မန်ယူ နည်းပြရာထူး ဆန်ကာတင် ၅ ဦး၊ ဒိုလေး မွှေတာ မဟုတ်ဘူး ဆိုတဲ့ မာရှယ်နဲ့ ယနေ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ရာသီမှာ စတင် ကိုင်တွယ်မယ့် အမြဲတမ်း မန်နေဂျာ ရာထူးကို စောစော ကြိုတင် ခန့်ထားချင်တာကြောင့် အမြန် လှုပ်ရှားနေပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးကိုလည်း ရွေးချယ်ထားပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

ထို ၅ ဦးကတော့ ချဲလ်ဆီး နည်းပြ တူချယ်၊ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို၊ အေဂျက်မှ တန်ဟက်၊ စပိန်နည်းပြ လူးဝစ် အင်းနရစ်နဲ့ ဆီဗီလာ မန်နေဂျာ လိုပက်ဂူတီတို့ ဖြစ်ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ရော်နယ်ဒို က လိုအပ်တာထက် ပိုပြီး ဝင်ရောက် စွက်ဖက်မှုတွေ ရှိပြီး၊ အသင်းခေါင်းဆောင် မက်ဂွဲယားထက် ကျော်ပြီး ပါဝါ ပြချင် နေတာကြောင့် အသင်းသားတွေ ထဲမှာ အဖွဲ့တွေ ကွဲနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ မဟုတ်မှန်ပါဘူး လို့ မာရှယ် က ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲချိန်အတွင်း ပေါ့ဘာရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရပေမယ့် အိမ်ခန်းအတွင်း အိပ်စက်နေတဲ့ ကလေးငယ်တွေကတော့ အန္တရယ် တစ်စုံတစ်ရာ ကျရောက်ခဲ့ခြင်း မရှိခဲ့ပဲ တန်ဖိုးရှိ အရာများသာ ခိုးယူခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် ၁၃၉ ပွဲမှာ သွင်းဂိုး ၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် စံချိန်သစ်တင်နိုင်ခဲ့ပြီး မန်ယူ တိုက်စစ်မှုး ရွန်းနီရဲ့ ၉၄ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အက်သလက်တီကို အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာ မှာ ဝေဖန်ခြင်း များစွာနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ ၎င်းရဲ့ လက်ရှိ အခြေအနေအပေါ် များစွာ စိတ်ပျက်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင်ခွင့်ရပြီး ပုံစံကောင်းတွေ ပြသ နိုင်တဲ့ လူငယ် တိုက်စစ်မှူးလေး အန်တိုနီ အီလန်ဂါ ကတော့ လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေ အတွက် ဆွီဒင် လက်ရွေးစင် အသင်းကနေ ဆင့်ခေါ်ခြင်း ခံခဲ့ရတယ် လို့ သိရပါတယ်။