ပွဲပြီးခါနီးမှ အဲဗာတန် ဂိုးသွင်းပြီး အနိုင်ရလို့ လက်ကျိုးတဲ့ထိ အောင်ပွဲခံမိတဲ့ ဖရန့်လမ်းပတ်
နယူးကာဆယ်ကို နောက်ကျ အနိုင်ဂိုး သွင်းအပြီး အသင်းအတွက် အောင်ပွဲခံခဲ့ရာမှာ အဲဗာတန်နည်းပြ ဖရန့် လမ်းပတ်က သူ့လက်ကျိုးသွားတယ်လို့ ပွဲ အပြီးမှာ ဝန်ခံစကား ဆိုလိုက်ပါတယ်။
တန်းဆင်းဇုန်ထဲမရောက်ဖို့နဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်မှာတင်ကျန်ရစ်ဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ဟာ အီဝိုဘီရဲ့ နောက်ဆုံး မိနစ်သွင်းဂိုးနဲ့ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ လမ်းပတ်လက်ထက် ဒုတိယမြောက်နိုင်ပွဲ ဖြစ်လာခဲ့ပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကိုရောက်လာခဲ့ပြီးနောက် လမ်းပတ်က အသင်းကိုပြောင်းလဲနိုင်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး တန်းဆင်းရမယ့် အရေးနဲ့ပါ အဲဗာတန်ကရင်ဆိုင်နေရပြီး နယူးကာဆယ်ကို နိုင်ပွဲက အရေးပါခဲ့ပါတယ်။
အီဝိုဘီ ဂိုးသွင်းပြီးနောက် လမ်းပတ်ဟာ ကွင်းဘေးစည်းနားမှာ အားပါးတရအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အောင်ပွဲခံခဲ့သလို တဦးတည်းလည်း အောင်ပွဲခံခဲ့ရာမှာ သူ့ဟန်ပန်အတိုင်း လက်တွေကို အားပါးတရဝှေ့ယမ်းကာ အင်အားအပြည့်နဲ့ အောင်ပွဲခံခဲ့ပြီး မတော်တဆလက်ကျိုးသွားခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ပွဲအပြီးမှာ လမ်းပတ်က Amazon Prime ကို ပြောဆိုခဲ့ရာမှာ “အောင်ပွဲခံနေချိန်အတွင်း ကျနော့်လက်ကျိုးသွားတယ်၊ ကျနော်တို့ ၃ မှတ်ယူနိုင်ခဲ့တယ်၊ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဘာဖြစ်သွားမှန်း ကျနော်မသိတော့ဘူး၊
နည်းနည်းတော့ နာနေပေမယ့် ကျနော်ဂရုမစိုက်ပါဘူး၊ အံ့အားသင့်စရာညပါ၊ ကျနော်တို့အတွက်လည်း အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ လျှောက်ရမယ့်ခရီးက ဝေးကွာလို့ ဒီလိုညတွေကို လိုအပ်နေလို့ပါ” လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဗာတန်ဟာ တန်းဆင်းဇုန်ထိပ်ဆုံးက ဝက်ဖို့ဒ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိသွားပြီကာ လက်ကျန် ၂ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

ZG
နယူးကာဆယ္ကို ေနာက္က် အႏိုင္ဂိုး သြင္းအၿပီး အသင္းအတြက္ ေအာင္ပြဲခံခဲ့ရာမွာ အဲဗာတန္နည္းျပ ဖရန႔္ လမ္းပတ္က သူ႔လက္က်ိဳးသြားတယ္လို႔ ပြဲ အျပီးမွာ ဝန္ခံစကား ဆိုလိုက္ပါတယ္။
တန္းဆင္းဇုန္ထဲမေရာက္ဖို႔နဲ႔ ရာသီကုန္မွာ ပရီးမီးယားလိဂ္မွာတင္က်န္ရစ္ဖို႔ ႐ုန္းကန္ေနရတဲ့ အဲဗာတန္ဟာ အီဝိုဘီရဲ႕ ေနာက္ဆုံး မိနစ္သြင္းဂိုးနဲ႔ နယူးကာဆယ္ကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
ဒီႏိုင္ပြဲဟာ လမ္းပတ္လက္ထက္ ဒုတိယေျမာက္ႏိုင္ပြဲ ျဖစ္လာခဲ့ၿပီး ရလဒ္ဆိုးေတြကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဗာတန္ကိုေရာက္လာခဲ့ၿပီးေနာက္ လမ္းပတ္က အသင္းကိုေျပာင္းလဲႏိုင္မယ္လို႔ ယုံၾကည္ခဲ့ၾကေပမယ့္ ရလဒ္ေတြ ဆိုး႐ြားေနခဲ့ၿပီး တန္းဆင္းရမယ့္ အေရးနဲ႔ပါ အဲဗာတန္ကရင္ဆိုင္ေနရၿပီး နယူးကာဆယ္ကို ႏိုင္ပြဲက အေရးပါခဲ့ပါတယ္။
အီဝိုဘီ ဂိုးသြင္းၿပီးေနာက္ လမ္းပတ္ဟာ ကြင္းေဘးစည္းနားမွာ အားပါးတရေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ နည္းျပအဖြဲ႕ဝင္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့သလို တဦးတည္းလည္း ေအာင္ပြဲခံခဲ့ရာမွာ သူ႔ဟန္ပန္အတိုင္း လက္ေတြကို အားပါးတရေဝွ႔ယမ္းကာ အင္အားအျပည့္နဲ႔ ေအာင္ပြဲခံခဲ့ၿပီး မေတာ္တဆလက္က်ိဳးသြားခဲ့တဲ့အထိ ျဖစ္ခဲ့ရပါတယ္။
ပြဲအၿပီးမွာ လမ္းပတ္က Amazon Prime ကို ေျပာဆိုခဲ့ရာမွာ “ေအာင္ပြဲခံေနခ်ိန္အတြင္း က်ေနာ့္လက္က်ိဳးသြားတယ္၊ က်ေနာ္တို႔ ၃ မွတ္ယူႏိုင္ခဲ့တယ္၊ သြင္းဂိုးအတြက္ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဘာျဖစ္သြားမွန္း က်ေနာ္မသိေတာ့ဘူး၊
နည္းနည္းေတာ့ နာေနေပမယ့္ က်ေနာ္ဂ႐ုမစိုက္ပါဘူး၊ အံ့အားသင့္စရာညပါ၊ က်ေနာ္တို႔အတြက္လည္း အေရးႀကီးပါတယ္၊ ဘာလို႔လဲဆိုေတာ့ ေလွ်ာက္ရမယ့္ခရီးက ေဝးကြာလို႔ ဒီလိုညေတြကို လိုအပ္ေနလို႔ပါ” လို႔ ဆိုခဲ့ပါတယ္။
လက္ရွိမွာေတာ့ အဲဗာတန္ဟာ တန္းဆင္းဇုန္ထိပ္ဆုံးက ဝက္ဖို႔ဒ္နဲ႔ ၃ မွတ္အကြာကို ေရာက္ရွိသြားၿပီကာ လက္က်န္ ၂ပြဲ ကစားဖို႔ က်န္ရွိေနပါေသးတယ္။