တူချယ် ပြစ်တင်ခဲ့တဲ့ တိုက်စစ်သမားများ၊ ချီးကျူးခံနေရတဲ့ ဆော၊ လွဲဦးမယ့် ခံစစ်ပစ်မှတ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးပရိသတ်တွေကတော့ ဘန်လေနဲ့ပွဲမှာ ကွင်းလယ်လူ ဆောနီဂွတ်ဇ်ရဲ့ခြေစွမ်းပိုင်းကို ချီးကျူးခဲ့ပြီး အက်သလက်တီကို ဆောနီဂွတ်ဇ်ကို ပြန်လည်တွေ့မြင်ခဲ့ရကြောင်း၊ ဆောနီဂွတ်ဇ်ဟာ လာမဲ့ရာသီ အသင်းရဲ့အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က ဘန်လေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်၊ မစ်ဆန်မောင့်တို့ရဲ့ စွမ်းဆောင်ရည်ပိုင်းက မလုံလောက်ခဲ့ကြောင်း၊ မိမိတို့အသင်းဟာ နေရာလွတ်တွေကို အသုံးချမှုပိုင်း အားနည်းခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ ထိုပွဲမှာ ဒုတိယပိုင်းမှာမှ ဟာဗက်၊ ပူလီဆစ်နဲ့ ဂျိမ်းစ်တို့က ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ကန်တီက သူ့အနေနဲ့ အသင်းမှာ ဆက်နေပြီး စာချုပ်သက်တမ်း တိုးမြှင့်လို နေကြောင်း သိရပါတယ်။ သူ့အနေနဲ့ ချဲလ်ဆီးကိုရောက်ပြီးကတည်းက ခမ်းနားတဲ့ ရာသီပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး အနာဂတ်မှာလည်း အသင်းနဲ့အတူ ဒီလိုမျိုးအောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာနိုင်တဲ့ ခရစ္စတန်ဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာ နောက်ခံလူ အာရူဂျိုကို ပစ်မှတ်ထားနေကြာင်း သိရပါတယ်။ ချဲလ်ဆီးက အာရူဂျိုကို ဘာစီလိုနာမှာထက် ရနေတဲ့ လစာပိုပေးပြီး ကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ် ကစားသမားဟောင်း မာတင်ကီယွန်က ဆောက်သမ်တန်မှာ အငှားချထာားတဲ့ တိုက်စစ်မှူး ဘရိုဂျာအနေနဲ့ လာမဲ့ရာသီ ချဲလ်ဆီးကို ပြန်သွားမှာဖြစ်ကြောင်း၊ ဘရိုဂျာရဲ့ ခြေစွမ်းက အထင်ကြီးစရာဖြစ်ပြီးချဲလ်ဆီးအနေနဲ့ သူ့ကို သေချာပေါက် ပြန်ခေါ်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် မရှိတော့မဲ့ အနာဂတ်ကို စိုးရိမ်ခြင်းမရှိကြောင်း၊ အေဘရာမိုဗစ်ဟာ ချဲလ်ဆီးကို အကောင်းဆုံး တည်ဆောက်ပေးခဲ့ကာ လက်ရှိမှာ အသင်းက ကောင်းမွန်တဲ့ တည်ဆောက်ပုံ၊ စုဖွဲ့မှုနဲ့ ရှိနေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လိုင်ယွန်ဟာ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ အီမာဆင်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။ အီမာဆင်ဟာ လိုင်ယွန်မှာ ခြေစွမ်းပြလျက်ရှိနေပြီး လိုင်ယွန်ကသူ့ကိုယူရို ၁၀ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြံရွယ်နေတာပါ။
ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟို့စ်က သူ့အနာဂတ်ဟာ ပီအက်စ်ဂျီမှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ သူ့ရဲ့ဆန္ဒကို ပီအက်စ်ဂျီဒါရိုက်တာ လီယိုနာဒိုလည်းသိရှိကြောင်း၊ အသင်းကလည်း သူ့အပေါ် သစ္စာစောင့်သိမှုကို ပြသလျက်ရှိကြောင်း၊ လတ်တလောမှာ အရာရာက မှန်ကန်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။