အသင်း ရောင်းချဖို့ အခြေအနေနဲ့ ကမ်းလှမ်းမှုများ၊ ပစ်မှတ် ရိုက်စ် တန်ကြေးနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးအသင်းအနေနဲ့ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွက် လက်မှတ်ရောင်းချခွင့်ရမှာဖြစ်သလို အက်ဖ်အေ ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်အသင်းနဲ့ ဝင်ဘလေကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက်လည်း အသင်း ပရိသတ်တွေကို လက်မှတ်ရောင်းချခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ ချဲလ်ဆိးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက်တော့ အိမ်ကွင်းပရိသတ်တွေကို လက်မှတ် ရောင်းချခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ လာရောက်ကစားရမယ့် ပြိုင်ဘက် အသင်း ပရိသတ်တွေ အနေနဲ့တော့ လက်မှတ် ဝယ်ခွင့်ရဦးမှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းက သူတို့ ကွင်းလယ် ကစားသမားဖြစ်တဲ့ ဒီကလန်ရိုက်စ် အတွက် ပေါင် သန်း ၁၅၀ လို့ ဈေး သတ်မှတ် လိုက်ပါတယ်။ ရိုက်စ်ကို မန်ယူ နဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး အသင်းခေါင်းဆောင်ဖြစ်တဲ့ အပီလီကျူတာကတော့ သူ့ ရဲ့ အနာဂတ် အကြောင်းကို ပြောဖို့ ငြင်းဆန် သွားခဲ့ပေမယ့် ဘာစီလိုနာ အသင်းက သူ့ကို စိတ်ဝင်စားနေတယ်ဆိုတာကို တော့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုများစွာ လက်ခံရရှိထားသလို မူလတန်ဖိုး ပေါင် ၃ ဘီလီယံ ကနေ ၄ ဘီလီယံ အထိ တန်ကြေးထပ်တိုးမြှင့်မှုတွေ ရှိလာနိုင်တာကြောင့် သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံး အသင်းအဖြစ် သက်မှတ်ခံရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးကို ဝယ်ယူဖို့ ကြိုးစားနေတဲ့ လုပ်ငန်းရှင်ပေါင်းက အနည်းဆုံး အယောက် (၂၀) ဝန်းကျင်မှာရှိနေပြီး လက်ရှိပိုင်ရှင် အေဘရာမိုဗစ်ချ်ကတော့ အသင်းကို ပေါင် (၃) ဘီလီယံနဲ့ အရောင်းစာရင်းတင်ထားတာဖြစ်ပါတယ်။
ဆော်ဒီ မီဒီယာ အင်အားစု ကတော့ ချဲလ်ဆီး ပရိသတ်တွေရဲ့ အလေးပေးမှု များစွာ ရရှိထားပေမယ့် ၊ ဗြိတိန် အစိုးရ ၊ ကလပ် ဘုတ်အဖွဲ့ဝင်တွေရဲ့ အလေးပေးမှုထဲမှာတော့ ထိပ်ပိုင်း အဆင့် ရှိမနေဘူးလို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။