နောက်ခံလူ ပစ်မှတ်၊ လိုင်လီနဲ့ ပွဲကြို၊ ဗာရက်တီကို ခေါ်ချင်တဲ့ တူချယ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးအသင်းဟာ ဝုဗ် နောက်ခံလူ မက်ဇ်ကယ်မန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမား ဟာ ဒီရာသီ ဝုဗ်ရဲ့ အဓိက ကစားသမား ဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ လာမဲ့နွေရာသီမှာ နောက်တန်းကို အဓိကထား အားဖြည့်သွားမှာပါ။

ပဲလေ့စ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ့ လိုင်လီနဲ့ ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်လာမှာဖြစ်ကြောင်း နည်းပြတူချယ်က အတည်ပြုခဲ့ပါတယ်။ အက်ပီကျူတာရဲ့အခြေအနေက ကောင်းမွန်မှု ရှိကြောင်း၊ သူဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဘယ်လိုနာကျင်မှုမှ မခံစားရကြေငာင်း တူချယ်က ဆိုခဲ့ပါတယ်။

လီဗာပူးနည်ပြကလော့က အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဖာမီနိုနဲ့ ဂျိုတာတို့အနေနဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်မဲ့ ကာရာဘောင်း ဖလား ဗိုလ်လုပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ပြောဖို့ခက်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမားမန်ဒီက သူ့အနေနဲ့ အသင်းဖော်ဂိုးသမား ကီပါနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း၊ မိမိအနေနဲ့ အာဖရိက ဖလား သွားနေစဉ်မှာ ကီပါဟာ လက်စွမ်းကောင်းပြသနေကြောင်း၊ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားရင် နေရာစုံမှာ နေရာလု တိုက်ပွဲက ပြင်းထန်မှာဖြစ်ကြောင်း၊ ဒါကြောင့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးဆပ်ရမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ကွင်းလယ်လူဗာရက်တီကို ခေါ်ယူဖို့ အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း သတင်းတွေ ထွက်ပေနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဗာရက်တီကိုခေါ်ယူနိုင်ဖို့ ယူရိုသန်း ၅၀ ကနေ သန်း ၆၀ ကြားအထိ အသုံးပြုဖွယ်ရှိနေကြောင်း သိရပါတယ်။

ချဲလ်ဆီး ဂိုးသမား မန်ဒီကတော့ ချန်ပီယံလိဂ်မှာ ရင်ဆိုင်ရမဲ့ လိုင်လီနဲ့ ပတ်သက်ပြီး အသင်းဖော်တွေကို သတိပေးမှု ပြုလုပ်ခဲ့ပြီး လိုင်လီဟာ ရင်ဆိုင်ရ လွယ်ကူတဲ့ ပြိုင်ဘက်မျိုး မဟုတ်ကြောင်း၊ လိုင်လီဟာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီးေ ဆာဘတ်နဲ့ ဆီဗီလာ တို့ပွဲစဉ်မှာ သူတို့ရဲ့စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ကတော့ ဒီတပတ် ချန်ပီယံလိဂ် ပွဲမှာ လိုင်လီကို ချဲလ်ဆီးက ၂-၀ နဲ့ အနိုင်ယူသွားမယ်လို့ သုံးသပ် ခန့်မှန်းထားပါတယ်။

စပါးဂိုးသမားဟောင်း ရော်ဘတ်ဆန်က သူ့အသင်းဟောင်း စပါး အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူ သင့်ကြောင်း၊ လက်ရှိစပါးဟာ ကွင်းအတွင်း ဦးဆောင်မဲ့ ကစားသမား ပျောက်ဆုံးနေကြောင်း၊ ရူဒီဂါဟာစစ်မှန်တဲ့ ခေါင်းဆောင်ဖြစ်ပြီး စပါးအတွက် မယုံနိုင်စရာကောင်းတဲ့ခေါ်ယူမှုဖြစ်မှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

နယူးကာဆယ်ဂန္ထဝင်ဟောင်း အလန်ရှီးယားက ချဲလ်ဆီးတိုက်စစ်မူှး လူကာကူဟာ ပေးရတဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှု မရှိဘူး လို့ သုံးသပ် ဝေဖန်ခဲ့ပါတယ်။