မန်ယူ အမာခံပရိသတ်ကြီး ဖြစ်နေတဲ့ မြောက်ကိုရီးယားက ခေါင်းဆောင် ကင်ဂျုံအမ်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဝိန်းရွန်းနီ ရဲ့ အမာခံ ပရိသတ်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကိုတော့ အီတလီလွှတ်တော် အမတ်ဟောင်း တဦးဖြစ်သူ အန်တိုနီယိုရာဇီက ဖွင့်ဟခဲ့တာလည်းဖြစ်ပြီး ကင်ဂျုံအမ်နဲ့ သူနဲ့ ပုဂ္ဂိုလ်ရေး စကားပြောဆိုခဲ့စဉ်က ယူနိုက်တက်ကို အားပေးသူဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။

အသက် ၃၉ နှစ်ရှိပြီလို့ ယူဆရတဲ့ ကင်ဂျုံအမ်ဟာ အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ်ကို နှစ်ကာလရှည် အားပေးခဲ့သူ ဖြစ်ပြီး အင်္ဂလန်နဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီကို အရူးအမူး အားပေးသူ ဖြစ်တယ်လို့လည်း Sportsbible က ဖော်ပြခဲ့ပါတယ်။
သတင်းရင်းမြစ်တွေအရ ၂၀၁၄ ခုနှစ်မှာ မြောက်ကိုရီးယား အာဏာရှင်က နိုင်ငံပိုင်ရုပ်သံတွေကနေ မန်ချက်စတာ ယူနိုက်တက် အသင်း ပွဲစဉ်တွေကို ထုတ်လွှင့်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အန်တိုနီယိုရာဇီက ဗြိတိန်သတင်းစာ The Sun ကို ဖွင့်ဟခဲ့တာပါ။
ကင်ဂျုံအမ်က သူ့ ကိုယ်သူ မန်ယူနိုက်တက် ကစားသမားတွေနဲ့ နှိုင်းယှဉ်တာမျိုးတော့ မပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကို မေးမြန်းခဲ့ရာမှာ ရာဇီက “မခိုင်းနှိုင်းဘူး၊ ကင် က ကင်ပဲ၊ သူကသာလျင် တဦးတည်းသောသူပဲ” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ကင်ဂျုံအ်က မြောက်ကိုရီးယားဘောလုံးသမား Han Kwang-song က ထင်ပေါ်ကျော်ကြားလာခဲ့ချိန်မှာ သူ့ တိုင်းပြည်က အရည်အသွေးရှိကစားသမားတွေကို ပရီးမီးယားလိဂ်မှာ သွားရောက် ကစားစေလိုတဲ့ ဆန္ဒ ရှိခဲ့တယ် လို့လည်း ရာဇီက ထပ်မံ ဖော်ထုတ်ခဲ့ပါတယ်။
ZG
ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္ ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႕ ဝိန္းရြန္းနီ ရဲ႕ အမာခံ ပရိသတ္တဦး ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒီအေၾကာင္းကိုေတာ့ အီတလီလႊတ္ေတာ္ အမတ္ေဟာင္း တဦးျဖစ္သူ အန္တိုနီယိုရာဇီက ဖြင့္ဟခဲ့တာလည္းျဖစ္ၿပီး ကင္ဂ်ဳံအမ္နဲ႔ သူနဲ႔ ပုဂၢိဳလ္ေရး စကားေျပာဆိုခဲ့စဥ္က ယူႏိုက္တက္ကို အားေပးသူျဖစ္တယ္လို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္က ေျပာဆိုခဲ့ေၾကာင္း ဆိုပါတယ္။
အသက္ ၃၉ ႏွစ္ရွိၿပီလို႔ ယူဆရတဲ့ ကင္ဂ်ဳံအမ္ဟာ အိုးထရက္ဖို႔ဒ္ အေျခစိုက္ ကလပ္ကို ႏွစ္ကာလရွည္ အားေပးခဲ့သူ ျဖစ္ၿပီး အဂၤလန္နဲ႔ ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးေဟာင္းဝိန္း႐ြန္နီကို အ႐ူးအမူးအားေပးသူျဖစ္တယ္လို႔လည္း Sportsbible က ေဖာ္ျပခဲ့ပါတယ္။
သတင္းရင္းျမစ္ေတြအရ ၂၀၁၄ ခုႏွစ္မွာ ေျမာက္ကိုရီးယား အာဏာရွင္က ႏိုင္ငံပိုင္႐ုပ္သံေတြကေန မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ပြဲစဥ္ေတြကို ထုတ္လႊင့္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ အန္တိုနီယိုရာဇီက ၿဗိတိန္သတင္းစာ The Sun ကို ဖြင့္ဟခဲ့တာပါ။
ကင္ဂ်ဳံအမ္က သူ႔ ကိုယ္သူ မန္ယူႏိုက္တက္ ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးေတာ့ မျပဳလုပ္ခဲ့ဘူးလို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို ေမးျမန္းခဲ့ရာမွာ ရာဇီက “မခိုင္းႏႈိင္းဘူး၊ ကင္ က ကင္ပဲ၊ သူကသာလ်င္ တဦးတည္းေသာသူပဲ” လို႔ ျပန္လည္ေျဖဆိုခဲ့ပါတယ္။
ဒါ့အျပင္ ကင္ဂ်ဳံအ္က ေျမာက္ကိုရီးယားေဘာလုံးသမား Han Kwang-song က ထင္ေပၚေက်ာ္ၾကားလာခဲ့ခ်ိန္မွာ သူ႔ တိုင္းျပည္က အရည္အေသြးရွိကစားသမားေတြကို ပရီးမီးယားလိဂ္မွာ သြားေရာက္ ကစားေစလိုတဲ့ ဆႏၵ ရွိခဲ့တယ္ လို႔လည္း ရာဇီက ထပ္မံ ေဖာ္ထုတ္ခဲ့ပါတယ္။