လာမယ့် နွေမှာ ငွေရှာဖို့ ခုတည်းက ကြံစည်နေတဲ့ အာဆင်နယ် နည်းပြ အာတီတာ
အာဆင်နယ် နည်းပြ အာတီတာ ဟာ သူ့အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ဂွမ်ဒူဇီ နဲ့ မာဗရိုပါနိုစ့် တို့ နှစ်ဦးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အပြီးသတ် ရောင်းချ သွားတော့မယ်လို့ သိရပါတယ်။
အာဆင်နယ် အသင်းဟာ ထို ကစားသမား နှစ်ဦးလုံးကို ခုအငှားသွား ကစားနေတဲ့ အသင်းတွေဆီကိုပဲ အပြီးသတ် ရောင်းချ သွားမှာ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနက ဆိုပါတယ်။
အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မာဗရိုပါနိုစ့် ဟာ ဒီရာသီမှာလည်း စတုဂတ် အတွက် အဝေး ကန်ချက်တွေနဲ့ အရေးပါတဲ့ သွင်းဂိုးတွေ သွင်းပေးနေပါတယ်။

စတုဂတ် အသင်းဟာ ဂရိ လက်ရွေးစင် နောက်ခံလူ မာဗရိုပါနိုစ့် အတွက် အငှားကြေး ယူရို ၅ သိန်း ပေးချေခဲ့ရပြီး လာမယ့် နွေရာသီမှာ ယူရို ၃ သန်း (ပေါင် ၂.၅ သန်း) နဲ့ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်း ထားတာပါ။
စတုဂတ် အသင်းရဲ့ အားကစား ဒါရိုက်တာ မစ်စလင်တက် ကလည်း မာဗရိုပါနိုစ့် ကို အပြီးသတ် ခေါ်ယူဖို့ အခွင့်အရေး အခိုင်အမာ ရှိကြောင်း အတည်ပြု ပေးထားပါတယ်။
မာဆေးလ် အသင်းဟာလည်း ဒီရာသီမှာ တန်းဆင်းရတဲ့ အခြေအနေကို ရှောင်ရှား နိုင်ပါက ဂွမ်ဒူဇီ ကို ယူရို ၁၁ သန်း (ပေါင် ၉.၅ သန်း) ထဲနဲ့ အပြီးသတ် ခေါ်ယူ နိုင်မှာ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ ကို ပြန်လည် ခေါ်ယူခွင့် ထည့်သွင်းထားပေမယ့် အာတီတာ ရဲ့စိတ်ကြိုက် ကစားသမား မဟုတ်တာကြောင့် အမ်းမရိတ်မှာ ပြန်မြင်တွေ့ ရဖို့တော့ မရှိကြောင်း လန်ဒန်သတင်းဌာနက ဆိုပါတယ်။
ပြင်သစ် လူငယ်ကွင်းလယ်သမား ဂွမ်ဒူဇီ ဟာ ဒီရာသီ မာဆေးလ် အသင်းမှာ ၁၀ ပွဲ ကစား ၂ ဂိုး၊ ၂ ဂိုး ဖန်တီးပေးထားပါတယ်။

ZG
အာဆင္နယ္ နည္းျပ အာတီတာ ဟာ သူ႔အစီအစဥ္ေတြထဲမွာ မပါ၀င္ေတာ့တဲ့ ဂြမ္ဒူဇီ နဲ႔ မာဗ႐ိုပါႏိုစ့္ တို႔ ႏွစ္ဦးကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ အၿပီးသတ္ ေရာင္းခ် သြားေတာ့မယ္လို႔ သိရပါတယ္။
အာဆင္နယ္ အသင္းဟာ ထို ကစားသမား ႏွစ္ဦးလံုးကို ခုအငွားသြား ကစားေနတဲ့ အသင္းေတြဆီကိုပဲ အၿပီးသတ္ ေရာင္းခ် သြားမွာ ျဖစ္တယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနက ဆိုပါတယ္။
အသက္ ၂၃ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ မာဗ႐ိုပါႏိုစ့္ ဟာ ဒီရာသီမွာလည္း စတုဂတ္ အတြက္ အေဝး ကန္ခ်က္ေတြနဲ႔ အေရးပါတဲ့ သြင္းဂိုးေတြ သြင္းေပးေနပါတယ္။
စတုဂတ္ အသင္းဟာ ဂရိ လက္ေ႐ြးစင္ ေနာက္ခံလူ မာဗ႐ိုပါႏိုစ့္ အတြက္ အငွားေၾကး ယူ႐ို ၅ သိန္း ေပးေခ်ခဲ့ရၿပီး လာမယ့္ ေႏြရာသီမွာ ယူ႐ို ၃ သန္း (ေပါင္ ၂.၅ သန္း) နဲ႔ အၿပီးသတ္ ေခၚယူခြင့္ကိုပါ ထည့္သြင္း ထားတာပါ။
စတုဂတ္ အသင္းရဲ႕ အားကစား ဒါ႐ိုက္တာ မစ္စလင္တက္ ကလည္း မာဗ႐ိုပါႏိုစ့္ ကို အၿပီးသတ္ ေခၚယူဖို႔ အခြင့္အေရး အခိုင္အမာ ရွိေၾကာင္း အတည္ျပဳ ေပးထားပါတယ္။
မာေဆးလ္ အသင္းဟာလည္း ဒီရာသီမွာ တန္းဆင္းရတဲ့ အေျခအေနကို ေရွာင္ရွား ႏိုင္ပါက ဂြမ္ဒူဇီ ကို ယူ႐ို ၁၁ သန္း (ေပါင္ ၉.၅ သန္း) ထဲနဲ႔ အၿပီးသတ္ ေခၚယူ ႏိုင္မွာ ျဖစ္ပါတယ္ ။
အာဆင္နယ္ အသင္းဟာ ဂြမ္ဒူဇီ ကို ျပန္လည္ ေခၚယူခြင့္ ထည့္သြင္းထားေပမယ့္ အာတီတာ ရဲ႕စိတ္ႀကိဳက္ ကစားသမား မဟုတ္တာေၾကာင့္ အမ္းမရိတ္မွာ ျပန္ျမင္ေတြ႕ ရဖို႔ေတာ့ မရွိေၾကာင္း လန္ဒန္သတင္းဌာနက ဆိုပါတယ္။
ျပင္သစ္ လူငယ္ကြင္းလယ္သမား ဂြမ္ဒူဇီ ဟာ ဒီရာသီ မာေဆးလ္ အသင္းမွာ ၁၀ ပြဲ ကစား ၂ ဂိုး၊ ၂ ဂိုး ဖန္တီးေပးထားပါတယ္။