မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ဖို့ အေးဂျင့်နဲ့ ဆွေးနွေးနေပြီ ဖြစ်တဲ့ စီရော်နယ်ဒို
မန်ချက်စတာ ယူနိက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကနေ ဒုတိယအကြိမ် ထွက်ခွာသွားဖွယ် ရှိတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲမှာ ချန်လှပ်ခံထားရမှုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ရော်နယ်ဒိုက သူ့ရဲ့အနာဂတ်အတွက် စဉ်းစားနေပြီလို့ ဆိုပါတယ်။
ဒါဘီပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပေမယ့်လည်း သူ့ကို အသင်း လူစာရင်းမှာ မထည့်သွင်းခဲ့တဲ့ အပေါ် ရော်နယ်ဒိုက ဒေါသထွက်ခဲ့ပြီး ပေါ်တူဂီကိုတောင်ပြန်သွားခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ထိုပွဲအပြီး အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေကို ရော်နယ်ဒို ပြန်လည်ရောက်ရှိလာပြီး တဦးတည်း လေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူ အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးသွင်းယူပေးထားတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းအား ကျဆင်းလာခဲ့သူဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြရန်းဂ်နစ်ခ်က သူ့ကို ထည့်သွင်းအသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ကစားသမားနဲ့ သူ့ရဲ့အကြားမှာလည်း မကျေလည်မှုတွေဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
ဒဏ်ရာကြောင့်လို့ ရန်းဂ်နစ်ခ်က အကြောင်းပြချက်ပေးခဲ့ပေမယ့်လည်း တကယ်တမ်းတော့မဟုတ်ဘူးလို့လည်း ပြောဆိုမှုတွေက ရှိနေခဲ့ပါတယ်။
၂၀၀၉ မှာ ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီအစပိုင်းမှာ အသင်းဟောင်း မန်ယူထံ ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကစားသမားတဦးဖြစ်ခဲ့ပါတယ်။
လာမယ့်တပတ် စပါးနဲ့ပွဲစဉ်မှာလည်း ရော်နယ်ဒိုကို အသုံးပြုရမလား၊ ဒါမှမဟုတ် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲမှသာ အသုံးပြုရမလားဆိုတာကို ရန်းဂ်နစ်ခ်နဲ့ သူ့နည်းပြအဖွဲ့ဝင်တွေက မဆုံးဖြတ် ရသေးဘူးလို့ ဆိုပါတယ်။
ဒါကလည်း ရော်နယ်ဒိုရဲ့ အသင်းတွင်း အနေအထားအပေါ်မှာ နည်းပြဘက်က ပြတ်ပြတ်သားသား ဆုံးဖြတ် ထားနိုင်တာမျိုး မရှိဘူးလို့ ယူဆရပါတယ်။

ZG
မန္ခ်က္စတာ ယူနိက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္နဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး ရာသီကုန္မွာ အိုးထရက္ဖို႔ဒ္ကေန ဒုတိယအႀကိမ္ ထြက္ခြာသြားဖြယ္ ရွိတယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။
မန္ခ်က္စတာဒါဘီပြဲမွာ ခ်န္လွပ္ခံထားရမႈနဲ႔ ပတ္သက္ၿပီး မေက်မနပ္ျဖစ္ေနတဲ့ ေရာ္နယ္ဒိုက သူ႔ရဲ႕အနာဂတ္အတြက္ စဥ္းစားေနၿပီလို႔ ဆိုပါတယ္။
ဒါဘီပြဲမတိုင္ခင္ ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့ေပမယ့္လည္း သူ႔ကို အသင္း လူစာရင္းမွာ မထည့္သြင္းခဲ့တဲ့ အေပၚ ေရာ္နယ္ဒိုက ေဒါသထြက္ခဲ့ၿပီး ေပၚတူဂီကိုေတာင္ျပန္သြားခဲ့တယ္လို႔ သတင္းေတြကဆိုပါတယ္။ ဒါေပမယ့္ ထိုပြဲအၿပီး အသင္းရဲ႕ေလ့က်င့္ခန္း အစီအစဥ္ေတြကို ေရာ္နယ္ဒို ျပန္လည္ေရာက္ရွိလာၿပီး တဦးတည္း ေလ့က်င့္မႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
မန္ယူ အတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၅ ဂိုးသြင္းယူေပးထားတဲ့ ေပၚတူဂီတိုက္စစ္မႉးဟာ အသင္းရဲ႕ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဂိုးသြင္းအား က်ဆင္းလာခဲ့သူျဖစ္ပါတယ္။ ဒီအေျခအေနမွာ နည္းျပရန္းဂ္နစ္ခ္က သူ႔ကို ထည့္သြင္းအသုံးမျပဳဖို႔ ဆုံးျဖတ္ခဲ့ပုံရၿပီး ကစားသမားနဲ႔ သူ႔ရဲ႕အၾကားမွာလည္း မေက်လည္မႈေတြျဖစ္ေပၚေနဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။
ဒဏ္ရာေၾကာင့္လို႔ ရန္းဂ္နစ္ခ္က အေၾကာင္းျပခ်က္ေပးခဲ့ေပမယ့္လည္း တကယ္တမ္းေတာ့မဟုတ္ဘူးလို႔လည္း ေျပာဆိုမႈေတြက ရွိေနခဲ့ပါတယ္။
၂၀၀၉ မွာ ယူႏိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဒီရာသီအစပိုင္းမွာ အသင္းေဟာင္း မန္ယူထံ ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကစားသမားတဦးျဖစ္ခဲ့ပါတယ္။
လာမယ့္တပတ္ စပါးနဲ႔ပြဲစဥ္မွာလည္း ေရာ္နယ္ဒိုကို အသုံးျပဳရမလား၊ ဒါမွမဟုတ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ အဆုံးအျဖတ္ ပြဲမွသာ အသုံးျပဳရမလားဆိုတာကို ရန္းဂ္နစ္ခ္နဲ႔ သူ႔နည္းျပအဖြဲ႕ဝင္ေတြက မဆုံးျဖတ္ ရေသးဘူးလို႔ ဆိုပါတယ္။
ဒါကလည္း ေရာ္နယ္ဒိုရဲ႕ အသင္းတြင္း အေနအထားအေပၚမွာ နည္းျပဘက္က ျပတ္ျပတ္သားသား ဆုံးျဖတ္ ထားႏိုင္တာမ်ိဳး မရွိဘူးလို႔ ယူဆရပါတယ္။