သက်တမ်းတိုးမရတဲ့ ဒီကလန်ရိုက်စ်ကို စံချိန်တင် ဈေးသတ်မှတ် ရောင်းချဖို့ ဝက်စ်ဟမ်း ပြင်ဆင်

ဝက်စ်ဟမ်းအသင်းဟာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေမှုမှာ မအောင်မမြင် ဖြစ်နေတာကြောင့် ကစားသမားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။

အင်္ဂလန် ကွင်းလယ်လူဟာ ဝက်စ်ဟမ်းအတွက် ဒီရာသီမှာ ခြေစွမ်းအရရော၊ ခေါင်းဆောင်မှုပိုင်း အရပါ ဦးဆောင် ကစားပေးနေတာ ဖြစ်ပါတယ်။

ဒေးဗစ်မိုယက်စ်က သူ့ရဲ့အားအကိုးရဆုံးကစားသမားကို လက်လွှတ်မခံချင်ပေမယ့်လည်း ကစားသမားကတော့ အသင်းကြီးတသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ရိုက် ကို မရောင်းချချင်ပေမယ့်လည်း စာချုပ်သစ် အဆင်မပြေတဲ့နောက်မှာ နည်းပြနဲ့ ဘုတ်အဖွဲ့က ဒီကလန်ရိုက်ကို ပေါင်သန်း ၁၅၀ ထက် နည်းပါးတဲ့ဈေးနှုန်းမျိုးနဲ့ဆို မရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြခဲ့ပါတယ်။

ဒီတန်ဖိုးဟာ ဗီလာကနေ မန်စီးတီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျက်ဂရီလစ်ရှ်ရဲ့ တန်ဖိုးထက် ပေါင်သန်း ၅၀ များပြားနေတာလည်းဖြစ်ပါတယ်။

ဒီကလန်ရိုက်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်ဆုံးကနေ ရေပန်းစားနေပြီး ရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကနေ အလွတ်ထွက်ခွာသွားနိုင်တဲ့ ပေါ့ဂ်ဘာနေရာကို အစားထိုးဖို့အတွက်လို့ ဆိုပါတယ်။

အခြားသော အင်္ဂလန်ကလပ်တွေထဲမှာတော့ ဒီကလန်ရိုက်စ်ကို အလွန်အမင်းစိတ်ဝင်စားတဲ့ အသင်း မရှိသလောက် ဖြစ်နေပြီး ချဲလ်ဆီးကလည်း ဒဏ်ခတ်ပိတ်ဆို့ခံထားရလို့ ကစားသမားအပြောင်းအရွှေ့မလုပ်ဆောင်နိုင်ဖြစ်နေကာ ယူနိုက်တက်က ရေပန်းအစားဆုံးဖြစ်နေတာပါ။

ဒါပေမယ့်လည်း ဆိုခဲ့တဲ့အတိုင်း အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူအတွက် ဗြိတိန်စံချိန်တင်ကြေးရမှသာ လက်လွှတ်ခံဖို့ ဝက်စ်ဟမ်းက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

Zawgyi

ဝက္စ္ဟမ္းအသင္းဟာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ဒီကလန္႐ိုက္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနမႈမွာ မေအာင္မျမင္ ျဖစ္ေနတာေၾကာင့္ ကစားသမားကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာင္းခ်ဖို႔ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

အဂၤလန္ ကြင္းလယ္လူဟာ ဝက္စ္ဟမ္းအတြက္ ဒီရာသီမွာ ေျခစြမ္းအရေရာ၊ ေခါင္းေဆာင္မႈပိုင္း အရပါ ဦးေဆာင္ ကစားေပးေနတာ ျဖစ္ပါတယ္။

ေဒးဗစ္မိုယက္စ္က သူ႔ရဲ႕အားအကိုးရဆုံးကစားသမားကို လက္လႊတ္မခံခ်င္ေပမယ့္လည္း ကစားသမားကေတာ့ အသင္းႀကီးတသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတာျဖစ္ပါတယ္။

ရိုက္ ကို မေရာင္းခ်ခ်င္ေပမယ့္လည္း စာခ်ဳပ္သစ္ အဆင္မေျပတဲ့ေနာက္မွာ နည္းျပနဲ႔ ဘုတ္အဖြဲ႕က ဒီကလန္႐ိုက္ကို ေပါင္သန္း ၁၅၀ ထက္ နည္းပါးတဲ့ေစ်းႏႈန္းမ်ိဳးနဲ႔ဆို မေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ျပခဲ့ပါတယ္။

ဒီတန္ဖိုးဟာ ဗီလာကေန မန္စီးတီးကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂ်က္ဂရီလစ္ရွ္ရဲ႕ တန္ဖိုးထက္ ေပါင္သန္း ၅၀ မ်ားျပားေနတာလည္းျဖစ္ပါတယ္။

ဒီကလန္႐ိုက္ကို ေခၚယူဖို႔အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ထိပ္ဆုံးကေန ေရပန္းစားေနၿပီး ရာသီကုန္မွာ အိုးထရက္ဖို႔ဒ္ကေန အလြတ္ထြက္ခြာသြားႏိုင္တဲ့ ေပါ့ဂ္ဘာေနရာကို အစားထိုးဖို႔အတြက္လို႔ ဆိုပါတယ္။

အျခားေသာ အဂၤလန္ကလပ္ေတြထဲမွာေတာ့ ဒီကလန္႐ိုက္စ္ကို အလြန္အမင္းစိတ္ဝင္စားတဲ့ အသင္း မရွိသေလာက္ ျဖစ္ေနၿပီး ခ်ဲလ္ဆီးကလည္း ဒဏ္ခတ္ပိတ္ဆို႔ခံထားရလို႔ ကစားသမားအေျပာင္းအေ႐ႊ႕မလုပ္ေဆာင္ႏိုင္ျဖစ္ေနကာ ယူႏိုက္တက္က ေရပန္းအစားဆုံးျဖစ္ေနတာပါ။

ဒါေပမယ့္လည္း ဆိုခဲ့တဲ့အတိုင္း အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူအတြက္ ၿဗိတိန္စံခ်ိန္တင္ေၾကးရမွသာ လက္လႊတ္ခံဖို႔ ဝက္စ္ဟမ္းက ဆုံးျဖတ္ထားၿပီး ျဖစ္ပါတယ္။