တစ်ပတ် ပေါင် ၁သိန်းနီးပါး ရတာတောင် အားမရသေးဘဲ ပရိသတ်တွေဆီက ငွေရှာနေတဲ့ သီယေဂို ဆေးလ်ဗား

ချဲလ်ဆီး မှာ တပတ်လုပ်ခ ပေါင် ၁သိန်းနီးပါး လစာ ရရှိနေတဲ့ နောက်ခံလူသီယာဂိုဆေးလ်ဗားဟာ Video Messaging အပ်ပ် တခုဖြစ်တဲ့ Cameo ကနေ ပရိသတ်တွေအတွက် မွေးနေ့ဆုတောင်းလိုမျိုး ပုဂ္ဂိုလ်ရေးသီးသန့် မက်ဆေ့ချ်တွေကို ပေးဖို့ဖို့အတွက် တစောင်ကို ပေါင် ၃၀၀ အထိ ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

Cameo ဟာ ပရိသတ်တွေက သူတို့ကြိုက်နှစ်သက်တဲ့ အနုပညာရှင်၊ ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားသူတွေဆီကနေ ဒီလိုမက်ဆေ့ချ်တွေကို ရယူနိုင်မယ့် ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးပရိသတ်တချို့ကတော့ သီယာဂို ဆေးလ်ဗား အနေနဲ့ အသင်းမှာတပတ်လုပ်ခပေါင် ၉၅၀၀၀ အထိ ရရှိနေတာကိုတောင်မှ မလုံလောက် သေးဘူးလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပရိသတ်တဦးက The Sun ကို ပြောဆိုခဲ့ရာမှာ “တပတ်ပေါင် ၉၅၀၀၀ အထိ ရနေတာက သူ့အတွက် မလုံလောက် ဘူးလား၊ ဘယ်လောက် ရယ်စရာကောင်းလဲ၊ တကယ်လို့ သူက ပိုက်ဆံကို တော်တော်လေး အရူးအမူး ဖြစ်နေတယ် ဆိုရင် သူ အသင်းကမထွက်ခွာခင်မှာ ရိုမန်အေဘရာမိုဗစ်ဆီကနေ ရုရှားငွေ တချို့ တောင်းသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တချို့ပရိသတ်တွေကတော့ ဆေးလ်ဗားဆီကနေ မက်ဆေ့ချ်ရရှိမှုအတွက်ကို ကျေးဇူးတင်နေကြပါတယ်။

ဆေးလ်ဗားဟာ အဆိုပါ ဝက်ဘ်ဆိုက်မှာ ကြယ်ငါးပွင့်အဆင့်အထိ Reivew ပေးခံထားရပြီး ပရိသတ်တဦးကတော့ “ကျေးဇူးအများကြီး တင်ပါတယ်၊ အရမ်းချစ်တယ်၊ ခင်ဗျားက ကျနော်မြင်ခဲ့သမျှ ချဲလ်ဆီး ဂျာစီဝတ်ပြီးကစားသူတွေထဲမှာ အကောင်းဆုံးပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုမျိုး ဝန်ဆောင်မှုပေးသူတွေထဲမှာ ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ မာကွင်ဟို့စ်၊ ဝီလီယံတို့လည်း ရှိနေပြီး သီယာဂို ဆေးလ်ဗားရဲ့ ချဲလ်ဆီးအသင်းဖော် ဂျော်ဂျင်ဟိုလည်း ပါဝင်နေပါတယ်။

ZG

ခ်ဲလ္ဆီး မွာ တပတ္လုပ္ခ ေပါင္ ၁သိန္းနီးပါး လစာ ရရွိေနတဲ့ ေနာက္ခံလူသီယာဂိုေဆးလ္ဗားဟာ Video Messaging အပ္ပ္ တခုျဖစ္တဲ့ Cameo ကေန ပရိသတ္ေတြအတြက္ ေမြးေန႔ဆုေတာင္းလိုမ်ိဳး ပုဂၢိဳလ္ေရးသီးသန႔္ မက္ေဆ့ခ်္ေတြကို ေပးဖို႔ဖို႔အတြက္ တေစာင္ကို ေပါင္ ၃၀၀ အထိ ေကာက္ခံခဲ့တယ္လို႔ သိရပါတယ္။

Cameo ဟာ ပရိသတ္ေတြက သူတို႔ႀကိဳက္ႏွစ္သက္တဲ့ အႏုပညာရွင္၊ ဒါမွမဟုတ္ ထင္ေပၚေက်ာ္ၾကားသူေတြဆီကေန ဒီလိုမက္ေဆ့ခ်္ေတြကို ရယူႏိုင္မယ့္ ဝန္ေဆာင္မႈျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးပရိသတ္တခ်ိဳ႕ကေတာ့ သီယာဂို ေဆးလ္ဗား အေနနဲ႔ အသင္းမွာတပတ္လုပ္ခေပါင္ ၉၅၀၀၀ အထိ ရရွိေနတာကိုေတာင္မွ မလုံေလာက္ေသးဘူးလားလို႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ပရိသတ္တဦးက The Sun ကို ေျပာဆိုခဲ့ရာမွာ “တပတ္ေပါင္ ၉၅၀၀၀ အထိ ရေနတာက သူ႔အတြက္ မလုံေလာက္ ဘူးလား၊ ဘယ္ေလာက္ ရယ္စရာေကာင္းလဲ၊ တကယ္လို႔ သူက ပိုက္ဆံကို ေတာ္ေတာ္ေလး အ႐ူးအမူး ျဖစ္ေနတယ္ ဆိုရင္ သူ အသင္းကမထြက္ခြာခင္မွာ ႐ိုမန္ေအဘရာမိုဗစ္ဆီကေန ႐ုရွားေငြ တခ်ိဳ႕ ေတာင္းသင့္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ပရိသတ္ေတြကေတာ့ ေဆးလ္ဗားဆီကေန မက္ေဆ့ခ်္ရရွိမႈအတြက္ကို ေက်းဇူးတင္ေနၾကပါတယ္။

ေဆးလ္ဗားဟာ အဆိုပါ ဝက္ဘ္ဆိုက္မွာ ၾကယ္ငါးပြင့္အဆင့္အထိ Reivew ေပးခံထားရၿပီး ပရိသတ္တဦးကေတာ့ “ေက်းဇူးအမ်ားႀကီး တင္ပါတယ္၊ အရမ္းခ်စ္တယ္၊ ခင္ဗ်ားက က်ေနာ္ျမင္ခဲ့သမွ် ခ်ဲလ္ဆီး ဂ်ာစီဝတ္ၿပီးကစားသူေတြထဲမွာ အေကာင္းဆုံးပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒီလိုမ်ိဳး ဝန္ေဆာင္မႈေပးသူေတြထဲမွာ ဘရာဇီးလ္ကစားသမားေတြျဖစ္တဲ့ မာကြင္ဟို႔စ္၊ ဝီလီယံတို႔လည္း ရွိေနၿပီး သီယာဂို ေဆးလ္ဗားရဲ႕ ခ်ဲလ္ဆီးအသင္းေဖာ္ ေဂ်ာ္ဂ်င္ဟိုလည္း ပါဝင္ေနပါတယ္။