အကုန် တွဲကစားနိုင်တဲ့ လူငယ်ကြယ်ပွင့် ၄ဦး၊ နည်းပြတွေနဲ့ မပြေလည်ခဲ့တဲ့ အူဘာ၊ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ် က သူ့အနေနဲ့အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းမှာ ပရိသတ်တွေရဲ့ အားပေးမှု ကလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ကြောင်း၊ သူ့အနေနဲ့ အာဆင်နယ်ကို ပြောင်းလာတော့ မက်ဆေ့ချ်များစွာ ရရှိခဲ့ကြောင်း၊ ဘောလုံးပွဲတစ်ပွဲမှာ ပရိသတ်တွေက အဓိက အစိတ်အပိုင်းဖြစ်ကြောင်း မှတ်ချက်ပြခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ မာတင်နယ်လီ၊ ဆာကာ၊ စမစ်ရို့စ်နဲ့ အိုဒီဂတ်တို့ ၄ ယောက်စလုံးဟာ အတူတွဲကစားနိုင်ကြကြောင်း၊ စမစ်ရို့စ်ဟာ ဘယ်ခြမ်း ကွင်းလယ် တိုက်စစ် ကစားသမား အဖြစ်လည်း ကစားနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ဝုဖ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ဲ့ ပီပီအနေနဲ့ သူ့ရဲ့ လတ်တလော ခြေစွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ပါက သူ့အရည်အသွေးကို သက်သေပြနိုင်ဖို့ အခွင့်အရေးပိုရလာမယ်လို့ ကတိပြုခဲ့ပါတယ်။ ပီပီဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး အသင်းကို ကူညီပေးနိုင်နေကြောင်း အာတီတာက ဆိုခဲ့ပါတယ်။
အာဆင်နယ် လူငယ်တိုက်စစ်မှုး မာတင်နယ်လီက သူ့အနေနဲ့ အသက် ၁၃၊ ၁၄၊ ၁၅ နဲ့ ၁၆ နှစ်အရွယ်တို့မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ၄ ကြိမ်အထိ ခြေစွမ်းစမ်းသပ်ခံခဲ့ဖူးကြောင်း၊ သူဟာ ဂရင်းဝုဒ်၊ဘရန်ဒန်ဝီလီယံတို့နဲ့ တစ်တန်းတည်းဖြစ်ခဲ့ကြောင်း၊ အဲဒီတုန်းက မန်ယူမှာ မိုဗစ်ချ်၊ ပေါ့ဂ်ဘာ၊ ရွန်းနီနဲ့ အီဗရာတို့နဲ့တောင် တွေ့ဆုံခဲ့ဖူးကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ဂျာကာအနေနဲ့ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျာကာဟာ အာဆင်နယ်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပေမဲ့ သူ့အနာဂတ်ဟာ မသေချာလျက်ရှိနေပြီး အာဆင်နယ်က ယူရို ၁၅ သန်း ရရင်ပဲ ရောင်းထုတ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က အသင်းကနေ ထွက်ခွာသွားတဲ့ တိုက်စစ်မှူးဟောင်း အူဘာမီယန်ဟာ နည်းပြ အဖွဲ့ဝင်တွေနဲ့ ပြဿနာတချို့ရှိခဲ့ကြောင်း၊ မိမိတို့အားလုံးကတော့ အူဘာမီယန်ကို အသင်းမှာသာ ဆက်ရှိစေချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း Oleg Luzhny ဟာ သူ့ရဲ့အမိမြေယူကရိန်းကို ကာကွယ်ဖို့အတွက် နည်းပြဘဝကနေ ရပ်နားခဲ့ပြီ ဖြစ်ပါတယ်။ ၅၃ နှစ် အရွယ်ရှိ Oleg Luzhny ဟာ အောင်မြင်တဲ့ နည်းပြဘဝကို ပိုင်ဆိုင်ထားပြီး လက်ရှိမှာ အင်္ဂလန်မှာ နည်းပြအဖြစ် လုပ်ဆောင်ဖို့ စီစဉ်ထားလျက်ရှိနေတာပါ။ သူဟာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ အာဆင်နယ်မှာ ကစားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဆိုစီဒက်တိုက်စစ်မူှး အီဆစ်အနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့လိုခြင်းမရှိဘဲ ဘာစီလိုနာကို သာ ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါယတ။် အာဆင်နယ်ဟာ လာမဲ့နွေရာသီမှာ တိုက်စစ်မှုး တစ်ဦးခေါ်ယူသွားမှာဖြစ်ြ့ပီး အီဆစ်ကို ဆက်သွယ်မှုတွေ ပြုလုပ်လျက်ရှိနေတာပါ။ အဆိုပါ အရည်အသွေးမြင့် တိုက်စစ်မှုး ကို ဘာစီလိုနာကလည်း ပစ်မှတ်ထားနေတာပါ။