ကပ်ဘေး စစ်ဘေးတွေ ဆုံနေချိန်မှာ စူပါလိဂ် ပြန်စလာပြန်လို့ ပြစ်တင်ဝေဖန်လိုက်တဲ့ UEFA ဥက္ကဌ
UEFA ဥက္ကဌ ဆီဖာရင်က စူပါလိဂ်ကိစ္စ တစခန်းပြန်ထလာတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ပြစ်တင်ဝေဖန် လိုက်တယ်လို့ သိရပါတယ်။ ဒီတခါကိစ္စကိုတော့ ဂျူဗင်တပ်စ် အမှုဆောင်အရာရှိချုပ် အဂ္ဂါနယ်လီက ဦးဆောင်လာပြီး ဒီနေ့မှာ တရားဝင် သတင်းထုတ်ပြန်မယ်လို့ သိရပါတယ်။
မနှစ်တည်းက စူပါလိဂ်အစီအစဉ်ကို ထိပ်တန်းအသင်းကြီးတွေက အကောင်အထည် ဖော်နေခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေ အပါအဝင် ကန့်ကွက်မှုတွေ အများအပြားရှိခဲ့တာကြောင့် ပျက်သုဉ်းခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ဟာ စူပါလိဂ် အစီအစဉ်ကို ပြန်လည် စတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲကြောင့် ဗျာများနေချိန်မှာ ဥရောပထိပ်တန်းအသင်းကြီးတွေ အခုလို လုပ်လာတဲ့ အပေါ် ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင် အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ဆီဖာရင်က “ဒီစူပါလိဂ်အကြောင်းပြောတယ်ဆိုတာက ဘောလုံးအကြောင်း ပြောတာ မဟုတ်ပါဘူး။ ဘောလုံးနဲ့ မသက်ဆိုင်တဲ့ စီမံကိန်းအကြောင်းကို ပြောရတာ ကျနော် စိတ်ပျက်နေပါပြီ”
“ပထမဆုံးအနေနဲ့ သူတို့က ကပ်ရောဂါကာလရဲ့ အလယ်တည့်တည့်မှာ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးကို ချပြခဲ့ပြီးပါပြီ။ အခုလည်း စစ်ပွဲအလယ်မှာ သူတို့က ဒီလိုမျိုး စိတ်ကူးကိုပဲ အကောင်အထည်ဖော်နေတယ်ဆိုတာ ကျနော်တို့ သတင်းတွေဖတ်ရပါတယ်။ ဒီလူတွေနဲ့ ပတ်သက်လို့ ကျနော် ဘာထပ်ပြောရဦးမှာလဲ”
“သူတို့က တကယ်ကို အခြားကမ္ဘာမှာ ရောက်နေကြတာပါ။ ဆိုးရွားတဲ့ အခြေအနေတွေအတွက် ကျနော်တို့က ကူညီနေချိန်မှာ သူတို့က ဒီလိုစီမံကိန်းမျိုးကို အကောင်အထည်ဖော်နေပါတယ်။ ‘ဒါက သိပ်ကောင်းတဲ့ စီမံကိန်းပဲ။ စည်းလုံးညီညွှတ်မှုကို ပြသပြီး အသင်းငယ်တွေအတွက်လည်း အကျိုးရှိနိုင်တယ်’ လို့ ရေးပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို သူတို့ ပိုက်ဆံပေးနိုင်ပါတယ်”
“ဒါက အဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲဆိုတာကို လူတိုင်းသိပါတယ်။ သူတို့ထဲမှာ အခုပါနေတဲ့ တသင်းက ပထမတခါ ပျက်သွား တုန်းက ကျနော့်ဆီကို ဖုန်းဆက်ပြီး တောင်းပန်ခဲ့ပါတယ်။ အခု အဲ့ဒီအသင်းလည်း ပြန်ပါနေပါပြီ။ သူတို့က ပရိသတ်တွေကို ကပ်စတာမာလို သဘောထားပါတယ်။ ကျနော်တို့အတွက် ပရိသတ်ဆိုတာ ပရိသတ်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ZG
UEFA ဥကၠဌ ဆီဖာရင္က စူပါလိဂ္ကိစၥ တစခန္းျပန္ထလာတဲ့ ဥေရာပထိပ္တန္းအသင္းႀကီးေတြကို ျပစ္တင္ေဝဖန္ လိုက္တယ္လို႔ သိရပါတယ္။ ဒီတခါကိစၥကိုေတာ့ ဂ်ဴဗင္တပ္စ္ အမႈေဆာင္အရာရွိခ်ဳပ္ အဂၢါနယ္လီက ဦးေဆာင္လာၿပီး ဒီေန႔မွာ တရားဝင္ သတင္းထုတ္ျပန္မယ္လို႔ သိရပါတယ္။
မႏွစ္တည္းက စူပါလိဂ္အစီအစဥ္ကို ထိပ္တန္းအသင္းႀကီးေတြက အေကာင္အထည္ ေဖာ္ေနခဲ့တာျဖစ္ေပမယ့္ ပရိသတ္ေတြ အပါအဝင္ ကန္႔ကြက္မႈေတြ အမ်ားအျပားရွိခဲ့တာေၾကာင့္ ပ်က္သုဥ္းခဲ့ရပါတယ္။ ဒါေပမယ့္ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္စ္တို႔ဟာ စူပါလိဂ္ အစီအစဥ္ကို ျပန္လည္ စတင္ဖို႔ ျပင္ဆင္ခဲ့ပါတယ္။
ယူကရိန္းအေပၚ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ပြဲေၾကာင့္ ဗ်ာမ်ားေနခ်ိန္မွာ ဥေရာပထိပ္တန္းအသင္းႀကီးေတြ အခုလို လုပ္လာတဲ့ အေပၚ ယူအီးအက္ဖ္ေအဥကၠဌ ဆီဖာရင္ အျပင္းအထန္ ေဝဖန္ခဲ့ပါတယ္။
ဆီဖာရင္က “ဒီစူပါလိဂ္အေၾကာင္းေျပာတယ္ဆိုတာက ေဘာလုံးအေၾကာင္း ေျပာတာ မဟုတ္ပါဘူး။ ေဘာလုံးနဲ႔ မသက္ဆိုင္တဲ့ စီမံကိန္းအေၾကာင္းကို ေျပာရတာ က်ေနာ္ စိတ္ပ်က္ေနပါၿပီ”
“ပထမဆုံးအေနနဲ႔ သူတို႔က ကပ္ေရာဂါကာလရဲ႕ အလယ္တည့္တည့္မွာ ဒီလိုမ်ိဳး အဓိပၸာယ္မရွိတဲ့ စိတ္ကူးကို ခ်ျပခဲ့ၿပီးပါၿပီ။ အခုလည္း စစ္ပြဲအလယ္မွာ သူတို႔က ဒီလိုမ်ိဳး စိတ္ကူးကိုပဲ အေကာင္အထည္ေဖာ္ေနတယ္ဆိုတာ က်ေနာ္တို႔ သတင္းေတြဖတ္ရပါတယ္။ ဒီလူေတြနဲ႔ ပတ္သက္လို႔ က်ေနာ္ ဘာထပ္ေျပာရဦးမွာလဲ”
“သူတို႔က တကယ္ကို အျခားကမာၻမွာ ေရာက္ေနၾကတာပါ။ ဆိုး႐ြားတဲ့ အေျခအေနေတြအတြက္ က်ေနာ္တို႔က ကူညီေနခ်ိန္မွာ သူတို႔က ဒီလိုစီမံကိန္းမ်ိဳးကို အေကာင္အထည္ေဖာ္ေနပါတယ္။ ‘ဒါက သိပ္ေကာင္းတဲ့ စီမံကိန္းပဲ။ စည္းလုံးညီၫႊတ္မႈကို ျပသၿပီး အသင္းငယ္ေတြအတြက္လည္း အက်ိဳးရွိႏိုင္တယ္’ လို႔ ေရးေပးႏိုင္တဲ့ ဘယ္သူ႔ကိုမဆို သူတို႔ ပိုက္ဆံေပးႏိုင္ပါတယ္”
“ဒါက အဓိပၸာယ္မရွိတဲ့ၿပိဳင္ပြဲဆိုတာကို လူတိုင္းသိပါတယ္။ သူတို႔ထဲမွာ အခုပါေနတဲ့ တသင္းက ပထမတခါ ပ်က္သြား တုန္းက က်ေနာ့္ဆီကို ဖုန္းဆက္ၿပီး ေတာင္းပန္ခဲ့ပါတယ္။ အခု အဲ့ဒီအသင္းလည္း ျပန္ပါေနပါၿပီ။ သူတို႔က ပရိသတ္ေတြကို ကပ္စတာမာလို သေဘာထားပါတယ္။ က်ေနာ္တို႔အတြက္ ပရိသတ္ဆိုတာ ပရိသတ္ပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။