ဘယ်လင်ဟမ်၊ ပေါ့ဘာ၊ ဇာကာရီယာတို့နဲ့ တနင်္လာနေ့ အပြောင်းအရွှေ့ သတင်းတိုများ
လက်စတာနည်းပြ ရော်ဂျာက သူ့အနေနဲ့ အဓိကကွင်းလယ်လူ တိုင်လီမန့်စ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ မျှော်လင့်မိကြောင်း၊ အသင်းအနေနဲ့ တိုင်လီမန့်စ်ကို ဆက်ထိန်းနိုင်အောင် ဘာမဆ ပ်ဆောင်သွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အရေး အေးဂျင့်ရွိုင်အိုလာကြောင့် ကြန့်ကြာနေကြောင်း သိရပါတယ်။ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာအနေနဲ့ ဧပြီလ မတိုင်ခင်အထိ စာချုပ်သက်တမ်း ဆွေးနွေးလိုခြင်း မရှိဘူးလို့ သိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂရေမီဆောင်းနက်စ်က ဆာလတ်ဟာ ကမ္ဘာ့ အကောင်းဆုံးဖြစ်သွားပြီဆိုတဲ့ ကလော့ရဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ ထောက်ခံကြောင်း၊ ဆာလတ်က ဂိုးသွင်းစက်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဒေါ့မွန်ဒါရိုက်တာ ဝက်ဇ်ကီက လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်အနေနဲ့ အသင်းမှာ ကာလရှည်ဆက်နေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဘယ်လင်ဟမ်အနေနဲ့လည်း ဒေါ့မွန်မှာပျော်ရွှင်လျက်ရှိနေကြောင်း သိရပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်း ကလစ်ချီက ဒီရာသီမှာ တိုက်စစ်မှူးအူဘာမီယန်ရဲ့ သွင်းဂိုးတွေဟာ အာဆင်နယ်ကို ခမ်းနားတဲ့ရာသီတစ်ခု ပိုင်ဆိုင်အောင် ကူညီပေးမှာဖြစ်ကြောင်း၊ အာဆင်နယ်ဟာ အူဘာရဲ့သွင်းဂိုးတွေကို လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘရာဇီးဂန္ထဝင် ရီဗယ်ဒိုကတော့ လိဒ်စ်ကြယ်ပွင့် ရာဖင်ဟာအနေနဲ့ လီဗာပးူကို ပြောင်းရွှေ့သင့်ကြောင်း၊ ရာဖင်ဟာအနေနဲ့ လီဗာပူးမှာ ပုံမှန်ပွဲထွက်ခွင့် မရနိုင်ပေမဲ့ ဒါကသူ့ကစားသမားဘဝအတွက် ကြီးမားတဲ့နောက်တစ်ဆင့်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပေါ်တိုတောင်ပံကစားသမား လူဝစ်ဒိုင်ယက်ဇ်ကို ခေါ်ယူနိုင်ဖို့ စုံစမ်းမှုတွေ ပြုလုပ်လျက်ရှိနေကြောင်း အီတလီသတင်းဌာနက ဖော်ပြထားပါတယ်။ ၎င်းကို ဘိုင်ယန်၊ ရီးရဲတို့က စောင့်ကြည့်နေပြီး သူ့ရဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၄ ခုနှစ်အထိ ရှိနေတာပါ။
ချဲလ်ဆီးနည်းပြတူချယ်က ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ လူကာကူ၊ တီမိုဝါနာတို့နဲ့ ပတ်သက်ပြီး ထူးခြားတဲ့သတင်းမရှိသေးကြောင်း၊ သူတို့နှစ်ဦးဟာ ဆောက်သမ်တန်နဲ့ပွဲကို ဆက်လက် လွဲချော်ဦးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့ဟာ အပေါင်းလက္ခဏာတော့ဆောင်ကြောင်း ဆိုခဲ့ပါတယ်။
အဲဗာတန်နဲ့ လက်စတာတို့ဟာ ရီးရဲကွင်းလယ်လူ အစ္စကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ အစ္စကိုအနေနဲ့ လာမဲ့နှစ်မှာ ရီးရဲကနေ ထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ ဂလာဘတ်ချ်ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အဆိုပါဂလာဘတ်ချ်ကြယ်ပွင့်ကို ရိုးမား အပါအဝင် တခြားဥရောပထိပ်သီးတွေကလည်း ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

ZG
လက္စတာနည္းျပ ေရာ္ဂ်ာက သူ႔အေနနဲ႔ အဓိကကြင္းလယ္လူ တို္င္လီမန္႔စ္ကို စာခ်ဳပ္သက္တမ္း တုိးျမွင့္ႏုိင္ဖုိ႔ ေမွ်ာ္လင့္မိေၾကာငး္၊ အသင္းအေနနဲ႔ တုိင္လီမန္႔စ္ကို ဆက္ထိန္းႏိုင္ေအာင္ ဘာမဆ ပ္ေဆာင္သြားမွာျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။
မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေပါ့ဂ္ဘာနဲ႔ စာခ်ဳပ္သက္တမ္း တုိးျမွင့္ဖို႔အေရး ေအးဂ်င့္ရိြဳင္အိုလာေၾကာင့္ ၾကန္႔ၾကာေနေၾကာငး္ သိရပါတယ္။ ေပါ့ဂ္ဘာရဲ႕ ေအးဂ်င့္ရိြဳင္အိုလာအေနနဲ႔ ဧၿပီလ မတုိင္ခင္အထိ စာခ်ဳပ္သက္တမ္း ေဆြးေႏြးလိုျခင္း မရွိဘူးလို႔ သိရပါတယ္။
ေဘာလံုးေ၀ဖန္သူအျဖစ္ေဆာင္ရြက္ေနတဲ့ ဂေရမီေဆာင္းနက္စ္က ဆာလတ္ဟာ ကမာၻ႕ အေကာင္းဆံုးျဖစ္သြားၿပီ ဆုိတဲ့ ကေလာ့ရဲ႕ မွတ္ခ်က္စကားကို သူ႔အေနနဲ႔ ေထာက္ခံေၾကာငး္၊ ဆာလတ္က ဂိုးသြင္းစက္ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။
ေဒါ့မြန္ဒါရိုက္တာ ၀က္ဇ္ကီက လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္အေနနဲ႔ အသင္းမွာ ကာလရွည္ ဆက္ေနမွာျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။ ဘယ္လင္ဟမ္အေနနဲ႔လည္း ေဒါ့မြန္မွာေပ်ာ္ရႊင္လ်က္ရွိေနေၾကာင္း သိရပါတယ္။
အာဆင္နယ္ေနာက္ခံလူေဟာင္း ကလစ္ခ်ီက ဒီရာသီမွာ တိုက္စစ္မွဴးအူဘာမီယန္ရဲ႕ သြင္းဂိုးေတြဟာ အာဆင္နယ္ကို ခမ္းနားတဲ့ရာသီတစ္ခု ပိုင္ဆိုင္ေအာင္ ကူညီေပးမွာျဖစ္ေၾကာင္း၊ အာဆင္နယ္ဟာ အူဘာရဲ႕သြင္းဂိုးေတြကို လုိအပ္ေနေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
ဘရာဇီးဂႏၳ၀င္ ရီဗယ္ဒိုကေတာ့ လိဒ္စ္ၾကယ္ပြင့္ ရာဖင္ဟာအေနနဲ႔ လီဗာပးူကို ေျပာင္းေရႊ႕သင့္ေၾကာင္း၊ ရာဖင္ဟာအေနနဲ႔ လီဗာပူးမွာ ပံုမွန္ပြဲထြက္ခြင့္ မရႏုိင္ေပမဲ့ ဒါကသူ႔ကစားသမားဘ၀အတြက္ ႀကီးမားတဲ့ေနာက္တစ္ဆင့္ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ေပၚတုိေတာင္ပံကစားသမား လူ၀စ္ဒိုင္ယက္ဇ္ကို ေခၚယူႏုိင္ဖို႔ စံုစမ္းမႈေတြ ျပဳလုပ္လ်က္ရွိေနေၾကာင္း အီတလီသတင္းဌာနက ေဖာ္ျပထားပါတယ္။ ၄င္းကို ဘုိင္ယန္၊ ရီးရဲတုိ႔က ေစာင့္ၾကည့္ေနၿပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမး္ကေတာ့ ၂၀၂၄ ခုႏွစ္အထိ ရွိေနတာပါ။
ခ်ဲလ္ဆီးနည္းျပတူခ်ယ္က ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ တုိက္စစ္မွဴးႏွစ္ဦးျဖစ္တဲ့ လူကာကူ၊ တီမုိ၀ါနာတို႔နဲ႔ ပတ္သက္ၿပီး ထူးျခားတဲ့သတင္းမရွိေသးေၾကာင္း၊ သူတုိ႔ႏွစ္ဦးဟာ ေဆာက္သမ္တန္နဲ႔ပြဲကို ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ေၾကာင္း၊ ဒါေပမဲ့ သူတို႔ဟာ အေပါင္းလကၡဏာေတာ့ေဆာင္ေၾကာင္း ဆုိခဲ့ပါတယ္။
အဲဗာတန္နဲ႔ လက္စတာတုိ႔ဟာ ရီးရဲကြင္းလယ္လူ အစၥကို ေခၚယူဖုိ႔ အၿပိဳင္ႀကိဳးပမ္းလ်က္ ရွိေနၾကပါတယ္။ အစၥကိုအေနနဲ႔ လာမဲ့နွစ္မွာ ရီးရဲကေန ထြက္ခြာဖြယ္ ရွိေနတာျဖစ္ပါတယ္။
မန္စီးတီးအေနနဲ႔ ဂလာဘတ္ခ်္ကြင္းလယ္လူ ဇာကာရီယာကို ေခၚယူဖုိ႔ ျပင္ဆင္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။ အဆုိပါဂလာဘတ္ခ်္ၾကယ္ပြင့္ကို ရိုးမား အပါအ၀င္ တျခားဥေရာပထိပ္သီးေတြကလည္း ပစ္မွတ္ထားေနၾကတာ ျဖစ္ပါတယ္။