လူရောင်းတာကနေ ရမယ့် ပေါင် သန်း ၂၄၀ ကျော်၊ အသင်းပြောင်းဖို့ လှုပ်ရှားလာတဲ့ ဒိုလေးနဲ့ ယနေ့ မန်ယူ သတင်းများ

မန်ယူအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းမှာရှိတဲ့ ကားသမားအချို့ကို ရောင်းချမှုကနေ ပေါင်သန်း ၂၄၀ ကျော်ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ မန်ယူ ရောင်းချမယ်လို့ ဖော်ပြခံရတဲ့ ကစားသမားတွေထဲမှာ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်က ပေါင် ၇၇ သန်းနဲ့ အများဆုံးအဖြစ် ပါဝင်နေသလို စီရော်နယ်ဒိုကိုလည်း ပေါင် ၃၂ သန်းနဲ့ ရောင်းချဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကာဗာနီ၊ လင်ဂတ် နဲ့ မာတာတို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်တော့တာကြောင့် ဒီကစားသမားတွေ ကလည်း လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်

မနေ့က လေ့ကျင့်ရေးကွင်း ကို ပြန်ရောက်လာပြီး နောက်ဆုံးမှ ထွက်ခွာ သွားခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ တင်းပါးဆုံ ဒဏ်ရာ ကြွင်းကျန် နေသေးတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပြီး လာမယ့် ပွဲစဉ် အတွက် မသေချာနိုင် သေးဘူးလို့ သိရှိရပါတယ်။

ဒီရာသီမှာ မန်ယူအသင်းကြီးကသာ အနိမ့်အမြင့်အတက်အကျများစွာနဲ့ ရုန်းကန်နေရပေမယ့် လူငယ်အသင်းကတော့ ခြေစွမ်းပြနေပြီး အက်ဖ်အေလူငယ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်သွားပါပြီ။

မန်ယူ လူငယ်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲမှာ ၃-၀ နဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ မန်ယူ အနေနဲ့ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အက်ဖ်အေ လူငယ်ဖလားမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒတ်စ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ရော်နယ်ဒို ဟာ ယာယီနည်းပြ ရန်နစ် လက်အောက်မှာ ခက်ခဲစွာ ရုန်းကန်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းထံ ပြန်လည် ပြောင်းရွေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အ‌ြခေအနေကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။

ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ ဘာစီလိုနာရဲ့ ဥရုဂွေး ခံစစ်မှူး အာရူဂျိုကို ခေါ်ယူဖို့ ချဲလ်ဆီး ကလည်း စိတ်ဝင်စားလာကြောင်း စပိန် နဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။