ရော်နယ်ဒို ကစားသမား ဘဝကနေ အနားယူလိုက်တော့လို့ တိုက်တွန်းလိုက်တဲ့ ချဲလ်ဆီး လူဟောင်း
ချဲလ်ဆီး ဗဟိုနောက်ခံလူဟောင်း လီဘော့ဖ် ကတော့ မန်ယူမှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှုး ရော်နယ်ဒို အနေနဲ့ ကစားသမားဘဝက အနားယူဖို့ စဉ်းစားတော့လို့ တိုက်တွန်းခဲ့ပါတယ်။ ရော်နယ်ဒို ဟာ မကြာသေးခင်ကမှ အသက်(၃၇)နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲပေါင်း(၃၀)ပါဝင်ကစားထားပြီး (၁၅)ဂိုး သွင်းယူထားတာပါ။ ဒါပေမယ့် ပေါ်တူဂီ ကစားသမားဟာ ဒီဇင်ဘာလကုန်တည်းက တစ်ဂိုးသာ သွင်းယူထားပြီး ရုန်းကန် နေရတာဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ ဝက်ဖိုဒ့် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသွင်းခွင့် အခွင့်အရေး တွေရခဲ့ပေမယ့် လွဲချော်နေခဲ့တာဖြစ်ပါတယ်။

လီဘော့ဖ် က “လူတစ်ယောက်မှာ ငါ့ဘဝနဲ့ ငါ့အသက်မွေးဝမ်းကြောင်း အတွက် ငါဘာလုပ်ရမလဲလို့ တွေးရမယ့် အချိန်ရှိမယ်လို့ ထင်ပါတယ်”
“ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ကစားသမားဘဝ ကုန်ဆုံးချိန်မှာ သူ့ကိုယ်သူအံဩပြီး သူ့ကိုယ်သူ ဆွေးနွေးဖို့ အချိန်ရောက်နေသလို၊ သူ့ရဲ့မိသားစုထဲက အချို့နဲ့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့အသက်မွေးဝမ်းကြောင်းမှာ အနာဂတ် ရှိသေးတယ်ဆိုရင် ကျန်တဲ့အလုပ်တွေအတွက် ဘာလုပ်ရမလဲဆိုတာသိဖို့ပါပဲ”
“ရော်နယ်ဒို ကြည့်ပြီး သနားမနေချင်ပါဘူး။ ဘာလို့လဲဆိုရင် သူဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာရှိနေခဲ့လို့ပါ။ကျွန်တော် သူ့ကို သာမန်ကစားသမား မဖြစ်စေချင်ပါဘူး။ သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်ခဲ့တာကြာပါပြီ”
“သူဟာ အရင်ကလို မဖြစ်တော့တဲ့ အတွက် နောက်ထပ်(၂)နှစ် (၃)နှစ်လောက် ကြိုးစားပြီး ကစားနေမယ့် အစား သူ့ရဲ့ ထိပ်တန်း ကစားသမားဘဝကို စွန့်လွှတ်စေချင်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ကတော့ နောက်ထပ်(၄)နှစ် (၅)နှစ်လောက် ကစားပြီးမှ ကစားသမားဘဝက အနားယူချင်နေတာ ဖြစ်ပါတယ်။

ZG
ခ်ဲလ္ဆီး ဗဟိုေနာက္ခံလူေဟာင္း လီေဘာ့ဖ္ ကေတာ့ မန္ယူမွာ ရုန္းကန္ေနရတဲ့ တိုက္စစ္မႈး ေရာ္နယ္ဒို အေနနဲ႔ ကစားသမားဘဝက အနားယူဖို႔ စဥ္းစားေတာ့လို႔ တိုက္တြန္းခဲ့ပါတယ္။ ေရာ္နယ္ဒို ဟာ မၾကာေသးခင္ကမွ အသက္(၃၇)ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒို ဟာ ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ ပြဲေပါင္း(၃၀)ပါဝင္ကစားထားၿပီး (၁၅)ဂိုး သြင္းယူထားတာပါ။ ဒါေပမယ့္ ေပၚတူဂီ ကစားသမားဟာ ဒီဇင္ဘာလကုန္တည္းက တစ္ဂိုးသာ သြင္းယူထားၿပီး ႐ုန္းကန္ ေနရတာျဖစ္ပါတယ္။
ေရာ္နယ္ဒို ဟာ ဝက္ဖိုဒ့္ အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဂိုးသြင္းခြင့္ အခြင့္အေရးေတြရခဲ့ေပမယ့္ လြဲေခ်ာ္ေနခဲ့တာျဖစ္ပါတယ္။
လီေဘာ့ဖ္ က “လူတစ္ေယာက္မွာ ငါ့ဘဝနဲ႔ ငါ့အသက္ေမြးဝမ္းေၾကာင္း အတြက္ ငါဘာလုပ္ရမလဲလို႔ ေတြးရမယ့္ အခ်ိန္ရွိမယ္လို႔ ထင္ပါတယ္”
“ေရာ္နယ္ဒို အေနနဲ႔ သူ႔ရဲ႕ကစားသမားဘဝ ကုန္ဆုံးခ်ိန္မွာ သူ႔ကိုယ္သူအံဩၿပီး သူ႔ကိုယ္သူ ေဆြးေႏြးဖို႔ အခ်ိန္ေရာက္ေနသလို၊ သူ႔ရဲ႕မိသားစုထဲက အခ်ိဳ႕နဲ႕လည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူ႔အသက္ေမြးဝမ္းေၾကာင္းမွာ အနာဂတ္ ရွိေသးတယ္ဆိုရင္ က်န္တဲ့အလုပ္ေတြအတြက္ ဘာလုပ္ရမလဲဆိုတာသိဖို႔ပါပဲ”
“ေရာ္နယ္ဒို ၾကည့္ၿပီး သနားမေနခ်င္ပါဘူး။ ဘာလို႔လဲဆိုရင္ သူဟာ ထိပ္တန္းအဆင့္မွာ ႏွစ္ေပါင္းမ်ားစြာရွိေနခဲ့လို႔ပါ။ကြၽန္ေတာ္ သူ႔ကို သာမန္ကစားသမား မျဖစ္ေစခ်င္ပါဘူး။ သူဟာ ထူးျခားတဲ့ ကစားသမားျဖစ္ခဲ့တာၾကာပါၿပီ”
“သူဟာ အရင္ကလို မျဖစ္ေတာ့တဲ့ အတြက္ ေနာက္ထပ္(၂)ႏွစ္ (၃)ႏွစ္ေလာက္ ႀကိဳးစားၿပီး ကစားေနမယ့္ အစား သူ႔ရဲ႕ ထိပ္တန္း ကစားသမားဘဝကို စြန႔္လႊတ္ေစခ်င္ပါတယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒို ကေတာ့ ေနာက္ထပ္(၄)ႏွစ္ (၅)ႏွစ္ေလာက္ ကစားၿပီးမွ ကစားသမားဘဝက အနားယူခ်င္ေနတာ ျဖစ္ပါတယ္။