အီဆစ် ရဖို့ နီးစပ်နေခြင်း၊ ပေါင် သန်း ၇၀ တန် ဂန်းနားကြယ်ပွင့် ၂ဦး၊ အာတီတာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က အသင်းအနေနဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဆာကာနဲ့ စမစ် ရို့စ်တို့ကို အမြန်ဆုံး စာချုပ် သက်တမ်းတိုးမြှင့်သင့်ကြောင်း၊ သူတို့နှစ်ယောက်ရဲ့ တန်ကြေးဟာ ပေါင်သန်း ၇၀ ခန့် ရှိနေကြောင်း၊ အာဆင်နယ်အနေနဲ့ သူတို့ရဲ့အေးဂျင့်တွေကိုအမြန်ခေါ်ပြီး နောက်ထပ် ၅ နှစ်စာချုပ် ချုပ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်နည်းပြအာတီတာက တောင်ပံကစားသမား ပီပီဟာ ဝုဖ်နဲ့ပွဲမတိုင်ခင်မှာ သူ့ရင်သွေးလေးကို မွေးဖွား ခဲ့ပေမဲ့ မနက် ၃ နာရီကြီး သူ့အနေနဲ့ ဝုဖ်နဲ့ပွဲမှာပါဝင်ပြီး အသင်းကို ကူညီချင်တယ်လို့မ က်ဆေ့ချ်ပို့ခဲ့ကြောင်း၊ ဒါက တိုက်ဆိုင်မှု တစ်ခု မဟုတ်ဘဲ အသင်းရဲ့ စည်းလုံးညီညွှတ်မှုကို ပြသခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဒီယွန်က အာဆင်နယ်အနေနဲ့ ဒီရာသီမှာ အဆင့်လေးနေရာအစား ချဲလ်ဆီးရဲ့ အဆင့် ၃ နေရာကို ပစ်မှတ်ထားသင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ လက်ကျန်ပွဲတွေကိုအနိုင်ရလိုက်ရင် ချဲလ်ဆီးနဲ့ အမှတ် ကွာဟမှု ကျဉ်းမြောင်းသွားမှာ ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က အာဆင်နယ်နဲ့ ဝုဖ်တို့ ပွဲစဉ်ဟာ ဝုဖ်ဟာ အချိန်ဆွဲ လွန်းနေခဲ့ကြောင်း၊ အာဆင်နယ်က နိုင်ပွဲရဖို့ထိုက်တန်ကြောင်း၊ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် အနေနဲ့ပစ်မှတ်ထားနေတဲ့ ဆိုစီဒက်တိုက်စစ်မူှး အီဆစ်ကို လာမဲ့နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းရေးဟာ အထမြောက်ဖွယ် ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ အာဆင်နယ်အနေနဲ့ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြိုးပမ်းနေတာပါ။ အီဆစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၇၆ သန်း ရှိနေတာပါ။
ရေးပါလာက တိုက်စစ်မူှး လာကာဇက်အနေနဲ့ အာဆင်နယ်မှာ နောက်ထပ်တစ်နှစ်ဆက်ရှိနေဖို့ မျှော်လင့် မိကြောင်း၊ လာကာဇက် ရဲ့ လုပ်အားနှုန်းက ကောင်းမွန်ပြီး သူကအသင်းအတွက် အရေးပါသူဖြစ်ကြောင်း၊ လူငယ်တွေက သူ့ရဲ့ဦးဆောင်မှု နောက်ကို လိုက်နေရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ ဝုဖ်နဲ့ပွဲမှာ ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟခဲ့ပါတယ်။ ထိပ်သီးအသင်းကြီးတွေ တည်ရှိရမဲ့ အဆင့် ၃၊ ၄ နေရာကို ရောက်ဖို့ဆိုရင် ဒုတိယပိုင်းမှာ အလဲထိုးနိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ တိုမီယာဆုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမဲ့ နောက်ထပ် ခြေသလုံးကြွက်သား ဒဏ်ရာတစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။ ဒါကြောင့် တိုမီယာဆုဟာ ဝုဖ်နဲ့ပွဲမှာပါဝင်နိုင်ခြင်း မရှိခဲ့တာဖြစ်ပြီး လေ့ကျင့်ရေး ကွင်းမှာ အကောင်းဆုံး ကြိုးပမ်းနေကြောင်း နည်းပြအာတီတာ က ဆိုခဲ့ပါတယ်။