ကိုင်ဟာဗက်ဇ်၊ အိုဒီဂတ်၊ လာကာ၊ ရော်နယ်ဒိုတို့နဲ့ ယနေ့ နံနက်ခင်း သတင်းများ

လက်စတာ အသင်းကို ၂ ဂိုး မရှိနဲ့ အနိူင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ် ကွင်းလယ်လူဖြစ်တဲ့ အိုဒီဂတ်က ဂိုးသွင်းခွင့် ၅ ကြိမ် အထိ ဖန်တီးပေးနိူင်ခဲ့ပြီး အိုဇေးလ် နောက်ပိုင်း ပထမပိုင်းမှာတင် ဂိုးသွင့်းခွင့် ၅ ကြိမ် ဖန်တီးပေးတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဖြစ်တဲ့ ကိုင်ဟားဗတ်စ်က ညက နယူးကာဆယ်ဘက် ဂိုးသွင်းယူပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက်ဂိုးသွင်းနိူင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၅ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးထားပါတယ်။

အာဆင်နယ် အသင်းနဲ့ လာမယ့်နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး လာကာဇတ်ကို ခေါ်ယူဖို့ အတွက် ရိုးမား က ပစ်မှတ်ထားလာတယ်လို့ဆိုသည်။ မော်ရင်ညိုက တိုက်စစ်ကို အားဖြည့်ချင်နေတာပါ။

လိဒ်စ်တိုက်စစ်မှူးဟောင်း ဝီလန်က အာဆင်နယ် တိုက်စ်မှူး လာကာဇက်အနေနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရတာကို စောင့်နေတာ ဖြစ်နိုင်ကြောင်း၊ လာကာဇက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ကစားလိုမှာ ဖြစ်ကြောင်း၊ သူ့အသက်အရွယ်အရ ဒါက ကြီးမားတဲ့ စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ကြောင်း၊ လာကာဇက်ဟာ ဦးဆောင်နိုင်စွမ်းရှိပြီး သူ့အခြေအနေကပိုကောင်းလာနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ မာတစ်ကတော့ စီရော်နယ်ဒိုအပေါ် ဝေဖန်သူတွေကို ပြစ်တင်ခဲ့ပြီး စီရော်နယ်ဒိုလို ကစားသမား မျိုးကို ဘယ်သူမှ သံသယမဝင်သင့်ကြောင်း၊ စီရော်နယ်ဒိုဟာ ဂိုးပေါင်း ၈၀၀ ကျော်အထိသွင်းထားပြီး ထိပ်တန်း အဆင့်မှာ နှစ် ၂၀ ကျော်ကျင်လည်ခဲ့ကြောင်း၊ သူဟာ နေ့ရက်တိုင်း ပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသထားကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်ကို ရီးရဲမက်ဒရစ်နဲ့ မန်စီးတီးတို့က စောင့်ကြည့်လျက်ရှိနေကြောင်းသိရပါတယ်။ ဒါပေမဲ့ ရီစီဂျိမ်းစ်ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးပြီး ချဲလ်ဆီးက သူတို့ရဲ့အဓိက ကစားသမားကို ဘယ်လိုနည်းနဲ့မှ ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။

ဘာစီလိုနာ အသင်းက သူတို့ ကစားသမားဖြစ်တဲ့ Puig ကို ဝုဗ်အသင်းထံ ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ထရာအိုရေး ကို အငှားနဲ့ ခေါ်ယူထားတာဖြစ်ပြီး ယူရို သန်း ၃၀ ခေါ်ယူခွင့်ရှိပေမယ့် ဈေးအပြည့် ပေးလိုခြင်း မရှိတာကြောင့် ဒီကစားသမားကို အလိုက်ပေးချင်နေတာပါ။