မက်ဆီနဲ့ အဆင်မပြေဖြစ်နေတဲ့ ကစားသမားကို ရှင်းထုတ်သွားတော့မယ့် PSG
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ PSG မှာ သူနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်သမား အိုင်ကာဒီကို ရောင်းချစေချင်နေကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြလာပါတယ်။
မက်ဆီဟာ အသင်းဖော်ဖြစ်တဲ့ အိုင်ကာဒီ နဲ့ အဝတ်လဲခန်းအတွင်းမှာ ဆက်ဆံရေး တင်းမာနေပြီ စိတ်ဝမ်းကွဲမှုတွေ စတင်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အိုင်ကာဒီဟာ မက်ဆီ နဲ့ အဆင်မပြေ ဖြစ်ခဲ့မှုတွေကြောင့် အာဂျင်တီးနား လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရတာ (၃) နှစ် ဝန်းကျင် ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။
နိုင့်ငံအသင်းမှာ မက်ဆီ နဲ့အိုင်ကာဒီတို့ အတူတူ တွဲကစားခဲ့တဲ့ နောက်ဆုံံး ပွဲစဉ်က ၂၀၁၈ ခုနှစ်တုန်းက မက္ကဆီကို ကစားခဲ့တဲ့ ခြေစမ်းပွဲဖြစ်ပါတယ် ။ PSG ကို မက်ဆီ ရောက်ရှိလာခြင်းဟာ ကစားသမားတွေအကြားမှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပြီ အသင်းဘက်ကလည်း မက်ဆီ နဲ့ အဆင်မပြေဖြစ်နေတဲ့ အိုင်ကာဒီကို ရောင်းချဖွယ် ရှိနေပါတယ် ။

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့ အဆင်မပြေဖြစ်တဲ့ အိုင်ကာဒီကို မက်ဆီ ရဲ့သူငယ်ချင်းဖြစ်တဲ့ အဂွဲရိုးနဲ့ အလဲအထပ်လုပ်ဖို့ စိတ်ဝင်စားနေပါတယ် ။ မန်စီးတီး ဂန္တဝင်တိုက်စစ်မှူး အဂွဲရိုးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ မက်ဆီ နဲ့အတူတူ ကစားချင်တဲ့ဆန္ဒကြောင့် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် သူငယ်ချင်းနှစ်ယောက် အတူတူ ကစားနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပါတယ်။ အဂွဲရိုးဟာ ဘာစီလိုနာအသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရပြီ ကတ်တလန်အခြေစိုက် အသင်းကလည်း အဂွဲရိုးကို ရှင်းထုတ်သွားမယ့် အစီအစဉ်တွေ ရှိနေပါတယ် ။