တနင်္ဂနွေနေ့ နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့နဲ့ ဘောလုံးသတင်းတိုများ စုစည်းမှု

ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ညာနောက်ခံကစားသမား ဟာကီမီရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့ ပစ်မှတ်ထားခံနေရတဲ့ ဟက်တာဘယ်လာရင်ကို အင်တာမီလန်အသင်းဘက်ကနေ ခေါ်ယူ သွားချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၅)သန်းခန့် ပေးချေသွားရမယ်လို့ အာဆင်နယ် အသင်းက ထုတ်ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။

ဦးခေါင်းထိခိုက် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ မက္ကဆီကို တိုက်စစ်ကစားသမား ရာအူး ဂျီမီနက်ဇ်ဟာ မနေ့ညက ခရူဝီအသင်းနဲ့ ခြေစမ်းခဲ့တဲ့ ဝုလ်ဗ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာပဲ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်အသင်းကတော့ ခရူဝီအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံလိဂ်ဆုဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးဟာ မနေ့ကပဲ အေစီမီလန်အသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး သူအနေနဲ့ အသင်းသစ်မီလန်မှာလည်း ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရယူသွားချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘရိုက်တန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေရတဲ့ အီရန်ညာတောင်ပံကစားသမား ဂျာဟန်းဘာခ့်ရှ်ဟာ နယ်သာလန် ထိပ်သီးကလပ် ဖီယင်နော့အသင်းဆီကို ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျာဟန်းဘာခ့်ရှ်ဟာ ဘရိုက်တန်ကို မရောက်ရှိခင်ကတည်းက နယ်သာလန်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။

ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေတဲ့ အဲဗာတန်အသင်းဟာ နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံလူ ကူလီဘလီအပြင် ဂျုဗင်တပ်စ်အသင်းရဲ့ တူရကီနောက်ခံကစားသမား ဒီမီရယ်ကိုပါ ခေါ်ယူသွားချင်နေတယ်လို့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အခု နွေဈေးကွက်အတွင်းမှာ ဗဟိုနောက်ခံလူတစ်ဦးကို အရခေါ်ယူသွားချင်နေပါတယ်။

ZG

ပီအက္စ္ဂ်ီအသင္းဆီ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ညာေနာက္ခံကစားသမား ဟာကီမီရဲ႕ေနရာမွာ ျပန္လည္ အစားထိုးဖို႔ ပစ္မွတ္ထားခံေနရတဲ့ ဟက္တာဘယ္လာရင္ကို အင္တာမီလန္အသင္းဘက္ကေန ေခၚယူ သြားခ်င္တယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္(၁၅)သန္းခန႔္ ေပးေခ်သြားရမယ္လို႔ အာဆင္နယ္ အသင္းက ထုတ္ျပန္လာခဲ့ေၾကာင္း သိရွိရပါတယ္။

ဦးေခါင္းထိခိုက္ ဒဏ္ရာေၾကာင့္ ကာလရွည္ၾကာ အနားယူေနရတဲ့ မကၠဆီကို တိုက္စစ္ကစားသမား ရာအူး ဂ်ီမီနက္ဇ္ဟာ မေန႔ညက ခ႐ူဝီအသင္းနဲ႔ ေျခစမ္းခဲ့တဲ့ ဝုလ္ဗ္အသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲမွာပဲ အသင္းအတြက္ ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ျပန္လည္ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဝုလ္ဗ္အသင္းကေတာ့ ခ႐ူဝီအသင္းကို (၁)ဂိုး ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲ႔ ယူ႐ိုပါလိဂ္ ခ်န္ပီယံလိဂ္ဆုဖလားေတြ ပိုင္ဆိုင္ႏိုင္ခဲ့ရတဲ့ ဝါရင့္တိုက္စစ္မႉးႀကီး အိုလီဗီယာဂ်႐ူးဟာ မေန႔ကပဲ ေအစီမီလန္အသင္းဆီကို (၂)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး သူအေနနဲ႔ အသင္းသစ္မီလန္မွာလည္း ဆုဖလားေအာင္ျမင္မႈေတြ ဆက္လက္ရယူသြားခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ဘ႐ိုက္တန္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေတြ ေပ်ာက္ဆုံးလို႔ေနရတဲ့ အီရန္ညာေတာင္ပံကစားသမား ဂ်ာဟန္းဘာခ့္ရွ္ဟာ နယ္သာလန္ ထိပ္သီးကလပ္ ဖီယင္ေနာ့အသင္းဆီကို ၂၀၂၄ခုႏွစ္အထိ သက္တမ္းရွိတဲ့ (၃)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ ဂ်ာဟန္းဘာခ့္ရွ္ဟာ ဘ႐ိုက္တန္ကို မေရာက္ရွိခင္ကတည္းက နယ္သာလန္အသင္းေတြမွာ က်င္လည္ခဲ့ဖူးသူတစ္ဦးလည္း ျဖစ္ပါတယ္။

ခံစစ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔ စီစဥ္လ်က္ရွိေနတဲ့ အဲဗာတန္အသင္းဟာ နာပိုလီအသင္းရဲ႕ ဆီနီေဂါေနာက္ခံလူ ကူလီဘလီအျပင္ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ တူရကီေနာက္ခံကစားသမား ဒီမီရယ္ကိုပါ ေခၚယူသြားခ်င္ေနတယ္လို႔ Calciomercato ကေန ေဖာ္ျပလာခဲ့ပါတယ္။ အဲဗာတန္အသင္းဟာ အခု ေႏြေစ်းကြက္အတြင္းမွာ ဗဟိုေနာက္ခံလူတစ္ဦးကို အရေခၚယူသြားခ်င္ေနပါတယ္။