ဟာလန်းကို အိပ်မက် မက်မနေနဲ့ ဆိုတဲ့ ရန်နစ်၊ ဒိုလေးကို ယုံကြည်မှု ပြဖို့ ရှိခြင်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူတိုက်စစ်ကစားသမား ဆန်ချိုက သူ့အနေနဲ့ မန်ယူမှာ ဖြတ်သန်းရတဲ့ ကစားသမားဘဝကို ကျေနပ်မိကြောင်း၊ သူ့အနေနဲ့ ခမ်းနားတဲ့ ကစားသမားကောင်းများစွာနဲ့ တွဲကစားနေရပြီး စီရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ဗာရာနီတို့လို ခမ်းနားတဲ့ ကစားသမားတွေဆီကနေ အကောင်းဆုံး သင်ယူနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားလျက်ရှိနေတဲ့ အေဂျက်ဇ်နည်းပြ တန်ဟတ်အနေနဲ့ လက်ရှိအချိန်မှာ အင်္ဂလိပ် စကား ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် သင်ယူနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြရန်နစ်က အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုကိုအပေါ် ယုံကြည်မှုကို ပြသတဲ့အနေနဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အဆံးုသတ်ပိုင်း ညံ့ဖျင်းလွန်းခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းဟာ မန်ချက်စတာယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကြယ်ပွင့် ပါလင်ညာအတွက် ဈေးလျှော့ ပေးလိုက်ပြီ ဖြစ်ပါတယ်။ စပို့တင်းအနေနဲ့ ပြီးခဲ့တဲ့ နွေကပါလင်ညာအတွက် ပေါင် ၃၃ သန်းသတ်မှတ်ထားခဲ့ရာမှာ အခုအခါ ပေါင် ၂၅ သန်းအထိ ဈေးလျှော့ပေးလိုက်ပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ဝါရင့်ကွင်းလယ်လူ မာတစ်အနေနဲ့ လာမဲ့ရာသီ အသင်းရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေဦးမယ်ဆိုရင် သူ့အနေနဲ့ အံ့အားသင့်မိမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ မာတစ်ကိုကစားသမားတစ်ဦးအဖြစ်နဲ့ လေးစားကြောင်း၊ မာတစ်အနေနဲ့ သူ့အသက်အရွယ်နဲ့သက်သောင့်သက်သာဖြစ်မဲ့နေရာကို ပြောင်းကစားသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဟာလန်းကို ခေါ်မလားဆိုပြီး မန်ယူပရိသတ်တစ်ဦးရဲ့ မေးမြန်းမှုကို ဘာတွေ အိပ်မက်မက်နေတာလဲလို့ ပြောဆိုခဲ့တဲ့ နည်းပြရန်နစ်ရဲ့တုံ့ပြန်မှုကို ဘာဘာတော့ဗ်က အားမလို အားမရဖြစ်နေပါတယ်။ ဟာလန်းကို နွေမှာ မန်စီးတီးက ခေါ်ယူနိုင်ဖို့ ရေပန်းစားလာနေပါတယ်။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က သူ့အနေနဲ့ မန်ယူအသင်းမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်နဲ့ ဗီလာ ကွင်းလယ်လူ မက်ဂင် တို့ကို တွေ့မြင်လိုကြောင်း၊ မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေကို အားဖြည့်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Murtough က သူတို့အနေနဲ့ အမြဲတမ်းနည်းပြကို ခန့်အပ်နိုင်ဖို့ ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ ပြည်တွင်းဖလားနဲ့ ဥရောပချန်ပီယံဆုဖလားတွေကို ပြန်လည်စိန်ခေါ်ပေးနိုင်မဲ့ နည်းပြတစ်ဦးကိုနွေရာသီမှာ ရှာဖွေသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။