အက်ဖ်အေ ဆီမီးရောက် ချဲလ်ဆီး၊ ဂန်းနားတို့ နိုင်ပွဲ၊ ဆီမြွန်နီ မန်ယူနည်းပြ ဖြစ်စေချင်သူနဲ့ နံနက်ခင်း သတင်းများ
ညက ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် ဟာ အက်စတွန် ဗီလာ ကို အဝေးကွင်းမှာ ဆာကာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ကစားပြီး အဆင့် ၄ နေရာကနေ အောက်က အသင်းကို ၄ မှတ် အထိ ဖြတ်ထား လိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အက်ဖ်အေဖလားပွဲ မှာတော့ ချဲလ်ဆီး ဟာ မစ်ဒယ်ဘရော့ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ဆီမီး ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။ ချဲလ်ဆီး အတွက် ဂိုးတွေ ကိုတော့ လူကာကူ နဲ့ ဇီယက်ချ် တို့က ပထမပိုင်း မှာတင် သွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ သူ့အနေနဲ့ မန်ယူနည်းပြအဖြစ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို မြင်တွေ့လိုကြောင်း၊ ဒါပေမဲ့ ဆီမြွှန်နီဟာ အက်သလက်ကလွဲရင် တခြားအသင်းနဲ့ အောင်မြင်မှု ရယူနိုင်ခြင်း မရှိတာက စိန်ခေါ်မှုဖြစ်နိုင်ကြောင်း၊ ဘာပဲပြောပြော ဆီမြွန်နီကို ပရီးမီးယားလိဂ် မြင်တွေ့ရရင် နှစ်လိုဖွယ် ကောင်းမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်ကြယ်ပွင့် ဆာကာကတော့ ဗီလာနဲ့ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ သိပ်ပြီး စောဒကတော့ မတတ်လိုကြောင်း၊ ဒါပေမဲ့ တစ်ခါတစ်လေမှာ သူ့အနေနဲ့ဒိုင်လူကြီးတွေဆီကနေ ဒီထက်ပိုမိုကာကွယ်မှုရရှိဖို့ လိုအပ်နေကြောင်း တောင်းဆိုခဲ့ပါတယ်။
ဘာစီလိုနာနောက်ခံလူ အယ်လ်ဘာက သူတို့အနေနဲ့ ဘာနေဗျူးမှာ ယှဉ်ပြိုင်ကစားမဲ့ အယ်ဂလက်စီကိုပွဲစဉ်မှာ အနိုင်ရရှိုဖို့အတွက် ရည်မှန်းထားကြောင်း၊ ရီးရဲကို အလဲထိုးကာ လာလီဂါချန်ပီယံဆု အတွက် ဆက်လက် တိုက်ပွဲဝင် သွားမှာဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးကတော့ သူ့အသင်းဟောင်း ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်မှာ ရီးရဲကို ကျော်ဖြတ်နိုင်မှာ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်က ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ခဲ့စဉ်တုန်းကလည်း ချဲလ်ဆီးဟာ ရီးရဲကို သက်တောင့် သက်သာက စားနိုင်ခဲ့ကြောင်း၊ အင်္ဂလန်အသင်းတွေအနေနဲ့အချင်းချင်း မတွေ့ခဲ့တာ ပျော်ရင်နေကြမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအနေနဲ့ လာမဲ့တစ်ပတ်မှာ ယှဉ်ပြိုင်ကစားမဲ့ နိုင်ငံတကာပွဲစဉ်တွေအတွက် ဒဏ်ရာ ရရှိ သွားခဲ့တဲ့ တိုက်စစ်မှုး ဘန်ဇီမာရဲ့နေရာမှာ အေစီမီလန်တိုက်စစ်မူှး ဂျရူုးနဲ့ အစားထိုးရွေးချယ်ခဲ့ပါတယ်။ ဘန်ဇီမာဟာ မာယော့ကာနဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ဘာစီလိုနာနဲ့ပွဲကိုလည်း လွဲချော်ဖို့ ရှိနေပါတယ်။
ချဲလ်ဆီး ဟာ ကြံ့ခိုင်မှု ၁၀၀% မရှိနေ နိုင်သေးတဲ့ နောက်ခံလူ ရစ်ဆီဂျိမ်းစ် ကို မလိုလားအပ်တဲ့ ဒဏ်ရာတွေ မရရှိ စေဖို့ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်း ကနေ ပြန်နှုတ်ဖို့ စီစဉ် ဆောင်ရွက် နေတယ်လို့ သတင်း ကြားသိရပါတယ်။
အင်တာမီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကနေ နွေရာသီမှာ ထွက်ခွာဖို့ ဆုံးဖြတ် ထားတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့လည်း သိရပါတယ်။