တန်ဟက် နည်းပြသစ် ဖြစ်လာရင် ရောင်းဖို့ တိုက်တွန်းခံရသူများ၊ ဖာနန်ဒက်စ်၊ တော်မီနေးတို့နဲ့ ယနေ့ မန်ယူ သတင်းများ

ဘရာဇီး ဂန္တဝင် ရီဗယ်လ်ဒို က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် အဖြစ် အဲရစ် တန်ဟတ်ကို မြင်တွေ့ရဖို့ အတွက် စိတ်လှုပ်ရှားနေမိကြောင်း တန်ဟတ် ဟာ မန်ယူအသင်းအတွက် ရွေးချယ်ချင်စရာ နည်းပြကောင်း ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်သမား ပေါ့ဘာက မန်ယူအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ သူ့ကို အဓိက စိတ်ဝင်စားနေတဲ့ ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်၊ ဂျူဗီ နဲ့ ပီအက်စ်ဂျီ အသင်းတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စုံစမ်းနေကြပါတယ်။

မန်ယူအသင်းက ဘရူနို ဖာနန်ဒက်စ် ကို လစာ ၂ ဆပေးပြီး စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ စာချုပ်သစ်အရ ဖာနန်ဒက်စ်က တစ်ပတ်ကို ပေါင် ၂ သိန်း ၄ သောင်း ရမှာဖြစ်ပြီး ၂၀၂၇ အထိ သက်တမ်း တိုးသွားမှာပါ။

ချဲလ်ဆီး ခံစစ်မှုး ရူဒီဂါ က မန်ယူကွင်းလယ်ကစားသမား တော်မီနေးရဲ့ အားကစား စိတ်ဓာတ် ပြင်းပြမှုနဲ့ ပွဲအပြီး ဖက်လှဲတကင်း ရှိမှုကို နှစ်သက် သဘောကျကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင် ကစားသမားဟောင်း ဗန်ဒါဂစ်ဂျ် က တန်ဟတ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်ပါလာက ရော်နယ်ဒို၊ ပေါ့ဂ်ဘာ နဲ့ မက်ဂွဲရား တို့ သုံးဦးကို ရောင်းထုတ် လိုက်သင့်ကြောင်း ပြောခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်း အတော်များများက စောင့်ကြည့် နေတဲ့ လေဗာကူဆင်မှ အသက် ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေး မူဆာ ဒီယာဘီ ဟာ ရာသီ အကုန်မှာ အသင်းပြောင်းဖို့ ကြံရွယ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်း နည်းပြ မာ့က် စကင်နာ က လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန် နဲ့ အမျိုးသမီး စူပါလိဂ် ပွဲကို အိုးထရက်ဖိုဒ့် ကွင်းကြီး ထဲမှာ ကစားရမှာအတွက် အထူး စိတ်လှုပ်ရှား နေမိပါတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ထိုပွဲမှာ ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ရဲ့ သမီးဖြစ်သူ ဟာ ယူနိုက်တက် အမျိုးသမီး အသင်းနဲ့ ပါဝင်လာဖို့ ရှိနေပြီး သမီး ဖြစ်သူရဲ့ ပွဲတွေကို လိုက်ပါ အားပေးတတ်တဲ့ ဆိုးရှား ကို ယူနိုက်တက် နည်းပြ အဖြစ် ကနေ နှုတ်ထွက် အပြီးမှာ ပထမဆုံး အကြိမ် အဖြစ် အိုးထရက်ဖိုဒ့်မှာ ပြန်မြင်ရဖို့ အလားအလာ ရှိနေတယ်လို့ သုံးသပ် ထားကြပါတယ်။