစ်ချ် နောက်ခံလူ ဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ချယ်ဆီးတို့ ပင်နယ်တီရခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂိုးသမား ကရူးလ်ကာကွယ်နိုင်ခဲ့ပေမယ့် မေဆင်မောင့် မကန်ခင် ဂိုးသမားခြေထောက်က စည်းရှေ့ထွက်ခဲ့တာကြောင့် နောက်တစ်ကြိမ် ပြန်ကန်ရာမှာတော့ မေဆင်မောင့်က ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။
ချယ်ဆီး ရဲ့ သွင်းဂိုးတွေက ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ နောက်ဆုံးမိနစ်မှာ လော့ဖ်တပ်ချိခ် ဖန်တီးပေးတာကို မေဆင်မောင့်က သူ့အတွက် ဟက်ထရစ်သွင်းဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပြီး ချယ်ဆီးကလည်း (၇) ဂိုးပြတ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

ZG
တိုက္စစ္မႈးေတြ ျဖစ္တဲ့ လူကာကူေရာ၊ ဗာနာေရာ ဒဏ္ရာရခဲ့တာေၾကာင့္ ခ်ယ္ဆီးတို႔ ဒီပြဲကို တိုက္စစ္မႉး မပါဘဲ ပြဲထြက္ခဲ့ရပါတယ္။ ဒါေပမယ့္ က်န္တဲ့ ေရွ႕၊ လယ္၊ ေနာက္ အင္အားက ေနာ့ဝစ္ခ်္ထက္ အျပတ္အသတ္ကို သာလြန္ၿပီး ဂိုးသြင္းၾကမ္းျပခဲ့ပါတယ္။
ႏွစ္သင္းၾကား ကစားသမားအင္အားနဲ႔ ကစားပုံက ေတာ္ေတာ္ေလး ကြာျခားလြန္းၿပီး ခ်ယ္ဆီး က အခက္အခဲမရွိ ပြဲကို စီးမိုးခဲ့ပါတယ္။ (၈) မိနစ္မွာပဲ ခ်ယ္ဆီးတို႔ ေစာေစာစီးစီး ဂိုးရခဲ့ၿပီး ေမဆင္ေမာင့္က ဧရိယာထိပ္ကေန ကန္သြင္းသြားခဲ့တာပါ။
ဦးေဆာင္ဂိုးရၿပီး (၁၀) မိနစ္အၾကာမွာပဲ ခ်ယ္ဆီးတို႔ ဒုတိယဂိုးရခဲ့ၿပီး ကိုဗာဆစ္ဖန္တီးေပးလိုက္တဲ့ ေဘာလုံးကို အိုဒြိဳင္းက ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ သြင္းယူႏိုင္ခဲ့ပါတယ္။
(၄၁) မိနစ္မွာ ေမဆင္ေမာင့္ခင္းေပးလိုက္တဲ့ ေဘာလုံးကို ရီစီဂ်ိမ္းစ္က ဂိုးသမားကို အသာေက်ာ္ၿပီး ခ်ဲလ္ဆီးအတြက္ တတိယဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ခ်ယ္ဆီးတို႔ ပထမပိုင္းမွာတင္ သုံးဂိုးျပတ္ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာ ေနာ့ဝစ္ခ်္တို႔ ကစားသမားအခ်ိဳ႕ အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ သိပ္ၿပီး တိုးတက္ လာတာမ်ိဳးမရွိဘဲ ခ်ယ္ဆီးကပဲ ဂိုးေတြထပ္ရခဲ့ပါတယ္။ ကိုဗာဆစ္ဖန္တီးေပးတာကတစ္ဆင့္ ဘင္ခ်ီဝဲလ္က သြင္းယူခဲ့တာပါ။ ဘင္ခ်ီဝဲလ္ကေတာ့ ခ်ယ္ဆီးအတြက္ ေနာက္ဆုံးကစားထားတဲ့ လိဂ္ပြဲ (၃) ပြဲဆက္ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီေန႔ပြဲမွာ ေနာ့ဝစ္ခ်္ရဲ႕ခံစစ္တန္းက ေတာ္ေတာ္ေလးဆိုး႐ြားေနၿပီး ကစားပုံဆိုး႐ြားတာထက္ ႀကိဳးစား အားထုတ္မႈလုံးဝမရွိတာေၾကာင့္ ခ်ယ္ဆီးတို႔ ဂိုးေတြ လြယ္လြယ္ရခဲ့ပါတယ္။
ဘင္ခ်ီဝဲလ္ဂိုးရၿပီး (၅) မိနစ္အၾကာမွာ အိုဒြိဳင္းရဲ႕ျဖတ္တင္ေဘာ မက္စ္အာ႐ြန္စ္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားတာေၾကာင့္ ခ်ယ္ဆီးတို႔ (၅) ဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ေနာ့ဝစ္ခ်္ဘက္က ဘင္ဂစ္ဘ္ဆင္ အထုတ္ခံခဲ့ရၿပီး ခ်ဲလ္ဆီးကလည္း ေလာ့ဖ္တပ္ခ်ိခ္၊ ဇီယက္ခ်္၊ ဘာကေလတို႔နဲ႔ အေျပာင္းအလဲလုပ္ခဲ့ပါတယ္။
ပြဲကစားခ်ိန္ မိနစ္ (၈၀) မွာ ေနာ့ဝစ္ခ်္ ေနာက္ခံလူ ဧရိယာထဲမွာ လက္ထိခဲ့တာေၾကာင့္ ခ်ယ္ဆီးတို႔ ပင္နယ္တီရခဲ့ပါတယ္။ ဒီပင္နယ္တီကို ဂိုးသမား က႐ူးလ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေမဆင္ေမာင့္ မကန္ခင္ ဂိုးသမားေျခေထာက္က စည္းေရွ႕ထြက္ခဲ့တာေၾကာင့္ ေနာက္တစ္ႀကိမ္ ျပန္ကန္ရာမွာေတာ့ ေမဆင္ေမာင့္က ဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့ပါတယ္။
ခ်ယ္ဆီး ရဲ႕ သြင္းဂိုးေတြက ရပ္တန္႔သြားခဲ့ျခင္းမရွိဘဲ ေနာက္ဆုံးမိနစ္မွာ ေလာ့ဖ္တပ္ခ်ိခ္ ဖန္တီးေပးတာကို ေမဆင္ေမာင့္က သူ႔အတြက္ ဟက္ထရစ္သြင္းဂိုးအျဖစ္ သြင္းယူေပးႏိုင္ခဲ့ၿပီး ခ်ယ္ဆီးကလည္း (၇) ဂိုးျပတ္နဲ႔ ႏိုင္ပြဲရရွိခဲ့ပါတယ္။