ရုရှားအသင်း မပါရဘူး ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ မရှိစေရဘူး ပြောဆိုလာပြီ ဖြစ်တဲ့ ပူတင်
ရုရှားသမ္မတင် ပူတင်က သူ့ရဲ့ ယူကရိန်းကို ကျူးကျော်မှု နောက်ဆက်တွဲ အဖြစ် ရုရှားလက်ရွေးစင်အသင်းကို (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲက ထုတ်ပယ်ခံရတဲ့အပေါ် တန်ပြန်ပြီး ခြိမ်းခြောက်ပြောဆိုလာခဲ့ပါတယ်။
ယူကရိန်း ကိစ္စကြောင့် ကဏ္ဍပေါင်းစုံက ရုရှားတို့ကို ထိုးနှက်ခံနေရပြီး ဒီအထဲမှာ အားကစားလောကလည်း အပါအဝင် ဖြစ်ပါတယ်။ ဖီဖာက ရုရှားလက်ရွေးစင်အသင်းကို (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အဆင့်က ထုတ်ပယ်လိုက်ပါတယ်။
ယူအီးအက်ဖ်အေကလည်း ရုရှားကလပ်တွေကို ကစားလက်စ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ထားတာဖြစ်ပါတယ်။ ဒီအပေါ်မှာ အားကစားနဲ့နိုင်ငံရေး မရောထွေးရဘူးဆိုတဲ့ ရုရှားဘက်က ငြင်းဆန်မှုတွေလည်း ရှိနေပါတယ်။
ရုရှား ဘက်ကလည်း ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့လုပ်ရပ်တွေ အတွက် အားကစားခုံရုံးမှာ ပြန်လည် အယူခံဝင် တရားစွဲ ထားပါတယ်။
ရုရှား ခေါင်းဆောင် ပူတင်က လည်း “ရုရှားကို (၂၀၂၂) ကမ္ဘာ့ဖလား ပေးမကန်ဘူးဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆိုတာ လည်း ရှိလာမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ တချို့ကလည်း ဒီလို ပြောဆိုမှု မရှိပါဘူးလို့ ငြင်းဆန်ထားတဲ့ သတင်းတွေ ရှိနေပါတယ်။
(၂၀၂၂) ကမ္ဘာ့ဖလားကို လာမယ့် ဆောင်းရာသီမှာ ကာတာနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီလနှောင်းပိုင်းမှာ ခြေစစ်ပွဲ အဆင့်တွေကို ကစားရမှာပါ။
ရုရှားက ပလေးအော့ဖ် ကစားရမှာဖြစ်ပြီး ပိုလန်၊ ဆွီဒင်၊ ချက်တို့နဲ့ လမ်းကြောင်းတခုတည်း ကျရောက်နေပါတယ်။ ဒါပေမယ့် ကျန်တဲ့ သုံးသင်းလုံးက ရုရှားနဲ့ မကစားနိုင်ဘူးလို့ ငြင်းဆန်ထားသလို အင်္ဂလန်ကလည်း မသန်စွမ်းပွဲ တွေမှာတောင် ရုရှားနဲ့ မကစားနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်ထားပါတယ်။

ZG
႐ုရွားသမၼတင္ ပူတင္က သူ႔ရဲ႕ ယူကရိန္းကို က်ဴးေက်ာ္မႈ ေနာက္ဆက္တြဲ အျဖစ္ ႐ုရွားလက္ေ႐ြးစင္အသင္းကို (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲက ထုတ္ပယ္ခံရတဲ့အေပၚ တန္ျပန္ျပီး ၿခိမ္းေျခာက္ေျပာဆိုလာခဲ့ပါတယ္။
ယူကရိန္း ကိစၥေၾကာင့္ က႑ေပါင္းစုံက ႐ုရွားတို႔ကို ထိုးႏွက္ခံေနရၿပီး ဒီအထဲမွာ အားကစားေလာကလည္း အပါအဝင္ ျဖစ္ပါတယ္။ ဖီဖာက ႐ုရွားလက္ေ႐ြးစင္အသင္းကို (၂၀၂၂) ကမာၻ႔ဖလားေျခစစ္ပြဲ အဆင့္က ထုတ္ပယ္လိုက္ပါတယ္။
ယူအီးအက္ဖ္ေအကလည္း ႐ုရွားကလပ္ေတြကို ကစားလက္စ ၿပိဳင္ပြဲေတြကေန ထုတ္ပယ္ၿပီး ျပင္းျပင္းထန္ထန္ အေရးယူ ထားတာျဖစ္ပါတယ္။ ဒီအေပၚမွာ အားကစားနဲ႔ႏိုင္ငံေရး မေရာေထြးရဘူးဆိုတဲ့ ႐ုရွားဘက္က ျငင္းဆန္မႈေတြလည္း ရွိေနပါတယ္။
႐ုရွား ဘက္ကလည္း ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ရဲ႕လုပ္ရပ္ေတြ အတြက္ အားကစားခုံ႐ုံးမွာ ျပန္လည္ အယူခံဝင္ တရားစြဲ ထားပါတယ္။
ရုရွား ေခါင္းေဆာင္ ပူတင္က လည္း “႐ုရွားကို (၂၀၂၂) ကမာၻ႔ဖလား ေပးမကန္ဘူးဆိုရင္ ကမာၻ႔ဖလားၿပိဳင္ပြဲ ဆိုတာ လည္း ရွိလာမွာ မဟုတ္ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။ တခ်ိဳ႕ကလည္း ဒီလို ေျပာဆိုမႈ မရွိပါဘူးလို႔ ျငင္းဆန္ထားတဲ့ သတင္းေတြ ရွိေနပါတယ္။
(၂၀၂၂) ကမာၻ႔ဖလားကို လာမယ့္ ေဆာင္းရာသီမွာ ကာတာႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး ဒီလေႏွာင္းပိုင္းမွာ ေျခစစ္ပြဲ အဆင့္ေတြကို ကစားရမွာပါ။
႐ုရွားက ပေလးေအာ့ဖ္ ကစားရမွာျဖစ္ၿပီး ပိုလန္၊ ဆြီဒင္၊ ခ်က္တို႔နဲ႔ လမ္းေၾကာင္းတခုတည္း က်ေရာက္ေနပါတယ္။ ဒါေပမယ့္ က်န္တဲ့ သုံးသင္းလုံးက ႐ုရွားနဲ႔ မကစားႏိုင္ဘူးလို႔ ျငင္းဆန္ထားသလို အဂၤလန္ကလည္း မသန္စြမ္းပြဲ ေတြမွာေတာင္ ႐ုရွားနဲ႔ မကစားႏိုင္ဘူးလို႔ ျပတ္ျပတ္သားသား ျငင္းဆန္ထားပါတယ္။