မန်ယူရဲ့ ပထမပိုင်း မှတ်တမ်းကောင်း၊ တီကိုနဲ့ ပွဲ မပါနိုင်တဲ့ ဘရူနိုနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ချက်စတာယူနိုက်တက်ရဲ့ အနာဂတ်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူ အသက် ၁၇ နှစ်အရွယ် အီဆက်ဟန်ဆန် အာရွန်ကတော့ သူ့အတွက် ဆန်ချို၊ ပေါ့ဂ်ဘာတို့က အကောင်းဆုံးစီနီယာတွေလို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်တွင် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီး ပြိုင်ဘက်အသင်းအား ဦးဆောင်ထားနိုင်ပါက အိမ်ကွင်းမှာ တစ်ကြိမ်တစ်ခါမှ မရှုံးဖူးသေးပါဘူး။ ထိုစံချိန်တွင် သရဲနီတွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတလျောက် နိုင်ပွဲ ၂၇၈ပွဲ၊ သရေ ၂၃ပွဲ ကျထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ်လူ ဟွမ်မာတာ ကို နည်းပြ အဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ အတွက် ကမ်းလှမ်းမယ် လို့ သိရပါတယ်။ ဝါရင့် စပိန် ကစားသမားဟာ ဒီရာသီ အကုန်မှာ ဘောလုံး သမား ဘ၀ ကနေ အနားယူပြီး နည်းပြ လိုင်စင် စတင် ဖြေဆိုဖို့ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ကိုဗစ် ကူးစက်ခံထားရတဲ့ မန်ယူကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ နည်းပြ ရန်းနစ်က ဆိုပါတယ်။ လုခ်ရှောကတော့ ထရိန်နင် ပြန်ဆင်းနေပြီး တော်မီနေးကိုလည်း ထိုပွဲ အတွက် ကြိုအနားပေးထားတယ် လို့ သိရပါတယ်။

ဘာစီလိုနာ ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ နွေရာသီမှာ ထွက်ဖို့ ရှိနိုင်တဲ့ တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ရဲ့ အခြေအနေ ကို စောင့်ကြည့် နေတယ်လို့ သတင်း ကြားသိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပြန်လည် မွမ်းမံဖို့ အတွက် ပရောဂျက် မန်နေဂျာ တဦးကို ငှားရမ်းထားတယ်လို့ သိရှိရ ပါတယ် ။