ဒေးဗစ် ဘက်ခမ်းကို ပေါင် သန်း ၁၅၀ ပေးပြီး ချုပ်လိုက်တဲ့ ကာတာ
ဒေးဗစ်ဘက်ခမ်း ဟာ ဆယ်စုနှစ်အတွင်း ကာတာ နိုင်ငံရဲ့သံအမတ်ဖြစ်လာဖို့ အတွက် ပေါင်သန်း(၁၅၀)နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ယုံကြည်ရပြီး သူဟာ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိက ပါဝင်ရဖွယ်ရှိနေပါတယ်။
အခုလအစောပိုင်းကပဲ ဘက်ခမ်း ကာတာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဟာ လာမယ့်နှစ်ပြိုင်ပွဲအတွက် အသုံးပြုမယ့် အားကစားကွင်းအချို့အပါအဝင် မြင်ကွင်း မျိုးစုံကို လိုက်လံကြည့်ရှုခဲ့တာပါ။
ဘက်ခမ်း ဟာ လာမယ့်လမှာ ကြေညာမယ့် သဘောတူညီမှုရဲ့အစိတ်အပိုင်းအဖြစ် သူ့ရဲ့တရားဝင် အခန်းကဏ္ဍ ပါဝင်လာမှာဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဟာ ကာတာနိုင်ငံမှာ ခရီးသွားလုပ်ငန်းနဲ့ ယှဉ်ကျေးမှုကို မြှင့်တင် ပေးရမှာလည်း ဖြစ်ပါတယ်။
သူကတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို အလွန်ကောင်းတဲ့ ပြိုင်ပွဲဖြစ်ဖို့ မျှော်လင့်နေတယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။ဒေးဗစ်ဘက်ခမ်းနဲ့ ကာတာ တို့ ဆက်ဆံရေးဟာ အသစ်တခုပုံစံမဟုတ်ဘဲ ပီအက်စ်ဂျီ မှာ ကစားခဲ့တုန်းထဲက ဆက်ဆံမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ (၂၀၁၃) က ပြင်သစ်ကလပ်အတွက် ကစားချိန်မှာ ပီအက်စ်ဂျီ အသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီ နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ဒီလိုသံအမတ်ပြုလုပ်ဖို့ သဘောတူညီချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ZG
ေဒးဗစ္ဘက္ခမ္း ဟာ ဆယ္စုႏွစ္အတြင္း ကာတာ နိုင္ငံရဲ့သံအမတ္ျဖစ္လာဖို႔ အတြက္ ေပါင္သန္း(၁၅၀)နဲ႔ သေဘာတူညီမႈရရွိခဲ့တယ္လို႔ ယုံၾကည္ရၿပီး သူဟာ (၂၀၂၂) ကမၻာ့ဖလားၿပိဳင္ပြဲမွာ အဓိက ပါဝင္ရဖြယ္ရွိေနပါတယ္။
အခုလအေစာပိုင္းကပဲ ဘက္ခမ္း ကာတာနိုင္ငံကို ေရာက္ရွိခဲ့တဲ့ ပုံေတြ ထြက္ေပၚခဲ့ပါတယ္။ ေဒးဗစ္ဘက္ခမ္း ဟာ လာမယ့္ႏွစ္ၿပိဳင္ပြဲအတြက္ အသုံးျပဳမယ့္ အားကစားကြင္းအခ်ိဳ႕အပါအဝင္ ျမင္ကြင္း မ်ိဳးစုံကို လိုက္လံၾကည့္ရႈခဲ့တာပါ။
ဘက္ခမ္း ဟာ လာမယ့္လမွာ ေၾကညာမယ့္ သေဘာတူညီမႈရဲ့အစိတ္အပိုင္းအျဖစ္ သူ႔ရဲ့တရားဝင္ အခန္းက႑ ပါဝင္လာမွာျဖစ္ပါတယ္။
ေဒးဗစ္ဘက္ခမ္း ဟာ ကာတာနိုင္ငံမွာ ခရီးသြားလုပ္ငန္းနဲ႔ ယွဥ္ေက်းမႈကို ျမႇင့္တင္ ေပးရမွာလည္း ျဖစ္ပါတယ္။
သူကေတာ့ ဒီကမၻာ့ဖလားၿပိဳင္ပြဲကို အလြန္ေကာင္းတဲ့ ၿပိဳင္ပြဲျဖစ္ဖို႔ ေမၽွာ္လင့္ေနတယ္လို႔ လည္း ေျပာဆိုခဲ့ပါတယ္။ေဒးဗစ္ဘက္ခမ္းနဲ႔ ကာတာ တို႔ ဆက္ဆံေရးဟာ အသစ္တခုပုံစံမဟုတ္ဘဲ ပီအက္စ္ဂ်ီ မွာ ကစားခဲ့တုန္းထဲက ဆက္ဆံမႈေတြ ရွိခဲ့တာျဖစ္ပါတယ္။
ေဒးဗစ္ဘက္ခမ္းဟာ (၂၀၁၃) က ျပင္သစ္ကလပ္အတြက္ ကစားခ်ိန္မွာ ပီအက္စ္ဂ်ီ အသင္း ဥကၠဌ အယ္လ္ခီလိုင္ဖီ နဲ႔ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးရွိခဲ့တာေၾကာင့္ ဒီလိုသံအမတ္ျပဳလုပ္ဖို႔ သေဘာတူညီခ်က္ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။