ခရစ္စတန်ဆန် ကို ရသွားတဲ့ ဘာစီလိုနာ၊ ပွဲလက်မှတ်တွေ မဝယ်ဖို့ တိုက်တွန်းမှုတွေနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ လာပေါ်တာ က သူတို့ အသင်းဟာ ချဲဆီး ခံစစ်မှုး ခရစ္စတန်ဆန် နဲ့ အေစီ မီလန် ကွင်းလယ် ကစားသမား ဖရန့် ကက်စီး တို့ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
ချဲလ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ် နဲ့ ယူကရိန်း ကိုယ်စားလှယ်တွေဟာ ကိဗ်မြို့က ဆွေးနွေးပွဲ အပြီးမှာ အဆိပ်သင့်တဲ့ လက္ခဏာတွေ ကို တွေ့ရှိ ခဲ့ရတယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် အားလုံး ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လာကြပြီး အသက် အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်မှာ မရှိနေဘူးလို့ သိရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကက်ကာရီနိုက သူ့အသင်းဟောင်း ချဲလ်ဆီးအနေနဲ့ လာမဲ့ရာသီမှာ ပဲေ့လစ်ကို အငှား ချထားတဲ့ လူငယ်ကြယ်ပွင့် ဂယ်လင်ဟာကို အသုံးပြုသင့်တယ် လို့ တိုက်တွန်းသွားခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့အတွက် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က ကြိုးပမ်း နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျူဗင်တပ်ဟာ ရူဒီဂါကို ၅ နှစ်စာချုပ်နဲ့ ချုပ်ဆိုဖို့ ပြင်ဆင်မှာဖြစ်ပြီး ပေါင် ၂၂.၅ သန်း ပေးချေမှာဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ရှေ့လာမယ့် ပွဲစဉ်တွေမှာ လက်မှတ်ရောင်းချခွင့် ရရှိခဲ့ပေမယ့် အမေရိကန် မီဒီယာတွေကတော့ ချဲလ်ဆီးအသင်းရဲ့ လက်မှတ်တွေကို ဝယ်ယူခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းရေးသားနေကြပါတယ်။