မန်ယူက အာဆင်နယ်ထက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ပို အရေးသာနေဆဲ လို့ အီယန်ရိုက် ပြောဆို
ဂန်းနား ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အီယန်ရိုက်က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး လမ်းကြောင်းမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် ထက် အခွင့်ပိုသာသေးတယ်လို့ ပြောဆိုလိုက် ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အိုးထရပ်ဖို့ဒ် ကွင်းထဲမှာ တန်းဆင်းဇုန်က ဝက်ဖို့ဒ် အသင်း နဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူနိုင်ခဲ့တာပါ။ တဖက်မှာတော့ အာဆင်နယ် အသင်းက ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲ ရယူနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် အသင်းထက် 3 ပွဲလျော့ ကစားပြီးချိန် 2 မှတ် အကွာ ၊ အဆင့် 6 နေရာမှာ အနီးကပ် ဖိအားပေးသွားနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက်တို့ ဒီရာသီ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်မလားဆိုတာ မရေရာ ဖြစ်လာနေပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ အီယန်ရိုက် က သူ့ရဲ့ အသင်းဟောင်း ထက် မန်ယူ အသင်းမှာ အခွင့်အလမ်းကောင်းတွေ ရှိနေကြောင်း သုံးသပ်လိုက်ပါတယ်။

” အာဆင်နယ် အသင်းဟာ အခု ရှိနေတဲ့ နေရာမှာ ဆက်လက်ရှိနေဖို့ အတွက်ဆိုရင် ကြိုးစားမှုနဲ့အတူ အလုပ်တွေ အများကြီး လုပ်ရပါလိမ့်ဦးမယ်။ လက်ရှိ အတွေ့အကြုံ နည်းတဲ့ ကစားသမားတွေ ရှိရင်းစွဲ လူငယ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ အံ့ဖွယ် အရာတွေ လုပ်ပြနေတယ်လို့ ပြောလို့ရနိုင်ပါတယ် ”
” ဟုတ်ပါတယ် ၊ ပွဲကျန် 3 ပွဲ ရှိပါသေးတယ် ။ ဒါပေမဲ့ ကစားရမယ့် အသင်းတွေက တော့တင်ဟမ် ၊ ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတွေပါ ။ ဒါ့ကြောင့် အဲ့တာက သူတို့တွေ အတွက် ခက်ခဲနေပါလိမ့်ဦးမယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သူတို့ ဘာလုပ်နိုင်လဲဆိုတာ ကြည့်လိုက်ပါ ”
” သူတို့တွေဟာ အခွင့်အရေးတွေကို မယူနိုင်ခဲ့ကြပါဘူး။ အမှန်ဆို ဒီပွဲက သူတို့ သေချာပေါက် အနိုင်ရခဲ့သင့်တဲ့ ပွဲစဉ် တစ်ပွဲပါ။ အာဆင်နယ် အတွက် ခက်ခဲနေဦးမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ အခုလုပ်ပြနေတာကို ပိုကောင်းအောင် လုပ်ဖို့ လိုအပ်နေသေးလို့ပါပဲ ”
” မန်ချက်စတာ ယူနိုက်တက် အသင်းကျတော့ သူတို့က ဒီထက် ပိုလုပ်နိုင်ပါတယ်။ ဒီထက် ပိုပြီး လုပ်ပြနိုင်ခဲ့ သင့်ပါတယ်။ ဒီအတွက် ကစားသမား အင်အားလည်း ရှိနေတယ်လေ။ အာဆင်နယ် အသင်းမှာကျတော့ အဲ့တာမျိုး ရှိမနေပါဘူး။ သူတို့က ရှိတာနဲ့ ကောင်းအောင် ကစားပြနေရတာပါ ”
” ယူနိုက်တက်က ဝက်ဖို့ဒ်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတာကို အားလုံး သိကြပါတယ် ။ ဒါပေမဲ့ အာဆင်နယ်မှာတော့ အဲ့ဒီလို အပိုင်တွက်လို့ရနိုင်တာမျိုး မရှိသေးပါဘူး။ ယူနိုက်တက် နဲ့ သူ့ရဲ့ ပရိသတ်တွေ ကတော့ ရလဒ် ကို စိတ်ပျက် နေကြမှာပါ ။ ဒါက စောင့်ကြည့်ရတာ စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်လေ ” လို့ အီယန်ရိုက် က ပြောဆိုခဲ့ပါတယ်။