ပရီးမီးယားလိဂ် ပြန်သွားချင်ပေမယ့် မန်ယူ တော့ မလာချင်ဘူး လုပ်နေတဲ့ ပိုချက်တီနို

ရာသီကုန်မှာ နည်းပြ အဖြစ် ခန့်အပ်ဖို့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်အားထက်သန်နေပေမယ့် မန်ယူ အစား အသင်းဟောင်း စပါးဆီ ပြန်သွားဖို့ကို ပိုမိုအလိုရှိနေပါတယ်။

အာဂျင်တိုင်းသားဟာ ဒီနွေရာသီမှာ ရက်ဖ်ရန်းနစ်ရဲ့နေရာကို ဆက်ခံဖို့ အလားအလာရှိသူတစ်ယောက်ဖြစ်ပြီး မန်ယူနိုက်တက်ဟာ သူ့အပြင် အေဂျက်နည်းပြ အဲရစ်တန်ဟက်၊ ရီးရဲလ်နည်းပြ အန်ဆလော့တီတို့နဲ့လဲ ချိတ်ဆက်မှု ရှိနေတာပါ။

ဒါပေမယ့် ပိုချက်တီနိုဟာ ဆောက်သမ်တန်နဲ့ စပါးတို့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံတွေများစွာ ရခဲ့တာကြောင့် မန်ယူအသင်းရဲ့ ဦးစားပေး ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အက်စ်ပန်ညို နည်းပြဟောင်းဟာ စပါးမှာ ဘာဖလားမှ မအောင်မြင်ခဲ့ပေမယ့် ဖလားပြိုင်ပွဲများစွာမှာ ဖလားရဖို့ နီးစပ်ခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်လဲ ရောက်ခဲ့သေးသလို ပရီးမီးယားလိဂ်မှာ စပါးရဲ့ စံချိန်တင်ရမှတ်ကိုလဲ ရရှိစေခဲ့တာပါ။

သူဟာ စပါးမှာ မပြီးဆုံးသေးတဲ့တာဝန်တစ်ခု ရှိနေတယ်လို့ အရင်က ပြောဆိုခဲ့ဖူးတာနဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လာမယ်ဆိုရင် ယူနိုက်တက်ထက် မြောက်လန်ဒန်ကို ပြန်သွားဖို့ ပိုအလိုရှိနေတာဖြစ်ပါတယ်။

စပါးဥက္ကဌ လီဗိုင်ဟာ ၂၀၁၉ မှာ သူ့ကို ထုတ်ပယ်ခဲ့တာဖြစ်ပေမယ့် ပိုချက်တီနိုနဲ့ ဆက်ဆံရေးကောင်း ရှိနေခဲ့ဆဲဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကို ပြန်လည်ခေါ်ယူဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီနဲ့ နောက်တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ကလပ်မှာ သူ့အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး နွေရာသီမှာ စပါးထံ ပြန်လာဖို့ အခွင့်အရေးတံခါး ပွင့်လာနိုင်ပါတယ်။

မန်ယူ နည်းပြအလုပ်က ကမ်းလှမ်းလာရင် ပိုချက်တီနိုအနေနဲ့ လက်ခံဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် ရာသီကုန်ရင် စပါးနည်းပြနေရာ လစ်လပ်လာမှာက သူ့အတွက် ကြီးမားတဲ့ အကြပ်ရိုက်စရာ တစ်ခု ဖြစ်လာစေနိုင်ပါတယ်။

ZG

ရာသီကုန္မွာ နည္းျပ အျဖစ္ ခန္႔အပ္ဖို႔ မန္ခ်က္စတာ ယူႏိုက္တက္ ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီ နည္းျပ ပိုခ်က္တီႏိုဟာ ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ စိတ္အားထက္သန္ေနေပမယ့္ မန္ယူ အစား အသင္းေဟာင္း စပါးဆီ ျပန္သြားဖို႔ကို ပိုမိုအလိုရွိေနပါတယ္။

အာဂ်င္တိုင္းသားဟာ ဒီေႏြရာသီမွာ ရက္ဖ္ရန္းနစ္ရဲ႕ေနရာကို ဆက္ခံဖို႔ အလားအလာရွိသူတစ္ေယာက္ျဖစ္ၿပီး မန္ယူႏိုက္တက္ဟာ သူ႔အျပင္ ေအဂ်က္နည္းျပ အဲရစ္တန္ဟက္၊ ရီးရဲလ္နည္းျပ အန္ဆေလာ့တီတို႔နဲ႔လဲ ခ်ိတ္ဆက္မႈ ရွိေနတာပါ။

ဒါေပမယ့္ ပိုခ်က္တီႏိုဟာ ေဆာက္သမ္တန္နဲ႔ စပါးတို႔မွာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံေတြမ်ားစြာ ရခဲ့တာေၾကာင့္ မန္ယူအသင္းရဲ႕ ဦးစားေပး ေ႐ြးခ်ယ္စရာတစ္ခုျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။

အက္စ္ပန္ညိဳ နည္းျပေဟာင္းဟာ စပါးမွာ ဘာဖလားမွ မေအာင္ျမင္ခဲ့ေပမယ့္ ဖလားၿပိဳင္ပြဲမ်ားစြာမွာ ဖလားရဖို႔ နီးစပ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္လဲ ေရာက္ခဲ့ေသးသလို ပရီးမီးယားလိဂ္မွာ စပါးရဲ႕ စံခ်ိန္တင္ရမွတ္ကိုလဲ ရရွိေစခဲ့တာပါ။

သူဟာ စပါးမွာ မၿပီးဆုံးေသးတဲ့တာဝန္တစ္ခု ရွိေနတယ္လို႔ အရင္က ေျပာဆိုခဲ့ဖူးတာနဲ႔အတူ ပရီးမီးယားလိဂ္ကို ျပန္လာမယ္ဆိုရင္ ယူႏိုက္တက္ထက္ ေျမာက္လန္ဒန္ကို ျပန္သြားဖို႔ ပိုအလိုရွိေနတာျဖစ္ပါတယ္။

စပါးဥကၠဌ လီဗိုင္ဟာ ၂၀၁၉ မွာ သူ႔ကို ထုတ္ပယ္ခဲ့တာျဖစ္ေပမယ့္ ပိုခ်က္တီႏိုနဲ႔ ဆက္ဆံေရးေကာင္း ရွိေနခဲ့ဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ သူ႔ကို ျပန္လည္ေခၚယူဖို႔ေတာင္ ႀကိဳးစားခဲ့ပါေသးတယ္။

ပိုခ်က္တီႏိုဟာ ပီအက္စ္ဂ်ီနဲ႔ ေနာက္တစ္ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ ကလပ္မွာ သူ႔အနာဂတ္က ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ၿပီး ေႏြရာသီမွာ စပါးထံ ျပန္လာဖို႔ အခြင့္အေရးတံခါး ပြင့္လာႏိုင္ပါတယ္။

မန္ယူ နည္းျပအလုပ္က ကမ္းလွမ္းလာရင္ ပိုခ်က္တီႏိုအေနနဲ႔ လက္ခံဖို႔ စဥ္းစားမွာ ျဖစ္ေပမယ့္ ရာသီကုန္ရင္ စပါးနည္းျပေနရာ လစ္လပ္လာမွာက သူ႔အတြက္ ႀကီးမားတဲ့ အၾကပ္႐ိုက္စရာ တစ္ခု ျဖစ္လာေစႏိုင္ပါတယ္။