ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့တဲ့ အီတလီ ကို ရှယ်လှောင်သွားတဲ့ ဆွစ်ဇာလန် ပရိသတ်များ
ဆွစ်ဇာလန် ပရိသတ်တွေဟာ အင်္ဂလန် နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ပရိသတ်တွေဟာ Google မှာ Italy World Cup 2022 ဆိုပြီး ရှာထားတဲ့ ပုံကို ကိုင်ဆောင်ထားခဲ့ပါတယ်။အဲ့ဒီအောက်မှာ ဆွစ်ဇာလန်ကို ဆိုလိုတာလားလို့ အဓိပ္ပါယ်ရတဲ့ Did you means Switzerland ဆိုပြီး ရေးသားခဲ့တာပါ။
အီတလီနဲ့ ဆွစ်ဇာလန် အသင်းတို့ဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး (၂)ပွဲလုံး သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ခဲ့တဲ့ပွဲမှာ ဂျော်ဂျင်ဟို ရဲ့ပင်နယ်တီ မဝင်ခဲ့တာကြောင့် အီတလီ အသင်းဟာ ပလေးအောဖ့် ကစားခဲ့ရတာပါ။

ဆွစ်ဇာလန် အသင်းကတော့ တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီး ကာတာကမ္ဘာ့ဖလားဝင်ခွင့်လတ်မှတ်ရခဲ့တာဖြစ်ပါတယ်။သူတို့(၂)သင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတွေ့ခဲ့တုန်းက အီတလီ အသင်းက (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
အီတလီ အသင်းဟာ ပလေးအောဖ့် အကြိုဗိုလ်လုပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယား နဲ့ ကစားခဲ့ရပြီး နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
အီတလီ အတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)ကြိမ်ဆက် လွဲခဲ့ရတာဖြစ်ပြီး သူတို့ရဲ့သမိုင်းတစ်လျှောက်မှာလည်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ရတာပါ။အဲ့ဒါကြောင့်လည်း ဆွစ်ဇာလန် ပရိသတ်တွေဟာ အခုလိုမျိုးလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
ဆွစ်ဇာလန် အသင်းကတော့ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။