လူကာကူ ကို စိတ်ဝင်စားလာတဲ့ ပီအက်စ်ဂျီ၊ လွဲဦးမယ့် ဟာဇက်နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ရိစ်ဂျိမ်းစ်နဲ့ ကိုင်ဟာဗက်ဇ် တို့ သွင်းဂိုးတွေဟာ မတ်လ အတွက် အကောင်းဆုံး သွင်းဂိုး ဆန်ကာတင် စာရင်းမှာ ပါဝင်နေပါတယ်။
လာမယ့် နွေမှာ အဓိက ကစားသမားဖြစ်တဲ့ အမ်ဘာပေက အသင်းကနေ ထွက်ခွာဖို့ သေချာ သလောက် ရှိနေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ပဲလေ့စ်မှာ အငှားထွက်ကစားနေတဲ့ ချဲလ်ဆီးလူငယ် ကော်နာ ဂလဲဟားဟာ ခြေစွမ်းထက် ကစားသမား ဖြစ်ပေမယ့် မိခင်ကလပ် ချဲလ်ဆီးနဲ့ တွေ့တိုင်း ကစားခွင့် မရတဲ့ အက်ဖ်အေရဲ့ စည်းမျဉ်းကို အီယန်ရိုက်ကတော့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။
အီဒင်ဟာဇက်ဟာ ဒဏ်ရာ ခွဲစိတ်မှု ခံယူရဖို့ ရှိလို့ တစ်လလောက် ပွဲ မကစားနိုင်ဖို့ ရှိနေပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်း ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေ လွဲချော်ဖွယ် ရှိနေပါတယ်။
အီတလီအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင်ခွင့် လွဲချော်ပြီးတဲ့နောက် ချဲလ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။

အသင်းရဲ့ ခက်ခဲတဲ့ ကာလကြီး ကြုံခဲ့ရချိန်မှာ ချဲလ်ဆီးအသင်းသားတွေက ကိုယ်လုပ်နိုင်တာ ကို အာရုံစိုက် လုပ်ဆောင်ပြီး ပရော်ဖက်ရှင်နယ် ဆန်ဆန် ကျော်ဖြတ်နေတယ်လို့ ဟာကင် ဇီယက် က ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရူဒီဂါ က မန်ယူကွင်းလယ်ကစားသမား တော်မီနေးရဲ့ အားကစား စိတ်ဓာတ် ပြင်းပြမှုနဲ့ ပွဲအပြီး ဖက်လှဲတကင်း ရှိမှုကို နှစ်သက် သဘောကျကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။