ဂန်းနားတို့ ပစ်မှတ်ထားတဲ့ ရက်ဖို့ဒ်၊ တိုင်လီမန့်စ်၊ နီဗက်စ်၊ အကောင်းဆုံး အိုဒီဂတ်နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်က သူ့အနေနဲ့ ချန်ပီယံလိဂ် ကစားလိုကြောင်း၊ သူ့အနေနဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ လာမဲ့နွေမှာ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မာတင် အိုဒီဂတ် ဟာ အာဆင်နယ် အသင်း ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ လက်ရှိ အကောင်းဆုံး ကစားသမား စာရင်းမှာ ပါဝင်သူ ဖြစ်တယ်လို့ ဂန်းနားဟောင်းကြီး ပေါလ်မာဆန် က ချီးကျူးလိုက်ပါတယ်။

အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်း အတော်များများက စောင့်ကြည့် နေတဲ့ လေဗာကူဆင် ရဲ့ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေး မူဆာ ဒီယာဘီ ဟာ ရာသီ အကုန်မှာ အသင်းပြောင်းဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ လာမဲ့နွေမှာ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်သွားမှာဖြစ်ပြီး ကစားသမားဟောင်း ရေးပါလာ ကလည်း ရက်ဖို့ဒ်ကိုခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက အာဆင်နယ်ကြယ်ပွင့် တီယာနေးအနေနဲ့ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ဆီက စိတ်ဝင်စားမှုကို လျစ်လျူရှုသင့်ကြောင်း၊ သူဟာ အသင်းကြီးတစ်သင်းမှာ ကစားနေတာဖြစ်ပြီး အာဆင်နယ်ဟာ တီယာနေး အတွက် အလိုက်ဖက်ဆုံးအသင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူ ဝီလန်က အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာ ဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အာဆင်နယ်ကနေ ထွက်ခွာသွားနိုင်ကြောင်း၊ ကစားသမားတိုင်းဟာ ဥရောပ ထိပ်သီးပြိုင်ပွဲမှာ ကစားချင်ကြပြီး ချန်ပီယံလိဂ် မဝင်ရင် အာဆင်နယ်အနေနဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ဆုံးရှုံးရနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မူှး လာကာဇက်ကတော့ နည်းပြအာတီတာကို ချီးကျုးမှုပြုလုပ်ခဲ့ပြီး အာတီတာ ရောက်လာပြီးတည်း က အသင်းရဲ့ စိတ်ဓာတ်ပိုင်းဟာ ပြောင်းလဲသွားခဲ့ကြောင်း၊ အာတီတာဟာ စစ်မှန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဝုဖ်ကွင်းလယ်လူ နီဗက်စ်ကို ခေါ်ယူဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြထားပါတယ်။ နီဗက်စ်အနေနဲ့ ဝုဖ်အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုဖွယ်ရှိနေပြီး ဝုဖ်ကလည်း ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးမျိုးရရင် ရောင်းထုတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ကိုစီရယ်နီက သူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အသက်၃၆ နှစ်အရွယ် ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ ဇန်နနဝါရီအတွင်း ဘော်ဒိုးကနေထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။ ကိုစီရယ်နီဟာ အာဆင်နယ်မှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့သူ ဖြစ်ပါတယ်။