ဗိုက်နေနေတဲ့ ချယ်ဆီးအသင်းကို ဈေးခေါက်ချိုးဆစ်ပြီး စ ကမ်းလှမ်းလိုက်တဲ့ ဆွစ် သန်းကြွယ်သူဌေး
ဆွစ်ဇာလန်ရဲ့ နာမည်ကျော် သန်းကြွယ်သူဌေး တဦး ဖြစ်သူ ဟန်ဂျော့စ် ဝိုက်စ်ဟာ ရုရှားသူဌေး အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး ကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
ရုရှားလူမျိုး နာမည်ကြီး သန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ခုနှစ်မှ စတင်ပြီး ချဲလ်ဆီး ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ သာမန်အသင်း တသင်း အဖြစ် ကနေ ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာတဲ့ အထိ တမဟုတ်ချင်း တိုးတက် ပြောင်းလဲခဲ့ပါတယ်။

ဒါကြောင့်ပဲ အေဘရာမိုဗစ်ချ်ကို ချဲလ်ဆီး ရဲ့ ပဲ့ကိုင်ရှင်လို့ သတ်မှတ်ထားကြပေမယ့် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားသူဌေးတွေ အပေါ် ပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေ ပိုမို ပြင်းထန်လာဖို့ ရှိနေတာကြောင့် မိုဗစ်ချ်က ချယ်လ်ဆီးကို ယူရို ၃-၄ ဘီလီယံ ရရင် ရောင်းချဖို့ လုပ်ဆောင်လာတာပါ။
ဒါ့အပြင် မိုဗစ်ချ်က ချဲလ်ဆီး ကို ဝယ်ယူစဉ်က သူ ကုန်ကျခဲ့တဲ့ ငွေကြေးတွေနဲ့ အသင်းအတွက် စိုက်ထုတ်ပေးခဲ့တဲ့ ငွေကြေးတွေကို ဖယ်ပြီး ကျန်တဲ့ အမြတ်ငွေတွေ အားလုံးကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် နစ်နာခဲ့ရတဲ့ စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အေဘရာမိုဗစ်ချ်ရဲ့ ချဲလ်ဆီး ကို ဝယ်ယူဖို့ ကမ္ဘာတလွှားမှာ ရှိနေတဲ့ နာမည်ကြီး သန်းကြွယ်သူဌေးတွေ အများအပြားက စိတ်ဝင်စားနေကြပြီး ဆွစ်ဇာလန် သန်းကြွယ်သူဌေး ဟန်ဂျော့စ်က ယူရို ၂ဘီလီယံနဲ့ ဝယ်ယူဖို့ စတင် ကမ်းလှမ်းခဲ့ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဆိုပါတယ်။
ချဲလ်ဆီး တန်ကြေးကို ၄ ဘီလီယံလောက် သတ်မှတ်ထားတာ ဖြစ်ပေမယ့် အလျင်လို ရောင်းဖို့ လုပ်နေရတာကြောင့် ဟန်ဂျော့စ်က တခါတည်း ခေါက်ချိုး စေးျဆစ်လာခဲ့တာပါ။
အေဘရာမိုဗစ်ချ်က ချဲလ်ဆီး အတွက် အနည်းဆုံး ယူရို ၃ဘီလီယံ အထိ ဈေးခေါ်ထားတာကြောင့် ဟန်ဂျော့စ်အနေနဲ့ ယူရို ၂ဘီလီယံနဲ့ ဝယ်ယူနိုင်ဖွယ် မရှိသေးပါဘူး။ အေဘရာမိုဗစ်ချ်နဲ့ ဟန်ဂျော့စ်တို့ ကြားမှာ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါက နှစ်ဦးနှစ်ဖက်ကြားမှာ ယူရို ၂.၅ ဘီလီယံ ဝန်းကျင်နဲ့ ဈေးတည့်နိုင်ကြောင်း ဥရောပရဲ့ ဘဏ္ဍာရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ZG
ဆွစ်ဇာလန်ရဲ့ နာမည်ကျော် သန်းကြွယ်သူဌေး တဦး ဖြစ်သူ ဟန်ဂျော့စ် ဝိုက်စ်ဟာ ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး ကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
ရုရှားလူမျိုး နာမည်ကြီး သန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျဟာ ၂၀၀၃ခုနှစ်မှ စတင်ပြီး ချဲလ်ဆီး ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ သာမန်အသင်း တသင်း အဖြစ် ကနေ ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာတဲ့ အထိ တမဟုတ်ချင်း တိုးတက် ပြောင်းလဲခဲ့ပါတယ်။
ဒါကြောင့်ပဲ အေဘရာမိုဗစ်ခ်ျကို ချဲလ်ဆီး ရဲ့ ပဲ့ကိုင်ရှင်လို့ သတ်မှတ်ထားကြပေမယ့် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားသူဌေးတွေ အပေါ် ပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေ ပိုမို ပြင်းထန်လာဖို့ ရှိနေတာကြောင့် မိုဗစ်ခ်ျက ချယ်လ်ဆီးကို ယူရို ၃-၄ ဘီလီယံ ရရင် ရောင်းချဖို့ လုပ်ဆောင်လာတာပါ။
ဒါ့အပြင် မိုဗစ်ခ်ျက ချဲလ်ဆီး ကို ဝယ်ယူစဉ်က သူ ကုန်ကျခဲ့တဲ့ ငွေကြေးတွေနဲ့ အသင်းအတွက် စိုက်ထုတ်ပေးခဲ့တဲ့ ငွေကြေးတွေကို ဖယ်ပြီး ကျန်တဲ့ အမြတ်ငွေတွေ အားလုံးကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် နစ်နာခဲ့ရတဲ့ စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အေဘရာမိုဗစ်ခ်ျရဲ့ ချဲလ်ဆီး ကို ဝယ်ယူဖို့ ကမ္ဘာတလွှားမှာ ရှိနေတဲ့ နာမည်ကြီး သန်းကြွယ်သူဌေးတွေ အများအပြားက စိတ်ဝင်စားနေကြပြီး ဆွစ်ဇာလန် သန်းကြွယ်သူဌေး ဟန်ဂျော့စ်က ယူရို ၂ဘီလီယံနဲ့ ဝယ်ယူဖို့ စတင် ကမ်းလှမ်းခဲ့ကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဆိုပါတယ်။
ချဲလ်ဆီး တန်ကြေးကို ၄ ဘီလီယံလောက် သတ်မှတ်ထားတာ ဖြစ်ပေမယ့် အလျင်လို ရောင်းဖို့ လုပ်နေရတာကြောင့် ဟန်ဂျော့စ်က တခါတည်း ခေါက်ချိုး စေျးဆစ်လာခဲ့တာပါ။
အေဘရာမိုဗစ်ခ်ျက ချဲလ်ဆီး အတွက် အနည်းဆုံး ယူရို ၃ဘီလီယံ အထိ ဈေးခေါ်ထားတာကြောင့် ဟန်ဂျော့စ်အနေနဲ့ ယူရို ၂ဘီလီယံနဲ့ ဝယ်ယူနိုင်ဖွယ် မရှိသေးပါဘူး။ အေဘရာမိုဗစ်ခ်ျနဲ့ ဟန်ဂျော့စ်တို့ ကြားမှာ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါက နှစ်ဦးနှစ်ဖက်ကြားမှာ ယူရို ၂.၅ ဘီလီယံ ဝန်းကျင်နဲ့ ဈေးတည့်နိုင်ကြောင်း ဥရောပရဲ့ ဘဏ္ဍာရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။