အိုဒီဂတ်ကို တိုင်ပင်နေတဲ့ ဟာလန်း၊ ဂျိုဗစ်ကို ချဉ်းကပ်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ
ရီးရဲမက်ဒရစ်တိုက်စစ်မူှး ဂျိုဗစ် အနေနဲ့ ရာသီကုန်မှာ ရီးရဲကနေ ထွက်ခွာဖို့ ပြင်ဆင် နေပါတယ်။ ဂျိုဗစ် ကို အာဆင်နယ်က အဲဗာတန်နဲ့အပြိုင် ချဉ်းကပ်နေပြီး ဂန်းနားတို့ဟာ ဇန်နဝါရီကတည်းက ဂျိုဗစ် ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာပါ။
နာမည်ကျော် သတင်းထောက် ဒေးဗစ်အော်စတိန်းကတော့ အာဆင်နယ်နဲ့ တိုက်စစ်ကြယ်ပွင့် ဆာကာတို့အကြား စာချုပ်သက်တမ်းတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သောင်းသာ ရရှိနေတဲ့ ဆာကာကို အာဆင်နယ်ဟာ ၄ဆ အထိ တိုးမြှင့်ပေးပြီး သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ် နော်ဝေအသင်းဖော် ဟာလန်းမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး မိမိကို တိုင်ပင် ခဲ့ကြောင်း၊ ဟာလန်းအနေနဲ့ မိမိကို ရီးရဲမက်ဒရစ်အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ သူ့နဲ့ ဟာလန်းတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။

မာဆေးမှာ အငှားကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာက အနာဂတ်နဲ့ ပတ်သက်ပြီး ဖွင့်ဟချက်ပြုလုပ်ရာမှာ သူ့အနေနဲ့ မာဆေးမှာ ဆက်နေလိုပေမဲ့ အနာဂတ်ကို အာဆင်နယ်ကသာဆုံးဖြတ်မှာဖြစ်ကြောင်း၊ အနာဂတ်နဲ့ ပတ်သက်ပြီး သေချာမသိရှိသေးကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ် အသင်းမှာ ကစားခဲ့ပြီး ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး အသင်းရဲ့ တောင်ပံ ကစားသမား တယောက် ဖြစ်ခဲ့ဖူးတဲ့ ဒီနီလ်ဆင် ဟာ အနားယူခဲ့ အပြီး ၁၂ နှစ် အကြာ အသက် ၄၀ အရွယ်မှာ ဘောလုံး ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနီလ်ဆင် ဟာ ဘရာဇီးရဲ့ အောက်အဆင့် လိဂ် အသင်း တသင်း ဖြစ်တဲ့ အိုင်ဘစ် အသင်းမှာ ကစားဖို့ သဘောတူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်အနေနဲ့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း Daily Express က ဖော်ပြထားပါတယ။် အာဆင်နယ်ဟာ နူနက်ဇ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်ပြီးဖြစ်ကာ ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။