ပရိုဆန်ကြပါ ဆိုတဲ့ ဘာပေ၊ လီဗာပူးကို မယုံနိုင်သူ၊ ကီပါနဲ့ ဟန်ဒါဆန်ကို ချိန်တဲ့ ကာဆယ်နဲ့ နံနက်ခင်း သတင်းများ
ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေက မိုနာကိုကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဖော်တွေအနေနဲ့ ပရော်ဖက်ရှင်နယ် ဆန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ပီအက်စ်ဂျီက ၈-၀ ဂိုး၊ ၉-၀ ဂိုးတွေနဲ့ အနိုင်ရရင်တောင်မှ လူတွေ ချန်ပီယံလိဂ် အကြောင်း တွေးနေကြမှာဖြစ်တယ်လို့လည်း ဝန်ခံလိုက်ပြီး သူ့အနေနဲ့ ပီအက်စ်ဂျီကို လီဂူးဝမ်း ချန်ပီယံဖြစ်အောင် ကူညီပေးမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူုးဟောင်း အလန်ရှီးယားက မိမိအနေနဲ့ ချဲလ်ဆီးနည်းပြတူချယ်ဟာ လူကာကူကို ခေါ်ယူချင်ခဲ့တယ်လို့ မထင်မိကြောင်း၊ လူကာကူဟာ တူချယ်ရဲ့နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှုရှိသူမဟုတ်ကြောင်း၊ လူကာကူဟာ Press ကောင်းကောင်း လုပ်နိုင်သူမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။
ရီးရဲမက်ဒရစ်မှာတုန်းက မော်ရင်ဟိုရဲ့လက်ထောက်ဖြစ်ခဲ့ပြီး စီရော်နယ်ဒိုနဲ့ လက်တွဲဖူးခဲ့တဲ့ ကာရန်ကာက မက်ဆီနဲ့ အားပြိုင်မှုက စီရော်နယ်ဒိုကို အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ပြီး ပိုကောင်းလာစေခဲ့ကြောင်း၊ စီရော်နယ်ဒိုနဲ့ လက်တွဲရတာ အလွန် ကျေနပ်စရာကောင်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဗီလာနည်းပြဟောင်း ပေါလမ်းပတ်က အာဆင်နယ်အနေနဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးပမ်း သင့်ကြောင်း၊ အာဆင်နယ်ဟာ သမိုင်းကြောင်းကြီးမားပြီးခမ်းနားတဲ့အသင်းတစ်သင်းဖြစ်ကြေငာ်း တိုက်တွန်း ခဲ့ပါတယ်။
ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီလန်ရိုက်ဟာ လက်ရှိအသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုမှာ မဟုတ်ကြောင်း အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ပေါဘရောင်း မှတ်ချက်ပြုခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ကစားသမားကို မန်ယူနဲ့ ချဲလ်ဆီးတို့က အပြိုင်ကြိုးပမ်းလျက်ရှိနေပြီး ရိုက်က ချန်ပီယံလိဂ် ကစားလိုနေတာပါ။
နယူးကာဆယ်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂိုးသမားတစ်ဦး အားဖြည့်သွားမှာဖြစ်ပြီး ချဲလ်ဆီး ဂိုးသမား ကီပါနဲ့ မန်ယူဂိုးသမား ဒိန်းဟန်ဒါဆန်တို့ကို ပစ်မှတ်ထား နေပါတယ်။ နယူးကာဆယ်အနေနဲ့ လာမဲ့ရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိဂိုးသမား ဒူဘရော့ဗ်ကာနဲ့ လက်စွမ်းကို နှစ်သက်ပေမဲ့ ဂိုးသမားနေရာကို ပိုမိုအပြိုင်အဆိုင် ဖြစ်စေလိုနေတာပါ။

လီဗာပူးဂန္တဝင်ဟောင်း ဂျွန်အယ်ဒရစ်က လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ အမှတ်များစွာ ဖြတ်ကျန်နေရာမှ အမှီ ပြန် လိုက်နိုင်မယ်လို့ မယုံကြည်ခဲ့ကြောင်း၊ နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားမဲ့ပွဲမှာ လီဗာပူးအနေနဲ့ဝက်ဖို့ဒ်ကိုသာ နိုင်လိုက်ရင် မန်စီးတီး အထက်ကို ရောက်သွားမှာဖြစ်ကြောင်း၊ လီဗာပူးတို့ ချန်ပီယံဆုအတွက် ပြန်လာနိုင်ပုံက အံ့အားသင့်ဖွယ် ကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်ဟာ လိဒ်စ်ကွင်းလယ်လူ ကီဗင်ဖီလစ်ကို ဗီလာလက်ထဲကနေ ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာပြီဖြစ်ကြောင်း သိရပါတယ်။ လိဒ်စ်ကတော့ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်အတွက်ပေါင်သန်း ၆၀ အလိုရှိနေပြီး ဗီလာက ပေါင် ၃၃.၅သန်းနဲ့ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ အာဆင်နယ်အနေနဲ့ လာမဲ့နွေမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတာပါ။