မက်ဆီ ကို ထွက်ခွင့်ပြုခဲ့တာ နောင်တ မရဘူး ဆိုတဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ

ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာ က ကလပ်ရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ ပြောလိုက်ပြီး မက်ဆီ ကို ပီအက်စ်ဂျီ အသင်းထံ ထွက်ခွာခွင့်ပြုခဲ့တာကို နောင်တရစရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီ ကို အသင်းမှာ စာချုပ်သစ် ချုပ်ပြီး ထိန်းသိမ်းချင်ပေမယ့် ဘဏ္ဍာရေး အခက်အခဲကြောင့် ကစားသမားကို သက်တမ်းတိုးလို့ မရဘဲ ထွက်ခွာခွင့် ပေးခဲ့ရတာဖြစ်ပါတယ်။

လာပေါ်တာ က “မက်ဆီ ထွက်ခွာတာနဲ့ ပတ်သက်ပြီး ဒါက ကျွန်တော့်ရဲ့အခက်အခဲ‌ဆုံး ဆုံးဖြတ်ချက်ပါ။ဒီလိုမျိုး ဆုံးဖြတ်ချက် မချချင်ခဲ့ပါဘူး။ မက်ဆီ က သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့ အခြေအနေ ပါ”

“မက်ဆီ အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် ချခဲ့ပေမယ့် နောင်တမရပါဘူး။ အသင်းအထက်မှာ ဘယ်သူမှမရှိပါဘူး။မက်ဆီနဲ့ အတူ အမှန်တရားက ကျွန်တော်တို့ကို ထိသွားပါတယ်။ တခြား ဘာမှမရှိပါဘူး”

“ဒါပေမယ့် ဘာစီလိုနာ သမိုင်းကြောင်းက ဆက်လက်တည်ရှိနေပြီး ကြိုးစားအားထုတ်မှု၊မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်တဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်”လို့ ဆိုခဲ့ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာ အသင်းမှာ ကစားသမားဘဝ ကာလကြာရှည်ကစားခဲ့ပြီး (၂၀၂၁)ဩဂုတ်လမှာ အသင်းကို နှုတ်ဆက်ခဲ့တာပါ။ မက်ဆီ ဟာ ဘာစီလိုနာ အသင်းအတွက် ပွဲပေါင်း(၇၇၈)ပွဲပါဝင်ကစားခဲ့ပြီး (၆၇၂)ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာပေါ်တာ က သူတို့ ဟာ မက်ဆီ အသင်းမှာ ဆက်ရှိဖို့ အရာအားလုံး လုပ်ဆောင်ခဲ့ပေမယ့် လာလီဂါကြောင့် သူ့ကို အသင်းမှာ ဆက်မထိန်းသိမ်းနိုင်ခဲ့တာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ZG

ဘာစီလိုနာ အသင္းဥကၠဌ လာေပၚတာ က ကလပ္ရဲ႕အထက္မွာ ဘယ္သူမွမရွိဘူးလို႔ ေျပာလိုက္ၿပီး မက္ဆီ ကို ပီအက္စ္ဂ်ီ အသင္းထံ ထြက္ခြာခြင့္ျပဳခဲ့တာကို ေနာင္တရစရာမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ မက္ဆီ ကို အသင္းမွာ စာခ်ဳပ္သစ္ ခ်ဳပ္ၿပီး ထိန္းသိမ္းခ်င္ေပမယ့္ ဘ႑ာေရးအခက္အခဲေၾကာင့္ ကစားသမားကို သက္တမ္းတိုးလို႔ မရဘဲ ထြက္ခြာခြင့္ ေပးခဲ့ရတာျဖစ္ပါတယ္။

လာေပၚတာ က “မက္ဆီ ထြက္ခြာတာနဲ႔ ပတ္သက္ၿပီး ဒါက ကြၽန္ေတာ့္ရဲ႕အခက္အခဲ‌ဆုံး ဆုံးျဖတ္ခ်က္ပါ။ဒီလိုမ်ိဳး ဆုံးျဖတ္ခ်က္ မခ်ခ်င္ခဲ့ပါဘူး။ မက္ဆီ က သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမား ျဖစ္ေပမယ့္ ဒါက ကြၽန္ေတာ္တို႔ရဲ႕ အေျခအေန ပါ”

“မက္ဆီ အတြက္ ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ ခ်ခဲ့ေပမယ့္ ေနာင္တမရပါဘူး။ အသင္းအထက္မွာ ဘယ္သူမွမရွိပါဘူး။မက္ဆီနဲ႔ အတူ အမွန္တရားက ကြၽန္ေတာ္တို႔ကို ထိသြားပါတယ္။ တျခား ဘာမွမရွိပါဘူး”

“ဒါေပမယ့္ ဘာစီလိုနာ သမိုင္းေၾကာင္းက ဆက္လက္တည္ရွိေနၿပီး ႀကိဳးစားအားထုတ္မႈ၊မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ ေအာင္ျမင္တဲ့ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ႏိုင္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္”လို႔ ဆိုခဲ့ပါတယ္။

မက္ဆီ ဟာ ဘာစီလိုနာ အသင္းမွာ ကစားသမားဘဝ ကာလၾကာရွည္ကစားခဲ့ၿပီး (၂၀၂၁)ဩဂုတ္လမွာ အသင္းကို ႏႈတ္ဆက္ခဲ့တာပါ။ မက္ဆီ ဟာ ဘာစီလိုနာ အသင္းအတြက္ ပြဲေပါင္း(၇၇၈)ပြဲပါဝင္ကစားခဲ့ၿပီး (၆၇၂)ဂိုး သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လာေပၚတာ က သူတို႔ ဟာ မက္ဆီ အသင္းမွာ ဆက္ရွိဖို႔ အရာအားလုံး လုပ္ေဆာင္ခဲ့ေပမယ့္ လာလီဂါေၾကာင့္ သူ႔ကို အသင္းမွာ ဆက္မထိန္းသိမ္းႏိုင္ခဲ့တာလို႔ ေျပာခဲ့တာျဖစ္ပါတယ္။