ချဲလ်ဆီးက သူအနိုင်ယူခဲ့တဲ့ မန်ယူနဲ့ စပါးထက် သာတဲ့ အသင်းလို့ ချီးကျူးလိုက်တဲ့ ခရစ်ဝိုက်ဒါ

မစ်ဒယ်ဘရော့ ဘိုရို အသင်းဟာ ဒီရာသီ အက်ဖ်အေဖလား ပြိုင်ပွဲမှာ မန်ယူအသင်းနဲ့ စပါးအသင်းတို့ကို အရင် အဆင့်တွေမှာ ဖြုတ်ချ ကျော်ဖြတ်လာနိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တက်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့် ချဲလ်ဆီးနဲ့ အတွေ့မှာတော့ ၂-၀ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။

ဘိုရို (မစ်ဒယ်ဘရော့) နည်းပြ ခရစ်ဝိုက်ဒါကတော့ ချဲလ်ဆီးအသင်းကို ပွဲအပြီးမှာ များစွာ ချီးကျူးခဲ့ပြီး သူတို့ ယခင်တွေ့ခဲ့တဲ့ မန်ယူနိုက်တက်၊ စပါးတို့နဲ့ ချဲလ်ဆီးအသင်း ဘယ်လိုတွေ ကွာခြားသလဲ ဆိုတာကိုပါ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ အင်အားအပြည့်နဲ့ မန်ယူနိုက်တက်၊ စပါး၊ ချဲလ်ဆီး တို့ကို ရင်ဆိုင်ကစားခဲ့တယ်။ ယူနိုက်တက်နဲ့ အတွေ့တုန်းက ကျနော်တို့ တောင့်ခံနိုင်ခဲ့ပြီး ပင်နယ်တီမှာ နိုင်ခဲ့တယ်။ တော့တင်ဟမ်နဲ့ တွေ့တုန်းကလည်း ကျနော်တို့ နိုင်ပွဲနဲ့ လုံးဝ ထိုက်တန်ခဲ့တာ။

ဒါပေမယ့် ဒီ ချဲလ်ဆီးနဲ့ပွဲမှာတော့ ကျနော်တို့ ခံစစ်က မှန်မှန်ကန်ကန် လှုပ်ရှားနိုင်ခြင်း မရှိခဲ့ဘူး။ သူတို့အသင်းက စိတ်ဓာတ်ခိုင်မာတဲ့ အစုအဖွဲ့ ဖြစ်ပြီး မယုံနိုင်စရာ ကောင်းတဲံ မန်နေဂျာက ဦးဆောင်ထားတာပါ။

ချဲလ်ဆီးက တူချယ် ရောက်လာပြီးတည်းက တည်ငြိမ်မှု ရရှိသွားတာပါ။ တခြားနှစ်သင်း (စပါးနဲ့ ယူနိုက်တက်) ကတော့ အဲဒီလို မဟုတ်ဘူး။ သူတို့မှာ ဒါမျိုး မရှိဘူး။

ချဲလ်ဆီးအသင်းခေါင်းဆောင် ကွီတာ၊ သီယေဂိုနဲ့ ရူဒီဂါတို့ကလည်း နိုင်ပွဲ လိုချင်စိတ် အပြည့်ပဲ။ ဒါကြောင့်ပဲ သူတို့ပွဲတွေ အနိုင်ရပြီး ချန်ပီယံလည်း ဖြစ်တာ။ ” လို့ ဝိုက်ဒါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZG

မစ္ဒယ္ဘေရာ့ ဘို႐ို အသင္းဟာ ဒီရာသီ အက္ဖ္ေအဖလား ၿပိဳင္ပြဲမွာ မန္ယူအသင္းနဲ႔ စပါးအသင္းတို႔ကို အရင္ အဆင့္ေတြမွာ ျဖဳတ္ခ် ေက်ာ္ျဖတ္လာႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္ တက္လာခဲ့တဲ့ အသင္း ျဖစ္ပါတယ္။ ကြာတားဖိုင္နယ္ အဆင့္ ခ်ဲလ္ဆီးနဲ႔ အေတြ႕မွာေတာ့ ၂-၀ နဲ႔ အေရးနိမ့္ကာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါၿပီ။

ဘို႐ို (မစ္ဒယ္ဘေရာ့) နည္းျပ ခရစ္ဝိုက္ဒါကေတာ့ ခ်ဲလ္ဆီးအသင္းကို ပြဲအၿပီးမွာ မ်ားစြာ ခ်ီးက်ဴးခဲ့ၿပီး သူတို႔ ယခင္ေတြ႕ခဲ့တဲ့ မန္ယူႏိုက္တက္၊ စပါးတို႔နဲ႔ ခ်ဲလ္ဆီးအသင္း ဘယ္လိုေတြ ကြာျခားသလဲ ဆိုတာကိုပါ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္တို႔ အင္အားအျပည့္နဲ႔ မန္ယူႏိုက္တက္၊ စပါး၊ ခ်ဲလ္ဆီး တို႔ကို ရင္ဆိုင္ကစားခဲ့တယ္။ ယူႏိုက္တက္နဲ႔ အေတြ႕တုန္းက က်ေနာ္တို႔ ေတာင့္ခံႏိုင္ခဲ့ၿပီး ပင္နယ္တီမွာ ႏိုင္ခဲ့တယ္။ ေတာ့တင္ဟမ္နဲ႔ ေတြ႕တုန္းကလည္း က်ေနာ္တို႔ ႏိုင္ပြဲနဲ႔ လုံးဝ ထိုက္တန္ခဲ့တာ။

ဒါေပမယ့္ ဒီ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့ က်ေနာ္တို႔ ခံစစ္က မွန္မွန္ကန္ကန္ လႈပ္ရွားႏိုင္ျခင္း မရွိခဲ့ဘူး။ သူတို႔အသင္းက စိတ္ဓာတ္ခိုင္မာတဲ့ အစုအဖြဲ႕ ျဖစ္ၿပီး မယုံႏိုင္စရာ ေကာင္းတဲံ မန္ေနဂ်ာက ဦးေဆာင္ထားတာပါ။

ခ်ဲလ္ဆီးက တူခ်ယ္ ေရာက္လာၿပီးတည္းက တည္ၿငိမ္မႈ ရရွိသြားတာပါ။ တျခားႏွစ္သင္း (စပါးနဲ႔ ယူႏိုက္တက္) ကေတာ့ အဲဒီလို မဟုတ္ဘူး။ သူတို႔မွာ ဒါမ်ိဳး မရွိဘူး။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ကြီတာ၊ သီေယဂိုနဲ႔ ႐ူဒီဂါတို႔ကလည္း ႏိုင္ပြဲ လိုခ်င္စိတ္ အျပည့္ပဲ။ ဒါေၾကာင့္ပဲ သူတို႔ပြဲေတြ အႏိုင္ရၿပီး ခ်န္ပီယံလည္း ျဖစ္တာ။ ” လို႔ ဝိုက္ဒါက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။