လက်စတာနဲ့ ပွဲကြို သတင်းကောင်း၊ အာတီတာ မျက်စိကျနေတဲ့ ကွင်းလယ်ကြယ်ပွင့်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ်ဂိုးသမားဟောင်း မာတီနက်ဇ်ကလက်ရှိဂိုးသမား ရမ်ဒေးစ်အပေါ် ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ ရမ်ဒေးစ် ဟာ ကစားသမားဘဝမှာ များစွာဖြတ်သန်းခဲ့ရပြီး အောက်သက်ကြေသူ ဖြစ်ကြောင်း၊ ရမ်ဒေးစ်လ်ဟာ လျှောထိုး အောင်ပွဲ ခံတတ်တာ၊ လေပေါ်မှာ အားရပါးရ ခုန်ပေါက်အောင်ပွဲခံတာ စသဖြင့် အောင်ပွဲခံတာတွေနဲ့ ထိုက်တန်မှု ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးက အခုနှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို အာဆင်နယ်နဲ့ မန်ယူတို့ထက် စပါးအသင်းက ရယူနိုင်မယ်လို့ ထင်ကြောင်း ဆိုလိုက်ပါတယ်။ အာဆင်နယ်အနေနဲ့ ခြေချော်သွားမယ်လို့ ထင်မှတ်မိကြောင်း၊ ကွန်တီရဲ့ အသင်းဟာ အဲဗာတန်နဲ့ပွဲမှာ အလွန်တောက်ပတဲ့ပုံစံကို ပြနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ဝက်ဖို့ဒ်နဲ့ပွဲက အာဆင်နယ် နည်းပြ အာတီတာရဲ့လက်ပစ်ဘောနဲ့ ဖန်တီးမှုကို ချီးကျူးခဲ့ပြီး ဒါဟာ အာတီတာ အနေနဲ့ သူ့ရဲ့စိတ်အားထက်သန်မှုကို ပြသတာဖြစ်ကြောင်း၊ မိမိအနေနဲ့ အာတီတာရဲ့လုပ်ရပ်ကို နှစ်သက် မိကြောင်း၊ အာတီတာနေရာမှာ အခြားနည်းပြဆိုရင် စာအုပ်ကြီးကိုင်ပြီး ထိုင်နေတာမျိုးဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဟောင်း အီယန်ရိုက်က အသင်းအနေနဲ့ တိုက်စစ်မှုး လာကာဇက်ကို စာချုပ်သက်တမ်း တိုးမြှင့် သင့်ကြောင်း၊ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးဖန်တီးပေးခဲ့တာကိုကြည့်ရင် လာကာဇက်ဟာ အသင်းအတွက်အရေးပါတဲ့ ကစားသမား ဖြစ်နေကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဒီတစ်ပတ်ယှဉ်ပြိုင်ရမဲ့ လက်စတာနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် သတင်းကောင်းတစ်ခုရှိနေပါတယ်။ ဒါကတော့ သူတို့နဲ့ တွေ့တိုင်း ဂိုးသွင်းလေ့ရှိတဲ့ လက်စတာတိုက်စစ်မှူး ဗာဒီဟာ ဒီတစ်ပတ်ပွဲကို ဒူးဒဏ်ရာကြောင့် လွဲချော်မှာပဲ ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ ဗီလာမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ လူငယ်ကြယ်ပွင့် ချူကွီမီဂါကို စောင့်ကြည့် နေပါတယ်။ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်ကြယ်ပွင့် ဗီလာအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပြီး အာတီတာကတော့ အကြိုက်တွေ့နေတာ ဖြစ်ပါတယ်။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်ကွင်းလယ်လူ အဆန်စီယိုအနေနဲ့ လာမဲ့အပြောင်းအရွှေ့မှာ ရီးရဲကနေ ထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။ ရီးရဲအနေနဲ့ အဆန်စီယိုကို ရောင်းချဖို့ ပြင်ဆင်မှုတွေပြုလုပ်နေပြီး အာဆင်နယ်က သူ့ကိုလွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စောင့်ကြည့်နေခဲ့တာပါ။
ဘာစီလိုနာနောက်ခံလူ လန်လက်ချ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်လာကြောင်း သိရပါတယ် လန်လက်ချ်ဟာ ဒီရာသီမှာ ပီကေး၊ အာရူဂျို၊ ဂါစီယာတို့နောက်မှာသာပွဲထွက်နေရပြီး ပွဲထွက်ခွင့် အလွန် နည်းပါးနေတာပါ။