ရှော့ခ်ရခဲ့တဲ့ ကန်တီ၊ ဒီည ပြန်ပါနိုင်မယ့် ဇီယက်နဲ့ ဂျိမ်းစ်၊ စိတ်မပူဖို့ အားပေးတဲ့ တူချယ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးအနေနဲ့ ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာနိုင်တဲ့ ခရစ္စတန်ဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာ နောက်ခံလူ အာရူဂျိုကို ပစ်မှတ်ထားနေကြာင်း သိရပါတယ်။ ချဲလ်ဆီး က အာရူဂျိုကို ဘာစီလိုနာမှာထက် ရနေတဲ့ လစာပိုပေးပြီး ကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်က ဘန်လေနဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်ကစားသမား ဇီယက်ချ်အနေနဲ့ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း ဆိုခဲ့ပါတယ်။ ဇီးယက်ချ်ဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး ၎င်း အပြင်အပြင် ရီစီဂျိမ်းစ်ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဘန်လေနဲ့ပွဲမှာ ပါဝင်ဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဒေါ့မွန်ထံ ပြောင်းရွှေ့သွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဝါနာရဲ့ကိုယ်စားလှယ်တွေက ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

စပါးနည်းပြ ကွန်တီက အသင်းပိုင်ရှင် အာဘရာမိုဗစ်အနေနဲ့ ချဲလ်ဆီးကို အရောင်းတင်လိုက်တာက ထူးဆန်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ဒါဟာ ချဲလ်ဆီးပရိသတ်တွေအတွက် သတင်းကောင်းမဟုတ်တာ သေချာကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး ကွင်းလယ်လူ ကန်တီက ပိုင်ရှင်အာဘရာမိုဗစ်က အသင်းကိုအရောင်းတင်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် သူတို့ ကစားသမားတွေ ရှော့ခ် ရမိကြောင်း၊ ဒီကိစ္စဟာ လျင်မြန်လွန်းခဲ့ပြီး သူတို့အနေနဲ့ ပြင်ဆင်ထားခဲ့ခြင်း မရှိခဲ့ကြောင်း၊ ကွင်းတွင်းမှာ အကောင်းဆုံး အာရုံစိုက်ကစားတာက သူတို့ထိန်းချုပ်နိုင်တဲ့အရာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က ပိုင်ရှင် အာဘရာမိုဗစ်အနေနဲ့ အသင်းကို အရောင်းတင်ပြီး နောက် အသင်းအနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်းသွားမှာဖြစ်ပြီး ကစားသမားတွေကို စိတ်မပူဖို့ အားပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအနေနဲ့ ချဲလ်ဆီးတိုက်စစ်မူှး ဘရိုဂျာကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ဘရိုဂျာဟာ လက်ရှိ ဆောက်သမ်တန်မှာ အငှားနဲ့ ကစားပြီး ခြေစွမ်းပြနေပြီး ဆောက်သမ်တန်ကလည်း သူ့ကို အပြီးသတ် ခေါ်လိုနေတာပါ။ ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့ ဘတ်ဂျက် ရဖို့ ဘရိုဂျာကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
လိုင်ယွန်အသင်းဟာ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ အီမာဆင်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ အီမာဆင်ဟာ လိုင်ယွန်မှာ ခြေစွမ်းပြနေပြီး လိုင်ယွန်က သူ့ကိုယူရို ၁၀ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြံရွယ် နေတာပါ။