ယနေ့ မန်ယူသတင်းများ

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နောက်ထပ် ၂ နှစ်လောက်ကြာပါက ချန်ပီယံ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ မန်ယူအနေနဲ့ နည်းပြသစ်နဲ့ အတူ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပြီး အချိန်ယူရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က သူတို့အသင်းဟာ ခြေစွမ်းမကောင်းတဲ့ ပွဲတွေမှာ ဆိုရင် ရလဒ် ပိုကောင်း တတ်ကြောင်း၊ ပွဲကိုထိန်းချုပ်နိုင်ပြီး ခြေစွမ်းပြမဲ့အစား အခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ဖန်တီးပြီး နိုင်ပွဲ ရယူနိုင်တာမျိုးကို ပို လိုလားကြောင်း ဆိုခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာ မန်ယူဟာ အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးသတ် မသေချာလို့ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မန်ယူမှာတုန်းက ရွိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဂယ်ရီနဗီးလ်နဲ့ စီရော်နယ်ဒို တို့ဟာ လေ့ကျင့်ရေးကွင်းမှာ နည်းပြကြီး ဖာဂူဆန်ဆီကနေ ထူးခြားတဲ့ ဆက်ဆံရေးတွေကိုရရှိကြောင်း၊ ခမ်းနားတဲ့ ကစားသမားတွေကို နည်းပြတွေက ပိုပြီးအရေးပေးတာ ပုံမှန်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဘာဘာတော့ဗ်ကလည်း မန်ယူ မှာတုန်းက ဖာဂူဆန်နဲ့ ဆက်ဆံရေးကောင်းရှိခဲ့သူပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆီဗီလာအသင်းထံ အငှားချထားတဲ့ တိုက်စစ်မှုး မာရှယ်လ်ကို လာမဲ့ရာသီမှာ ဆက်လက် ထိန်းသိမ်းသွားဖို့ စီစဉ်ထားနေကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ မာရှယ်လ်ဟာ အငှားကလပ်မှာ စွမ်းဆောင်ရည်ကောင်းကို ပြသထားပြီး ဆီဗီလာ မှာ ဆက်နေဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

မန်ယူအနေနဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ပေါ်လင်ဟာကို ခေါ်ယူဖို့ ကင်းထောက်လျက် ရှိနေပါတယ်။ မန်ယူ က လာမဲ့နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတာပါ။ မန်ယူအနေနဲ့ ဒီရာသီမှာ ပေါ်လင်ဟာကို အနည်းဆုံး ၈ ကြိမ်လောက် စောင့်ကြည့်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

မန်ယူနည်းပြ ရန်နစ်အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုအပေါ် သံသယရှိလာပြီဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာန က ဖော်ပြထားပါတယ်။ ၃၇ နှစ်အရွယ် ကစားသမားဟာ နည်းပြရန်နစ်ရဲ့ ကစားကွက်နဲ့ အံဝင်ခြင်းမရှိဘဲ လက်ရှိ မှာလည်း ဆိုးရွားစွာ ဂိုးပေါက်ပျေက်နေတာပါ။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း လစ်ဘရိုမန်တိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ မန်ယူနည်းပြ ရန်နစ်အနေနဲ့ ဘစ်ဆာကာနဲ့ ဒါလော့တို့ ရှိနေပေမဲ့ ညာနောက်ခံနေရာကို အားဖြည့်လိုနေပြီး အဆိုပါ ၁၉ နှစ်အရွယ် ဆောက်သမ်တန် ကစားသမားက မျက်စိ ကျနေတာပါ။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို မျက်စိကျလာကြောင်း သိရပါတယ်။ မန်ယူဟာ လာမဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတဲ့ ပေါ့ဂ်ဘာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဒီဂျောင်ကို စိတ်ဝင်စားနေတာပါ။ ဒါပေမဲ့ နည်းပြသစ်နဲ့ အဆင်ပြေမှသာ မန်ယူဟာ ဒီဂျောင်ကို ကြိုးပမ်းသွားမှာဖြစ်ပါတယ်။