ဘရူနိုဖာနန်ဒက်စ် ထက် အာဆင်နယ်ရဲ့ အိုဒီဂတ်က ပိုကောင်းတယ် လို့ ပြောလိုက်တဲ့ ဒါရင်းဘန့်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ထက် အာဆင်နယ်ကြယ်ပွင့် အိုဒီဂတ်နှင့် တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဗန်ဒါဗတ် တို့ကို ပိုကြိုက်ကြောင်း ဒါရင်းဘန့်က ပြောဆိုလိုက်ပါတယ်။

ဘရူနိဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်တွင် အဓိကကွင်းလယ်လူတစ်ဦး ဖြစ်လာနေပြီး မကြာခင်မှာ စာချုပ်သစ် ၅နှစ် ချုပ်ဆိုနိုင်လိမ့်မယ်ဟု သတင်းထွက်နေပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အန်ဒီဂိုးစတိန်းနဲ့အတူ ကွင်းလယ် တိုက်စစ်သမား တစ်ယောက်ကို ရွေးချယ်မယ့် အကြောင်း ပြောကြားရာမှာ ဒါရင်းဘန့်က အိုဒီဂတ်ကို ပိုကြိုက်တယ်လို့ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က “ဘရူနိုက မန်ချက်စတာယူနိုက်တက်အတွက် အတော်လေး ခြေစွမ်းပြတဲ့ ကစားသမားကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို အသင်းက ပွဲကြီးတွေမှာ လိုအပ်တဲ့အချိန် ခြေစွမ်းထုတ်ပြနိုင်အောင် ကျွန်တော် စောင့်ဆိုင်းနေရဆဲပါပဲ။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်က ထူးချွန်တဲ့ ကစားသမားဆိုတာ သံသယဖြစ်စရာမရှိပါဘူး ယူနိုက်တက်မှာ သူ ၅နှစ် စာချုပ် သက်တမ်းတိုး ချုပ်တော့မယ် ဆိုတာက ကောင်းတဲ့ သတင်းဆိုတာလည်း သံသယ မရှိပါဘူး “

အာဆင်နယ် ကစားသမားဟာင်း ဂိုးစတိန်းက ဒါဆို မင်းက အာဆင်နယ်အသင်းမှာ ဆိုရင်ရော သူကို ရွေးချယ်မှာလား ဟု မေးရာမှာ

ဘန့်က “နိုး မရွေးချယ်ပါဘူး လက်ရှိ ငါမင်းကို ပြောရမယ်ဆို မရွေးချယ်ဘူး လက်ရှိအနေအထား အာဆင်နယ် ကစားပုံနဲ့ဆိုရင် အိုဒီဂတ်ဘဲ ရွေးချယ်ချင်တယ်။ အာဆင်နယ် အတွက်ဆိုရင် ကွင်းလယ် တိုက်စစ်နေရာမှာ အိုဒီဂတ်ကို ထားမယ်။ ခု အာဆင်နယ်ကစားနေတာနဲ့ အိုဒီဂတ်က ပြီးပြည်စုံမှု ရှိပါတယ် ဘရူနိုနဲ့ ကျွန်တော် မလဲချင်ပါဘူး” ဟု ဆိုပါတယ်။

ဒါပေမဲ့ ဗန်ဒါဗတ်နဲ့ပတ်သက်ပြီးတော့ ဂိုးစတိန်းနဲ့ ဒါရင်းဘန့်တို့အငြင်းအခုံ ဖြစ်ကြပါတယ်။

“စပါးက ဗန်ဒါဗတ်က ဘရူနိုထက်တောင် ပိုကောင်းပါတယ်” လို့ ဒါရင်းဘန့်က ပြောတဲ့အခါ ဂိုးစတိန်းက “ သူက ကစားသမားကောင်းပါ ဒါပေမဲ့ ဘရူနိုလောက် မကောင်းပါဘူး ဘရူနိုရဲ့ ပထမရာသီက သွင်းဂိုးနှင့် ဂိုးဖန်တီးမှုတွေ ကြည့်လေ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။