ပေါင် သန်း ၁ဝဝ တန် ဖြစ်ပေမယ့် ခေါက်ထားခံရတော့မယ့် ချယ်ဆီးတိုက်စစ်မှုး လူကာကူ

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်ဟာ တိုက်စစ်မှူး လူကာကူအား လက်ကျန်ရာသီတွင် အရန်ခုံ ထိုင်ခိုင်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေကမှ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁ဝဝ နီးပါး (ပေါင် ၉၇ သန်းခွဲ) နဲ့ ချဲလ်ဆီးထံ ပြန်လာခဲ့တာပါ။

ဒါပေမယ့် ဂိုးရှေ့မှာ ရုန်းကန်နေရပြီး အသင်းဖော်တွေနဲ့ တွဲဖက်မိစွာ မကစားနိုင်တဲ့ လူကာကူကို နည်းပြ တူချယ်က ရာသီကုန်ထိ ခေါက်ထားဖို့ များနေပါတယ်။ နည်းပြ တူချယ်ဟာ တိုက်စစ်မှာ လူကာကူထက် ကိုင်ဟားဗတ်ဇ်အပေါ်မှာ ယုံကြည်မှုအပြည့် ရှိပြီး ပိုနေရာပေးတော့မယ်လို့ လန်ဒန်အေခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူးတို့နဲ့ ရမှတ်ကွာနေတာကြောင့် ချဲဆီးအတွက် ဖလား အခွင့်အရေးက ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့မှာသာ အခွင့်အရေးသာ အများဆုံးလို့ တူချယ် တစ်ယောက် နားလည်ထားပါတယ်။

ကလပ်စံချိန်တင်ကြေးရှင် လူကာကူဟာ တူချယ်ရဲ့ ကစားကွက်အောက်မှာ အံ့မဝင်သေးဘဲ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဘန်လေကို ၄ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဟားဗက်ဇ်ကို အထောင်တိုက်စစ်မှာ ထားကစားခဲ့တာပါ။ ထိုပွဲမှာ ဟားဗက်ဇ်က ၂ ဂိုးလည်း သွင်းခဲ့ပါတယ်။

ဂျာမန်သားဟာ ချဲလ်ဆီးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပြီး ၁၃ဂိုး သွင်းယူထားကာ ရှေ့ဆက် ပွဲထွက်တွေမှာ ပါဝင်ရဖွယ် ရှိနေပါတယ်။

မူလက တူချယ်ဟာ ဟားဗတ်ဇ်နဲ့ လူကာကူကို တွဲဖက် ကစားခိုင်းဖို့ စီစဉ်ထားသော်လည်း လူကာကူက အသင်းဖော်တွေနဲ့ ကစားဟန်မှာ လိုက်လျောညီထွေမှု မရှိနေတာကြောင့် ပေါင် သန်း ၁၀၀ နီးပါး သုံးခေါ်ထားရသူ ဖြစ်ပေမယ့် ရှေ့လျှောက် ပွဲထွက်ကစားခွင့်တွေ ပိုနည်းလာဖွယ် ရှိပါတယ်။