ဟာလန်း ကို အရခေါ်ဖို့ အေးဂျင့် ရွိုင်အိုလာနဲ့ အပီကြိတ် ဆွေးနွေးနေပြီ ဖြစ်တဲ့ မန်စီးတီး
မန်စီးတီး ဒါရိုက်တာ ဘီဂရီစတိန်းက အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ နဲ့ ဖေဖော်ဝါရီလက တွေ့ဆုံခဲ့ပြီး နွေရာသီမှာ ဟာလန်း ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဟာလန်း ဟာ ဒီရာသီမှာ ဒေါ့မွန် အသင်းအတွက် ပွဲပေါင်း(၂၀)သာ ပါဝင်ကစားခဲ့ပေမယ့် (၂၃)ဂိုးသွင်းယူကာ (၆)ဂိုးဖန်တီးထားခဲ့တာပါ။အခုရာသီအကုန်မှာ ဟာလန်းနဲ့ ဒေါ့မွန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်(၆၇)သန်း အသက်ဝင်လာတော့မှာဖြစ်ပါတယ်။
ကစားသမား ကိုယ်တိုင်ကလည်း နွေရာသီမှာ ဒေါ့မွန် ကနေ ထွက်ခွာဖို့ ရှိနေတာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အသင်းကြီး အများအပြားက ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာပါ။ ရီးရယ်လ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီး အသင်းက သူ့ကို ခေါ်ယူဖို့ ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမန်နို က မန်စီးတီး ဒါရိုက်တာ ဘီဂရီစတိန်းက ဟာလန်းရဲ့အေးဂျင့် ရွိုင်အိုလာ နဲ့ ပြီးခဲ့တဲ့လက တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ စပါး တိုက်စစ်မှူး ဟာရီကိန်း ကို စိတ်ဝင်စားမှု လျော့ကျ သွားခဲ့တာဖြစ်ပြီး ဟာလန်း ကို ခေါ်ယူဖို့သာ ပိုပြီး အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။
ဟာလန်း ရဲ့ဖခင်ဖြစ်သူကလည်း မန်စီးတီး မှာ ကစားခဲ့တာကြောင့် သူ့ရဲ့သားကို မန်စီးတီး မှာပဲ ကစားဖို့ ဆန္ဒ ရှိနေခဲ့တယ် လို့ အရင်က သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဟာလန်း ဟာ ဒေါ့မွန် အသင်းကို ရောက်လာပြီးတည်းက ပွဲပေါင်း (၇၉)ပွဲပါဝင်ကစားပြီး (၈၀)ဂိုးသွင်းယူကာ (၂၁)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ZG
မန္စီးတီး ဒါ႐ိုက္တာ ဘီဂရီစတိန္းက ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာ နဲ႔ ေဖေဖာ္ဝါရီလက ေတြ႕ဆုံခဲ့ၿပီး ေႏြရာသီမွာ ဟာလန္း ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ဟာလန္း ဟာ ဒီရာသီမွာ ေဒါ့မြန္ အသင္းအတြက္ ပြဲေပါင္း(၂၀)သာ ပါဝင္ကစားခဲ့ေပမယ့္ (၂၃)ဂိုးသြင္းယူကာ (၆)ဂိုးဖန္တီးထားခဲ့တာပါ။ အခုရာသီအကုန္မွာ ဟာလန္းနဲ႔ ေဒါ့မြန္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္(၆၇)သန္း အသက္ဝင္လာေတာ့မွာျဖစ္ပါတယ္။
ကစားသမား ကိုယ္တိုင္ကလည္း ေႏြရာသီမွာ ေဒါ့မြန္ ကေန ထြက္ခြာဖို႔ ရွိေနတာျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ အသင္းႀကီး အမ်ားအျပားက ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနခဲ့တာပါ။ ရီးရယ္လ္၊ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ မန္ယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။
ဒါေပမယ့္ မန္စီးတီး အသင္းက သူ႔ကို ေခၚယူဖို႔ ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။ ဖာဘရီဇီယို ႐ိုမန္ႏို က မန္စီးတီး ဒါ႐ိုက္တာ ဘီဂရီစတိန္းက ဟာလန္းရဲ႕ေအးဂ်င့္ ႐ြိဳင္အိုလာ နဲ႔ ၿပီးခဲ့တဲ့လက ေတြ႕ဆုံခဲ့ၿပီး အေျပာင္းအေ႐ႊ႕အတြက္ ေဆြးေႏြးခဲ့တယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
မန္စီးတီး အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ေခၚယူဖို႔ ႀကိဳးစားခဲ့တဲ့ စပါး တိုက္စစ္မႉး ဟာရီကိန္း ကို စိတ္ဝင္စားမႈ ေလ်ာ့က် သြားခဲ့တာျဖစ္ၿပီး ဟာလန္း ကို ေခၚယူဖို႔သာ ပိုၿပီး အာ႐ုံစိုက္လာခဲ့တာျဖစ္ပါတယ္။
ဟာလန္း ရဲ႕ဖခင္ျဖစ္သူကလည္း မန္စီးတီး မွာ ကစားခဲ့တာေၾကာင့္ သူ႔ရဲ႕သားကို မန္စီးတီး မွာပဲ ကစားဖို႔ ဆႏၵ ရွိေနခဲ့တယ္ လို႔ အရင္က သတင္းေတြက ေဖာ္ျပထားတာျဖစ္ပါတယ္။
လက္ရွိ အခ်ိန္မွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဟာလန္း ဟာ ေဒါ့မြန္ အသင္းကို ေရာက္လာၿပီးတည္းက ပြဲေပါင္း (၇၉)ပြဲပါဝင္ကစားၿပီး (၈၀)ဂိုးသြင္းယူကာ (၂၁)ဂိုးဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။