ရော်နယ်ဒို မန်ယူမှာ ရုန်းကန်နေရတာ အသင်းဖော်တွေကြောင့် လို့ လက်ညှိုးထိုးလိုက်တဲ့ ဆာဟာ
ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘ၀ ဒုတိယအကြိမ်မှာ ရုန်းကန်နေရတာက သူ့အတွက် လုံလောက်တဲ့ ဖြတ်တင်ဘောတွေကို အသင်းဖော်တွေက မပြုလုပ်ပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ပြောဆိုလိုက်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးရရှိထားပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေတာ ဖြစ်ပါတယ်။

နောက်ဆုံး ၁၂ ရာသီဆက်တိုက် အနည်းဆုံးပြိုင်ပွဲစုံသွင်းဂိုး ၂၈ ဂိုးအထိ ရရှိခဲ့တဲ့ ရော်နယ်ဒိုက တော်တော်လေး ရုန်းကန်နေရတယ် လို့ ခံစားမိကြောင်းလည်း ဆာဟာက ဆိုပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာဒါဘီပွဲလို အရေးပါတဲ့ ပွဲမှာလည်း ချန်လှပ်ခံနေရပြီး အသင်းတွင်း သူ့ရဲ့အနေအထားကပါ မေးခွန်းထုတ်စရာအခြေအနေမှာ ရှိနေခဲ့တာပါ။
ဆာဟာက “အခုအသင်းတွေကစားနေတဲ့ပုံစံတွေကိုကြည့်ပါ၊ ယူနိုက်တက်မှာ ဖြတ်တင်ဘောတွေ အဲလောက်ထိမရှိဘူး၊ အရင်တုန်းကဆိုရင် တဖက်ကနေ ရိုင်ယန်ဂစ်က ဖြတ်တင်ဘောတွေအများကြီး ပေးပို့နိုင်ခဲ့တယ်၊ တဖက်မှာ ရော်နယ်ဒို၊ ပြီးတော့ နစ္စတယ်ရွိုင်း ရှိနိုင်တယ်၊ တီဗက်ဇ် ဒါမှမဟုတ် ကျွန်တော်၊ အဲဒါမှမဟုတ်ရင် ဝိန်းရွန်နီတို့ရှိပြီး ဘောလုံးကို လက်ခံရယူနိုင်ခဲ့ပါတယ်”
“ဒါပေမယ့်လည်း အခုတော့ ဧရိယာထဲမှာ ဒါကို ကျနော်မမြင်ရဘူး၊ ဘယ်သူကမှ ဘောလုံးကို ဖြတ်မတင်ပေးကြဘူး၊ ရော်နယ်ဒိုက ၃၇ နှစ်ရှိနေပါပြီ၊ သူက စက်တခုလည်း မဟုတ်ဘူး၊ သူ့ရဲ့ ရွေ့လျားမှုတွေက ကောင်းတယ်လို့ ကျနော်ခံစားရတယ်၊
ပြီးတော့ တချို့ပွဲတွေမှာ အတွေ့အကြုံနဲ့ သူ ထိန်းကစားသွားနေတယ်၊ သူကစားရတဲ့နေရာက ဘာဖြစ်ဖြစ်ပေါ့၊ သူ့ကို မှန်မှန်ကန်ကန်သာ အသုံးချတတ်မယ်ဆိုရင် သူကလည်း ကောင်းကောင်းသက်သေပြနိုင်မယ်လို့ ကျနော်ထင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းရဲ့ အစွန်ခံစစ်ကစားသမားတွေကတော့ တိုက်စစ်ကိုလိုက်ပါရာမှာ တော်တော်လေး အားနည်းနေတာ ဖြစ်ပါတယ်။ ဘစ်စ်ကာ၊ ဒါလော့၊ လုခ်ရှောနဲ့ တဲလက်စ်တို့ရှိနေပေမယ့်လည်း အခြားအသင်းကြီးတွေရဲ့ အစွန်ခံစစ်သမားတွေနဲ့ နှိုင်းယှဉ်ပါက ခြေစွမ်းပိုင်းချင်း တော်တော်လေးကွာဟနေပါတယ်။

ZG
ေရာ္နယ္ဒိုရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘ၀ ဒုတိယအႀကိမ္မွာ ႐ုန္းကန္ေနရတာက သူ႔အတြက္ လုံေလာက္တဲ့ ျဖတ္တင္ေဘာေတြကို အသင္းေဖာ္ေတြက မျပဳလုပ္ေပးႏိုင္တာေၾကာင့္ျဖစ္တယ္လို႔ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း လူး၀စၥဆာဟာက ေျပာဆိုလိုက္ပါတယ္။
ေရာ္နယ္ဒိုကေတာ့ ဒီရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၅ ဂိုးရရွိထားေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဂိုးေပါက္ေပ်ာက္ေနတာ ျဖစ္ပါတယ္။
ေနာက္ဆုံး ၁၂ ရာသီဆက္တိုက္ အနည္းဆုံးၿပိဳင္ပြဲစုံသြင္းဂိုး ၂၈ ဂိုးအထိ ရရွိခဲ့တဲ့ ေရာ္နယ္ဒိုက ေတာ္ေတာ္ေလး ႐ုန္းကန္ေနရတယ္ လို႔ ခံစားမိေၾကာင္းလည္း ဆာဟာက ဆိုပါတယ္။ ေရာ္နယ္ဒိုဟာ မန္ခ်က္စတာဒါဘီပြဲလို အေရးပါတဲ့ ပြဲမွာလည္း ခ်န္လွပ္ခံေနရၿပီး အသင္းတြင္း သူ႔ရဲ႕အေနအထားကပါ ေမးခြန္းထုတ္စရာအေျခအေနမွာ ရွိေနခဲ့တာပါ။
ဆာဟာက “အခုအသင္းေတြကစားေနတဲ့ပုံစံေတြကိုၾကည့္ပါ၊ ယူႏိုက္တက္မွာ ျဖတ္တင္ေဘာေတြ အဲေလာက္ထိမရွိဘူး၊ အရင္တုန္းကဆိုရင္ တဖက္ကေန ႐ိုင္ယန္ဂစ္က ျဖတ္တင္ေဘာေတြအမ်ားႀကီး ေပးပို႔ႏိုင္ခဲ့တယ္၊ တဖက္မွာ ေရာ္နယ္ဒို၊ ၿပီးေတာ့ နစၥတယ္႐ြိဳင္း ရွိႏိုင္တယ္၊ တီဗက္ဇ္ ဒါမွမဟုတ္ ကြၽန္ေတာ္၊ အဲဒါမွမဟုတ္ရင္ ဝိန္း႐ြန္နီတို႔ရွိၿပီး ေဘာလုံးကို လက္ခံရယူႏိုင္ခဲ့ပါတယ္”
“ဒါေပမယ့္လည္း အခုေတာ့ ဧရိယာထဲမွာ ဒါကို က်ေနာ္မျမင္ရဘူး၊ ဘယ္သူကမွ ေဘာလုံးကို ျဖတ္မတင္ေပးၾကဘူး၊ ေရာ္နယ္ဒိုက ၃၇ ႏွစ္ရွိေနပါၿပီ၊ သူက စက္တခုလည္း မဟုတ္ဘူး၊ သူ႔ရဲ႕ ေ႐ြ႕လ်ားမႈေတြက ေကာင္းတယ္လို႔ က်ေနာ္ခံစားရတယ္၊
ၿပီးေတာ့ တခ်ိဳ႕ပြဲေတြမွာ အေတြ႕အႀကဳံနဲ႔ သူ ထိန္းကစားသြားေနတယ္၊ သူကစားရတဲ့ေနရာက ဘာျဖစ္ျဖစ္ေပါ့၊ သူ႔ကို မွန္မွန္ကန္ကန္သာ အသုံးခ်တတ္မယ္ဆိုရင္ သူကလည္း ေကာင္းေကာင္းသက္ေသျပႏိုင္မယ္လို႔ က်ေနာ္ထင္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
မန္ယူႏိုက္တက္အသင္းရဲ႕ အစြန္ခံစစ္ကစားသမားေတြကေတာ့ တိုက္စစ္ကိုလိုက္ပါရာမွာ ေတာ္ေတာ္ေလး အားနည္းေနတာ ျဖစ္ပါတယ္။ ဘစ္စ္ကာ၊ ဒါေလာ့၊ လုခ္ေရွာနဲ႔ တဲလက္စ္တို႔ရွိေနေပမယ့္လည္း အျခားအသင္းႀကီးေတြရဲ႕ အစြန္ခံစစ္သမားေတြနဲ႔ ႏႈိင္းယွဥ္ပါက ေျခစြမ္းပိုင္းခ်င္း ေတာ္ေတာ္ေလးကြာဟေနပါတယ္။