ဂန်းနားတွေ မန်ယူထက် ပိုကောင်းလာခြင်း၊ အိုလီဗီရာ၊ ဂတ်ပို တို့ ပစ်မှတ်ထားမှုနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်အနေနဲ့ ပီအက်စ်ဗွီကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့ အလိုရှိနေကြောင်း ဂျာနယ်လစ် ဂျာလယ်တီက ဖော်ပြ ထားပါတယ်။ ၂၂ နှစ်အရွယ်တိုက်စစ်ကစားသမားကို ဒေါ့မွန်၊ဘိုင်ယန်တို့ကလည်း ပစ်မှတ်ထားနေပြီး သူဟာ ဒီရာသီမှာ ခြေစွမ်းပြ ကစားနေတာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာ က အဆင့်လေးဝင်ခွင့်နဲ့ ပတ်သက်ပြီး ပြောဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ပြိုင်ပွဲကပြီးဆုံးဖို့ အဝေးကြီး လိုနေသေးကြောင်း၊ ဘရန်ဖို့ဒ်နဲ့ပွဲမှာ အနိုင်ရခဲ့လို့ အနည်းငယ် နီးစပ် လာခဲ့ကြောင်း၊ လာမဲ့ပွဲစဉ်တွေအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က တကယ်လို့ အာဆင်နယ်အနေနဲ့ လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဆာကာနဲ့ စမစ်ရို့စ် တို့ကို ဆုံးရှုံးလိုက်ရရင ်အကြီးအကျယ် ဒုက္ခ ရောက်နိုင်ကြောင်း၊ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ လူငယ်ကြယ်ပွင့် တွေကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စပါးနည်းပြဟောင်း ဟယ်ရီရက်နက်ကတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်ကို ထည့်သွင်း ရွေးချယ်သင့်ကြောင်း၊ စမစ်ရို့စ်ဟာ တောက်ပတဲ့ အနာဂတ် ရှိသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဟာ ဘရာဇီးကလပ် ပယ်မီးယက်စ် ကြယ်ပွင့် အိုလီဗီရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ အသက်၂၀ နှစ်အရွယ် ကစားသမားကို ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။
အာဆင်နယ် ပရိသတ် အဖြစ် နာမည်ကျော်တဲ့ အစီအစဉ်တင်ဆက်သူ ပီရက်မော်ဂန်က အူဘာမီယန်ကို လက်လွှတ် ခဲ့တဲ့ နည်းပြ အာတီတာရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အူဘာအနေနဲ့ လက်ရှိ ဘာစီလိုနာမှာ တောက်ပနေကြောင်း၊ အူဘာ ဟာ သူ့အမေ နေမကောင်းလို့ ပြန်ခဲ့တာဖြစ်ပြီး အာတီတာရဲ့လုပ်ရပ်က ရှက်စရာကောင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက သူ့အနေနဲ့ ဒိန်းမတ်ကလပ် အေအက်ဂျီကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ Comfort Zone ထဲကနေ ထွက်ခွာချင်လို့ ဒိန်းမတ်ကလပ်ကို ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ အသင်းနည်းပြနဲ့ စကားပြောကြည့်ရတာ ကျေနပ်မှု ရရှိကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်း ပီတာရှမိုက်ကယ် သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ကို တားဆီးနိုင်မှာက အာဆင်နယ် တစ်သင်းတည်းသာ ရှိကြောင်း၊ အာဆင်နယ်ဟာ လက်ရှိမှာ ပုံစံကောင်းကို ပိုင်ဆိုင်ထားကြောင်း၊ ဒါပေမဲ့ နောက်ဆုံး ၅ ပွဲခြေစွမ်းမှာတော့ မန်ယူထက် အာဆင်နယ်က ပိုကောင်းနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။