ကာရာဘောင်းဖလား ဂျိုကိုးလ် ခန့်မှန်း၊ ဒမ်ဘီလီ၊ ရူဒီဂါ၊ ပူလီဆစ်၊ ရုရှား အရှုပ်အထွေးနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးက ချဲလ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို ခန့်မှန်းခဲ့ရာမှာ လိုင်လီနဲ့ပွဲမှာ ဂျော်ဂျင်ဟိုကို မတွေ့ခဲ့ရတာကြည့်ရင် တူချယ်မှာ သေချာပေါက် အစီအစဉ်ရှိပုံ ရကြောင်း၊ ချဲလ်ဆီးအနေနဲ့ နောက်ထပ် ဆုဖလား တစ်လုံးကို ရယူနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဗြိတိန်က လေဘာပါတီ အကြီးအကဲ ခရစ် ဘရိုင်ယန့်ကတော့ ရုရှားရဲ့ ယူကရိန်းပေါ် ကျူးကျော်စစ်နဲ့ တရားလက်လွတ် လုပ်ရပ်တွေကြောင့် ပူတင်ရဲ့ အပေါင်းအပါ ဖြစ်တဲ့ ရုရှား သန်းကြွယ်သူဌေး ရိုမန်အေဗရာမိုဗစ်ချ် ဟာ ချဲလ်ဆီး ကလပ်အသင်းကို ဆက်လက် ပိုင်ဆိုင် သင့်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။
ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်က သူတို့အနေနဲ့ နိုင်ပွဲတွေ ရရှိနေပေမဲ့ ပွဲကိုဒီထက်ပိုမို ထိန်းချုပ်နိုင်ဖို့ လိုအပ် နေသေးကြောင်း၊ ချန်ပီယံလိဂ်မှာ လိုင်လီကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမဲ့ ဒါက ပထမအကျော့သာ ရှိသေးပြီး အလုပ် များစွာ လုပ်ဆောင်ရဦးမှာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးလက်ထောက်နည်းပြဟောင်း မောရစ်က ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ အနာဂတ်မှာ မန်နေဂျာ ဖြစ်လာမဲ့သူလို့ ထောက်ခံလိုက်ပါတယ်။ သီယာဂိုဆေးလ်ဗားဟာ အလွန်ပရော်ဖက်ရှင်နယ် ဆန်သူဖြစ်ပြီး လေ့ကျင့်ရေးကွင်း မှာလည်း ကြိုးစား အားထုတ်မှု ကောင်းမွန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပဲလေ့စ်မှာ အငှားနဲ့ ကစားနေတဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဂယ်လင်ဟာအနေနဲ့ လာမဲ့ရာသီ ချဲလ်ဆီးအသင်းကြီးမှာ နေရာရလာမှာဖြစ်ကြောင်း၊ ဂယ်လင်ဟာရဲ့ပုံစံက မစ်ဆန်မောင့်တစ်ယောက် ချဲလ်ဆီးကို ပြန်လာစဉ်ကနဲ့ အတူတူပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း Mirror က ဖော်ပြထားပါတယ်။ ရူဒီဂါကို လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်ပြီး ချဲလ်ဆီးကလည်း သူ့ကို သက်တမ်းသစ် တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို မန်ယူထက်အရင် လက်ဦးမှုယူပြီးခေါ်ယူနိုင်ဖို့ ကြိုးပမ်း နေပါတယ။် ဒမ်ဘီလီဟာ ရာသီကုန်ရင် ဘာစီလိုနာကနေ အလွတ်နဲ့ ထွက်ခွာနိုင်ဖို့ နီးစပ်နေပြီး ချဲလ်ဆီး အနေနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်နေပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က ကွင်းလယ်လူကန်တီဟာ ချဲလ်ဆီးမှာ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား ဖြစ်ကြောင်း၊ ကန်တီဟာ ချဲလ်ဆီးမှာ နည်းပြတိုင်းနဲ့ အဆင်ပြေပြီး ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ နောက်တန်း ၄ယောက် ရှေ့မှာ ကန်တီကို ထားကစားရင် ဆုဖလား အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ပီကျူတာက တိုက်စစ်မူှးလူ ကာကူဘက်ကနေ ကာကွယ်ထောက်ခံခဲ့ပြီး လူကာကူဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပြီး သူ့ကိုမေ့ပစ်လို့ မရကြောင်း၊ လူကာကူဟာ လိုင်လီနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပေမဲ့ အသင်းရဲ့ နံပါတ်တစ် ဦးစားပေးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။