မဟာပြိုင်ဘက် မန်စီးတီးနဲ့တွေ့မယ့် ပွဲကို အားထားရတဲ့ ကစားသမား ၃ ဦးထိ လွဲဖွယ်ရှိတဲ့ လီဗာပူး

ဒီနိုင်ငံတကာ သီတင်းပတ်တွင် လီဗာပူးကစားသမားတစ်ချို့ ဒဏ်ရာတွေနှင့် ကိုဗစ်တွေကြောင့် မပါဝင်နိုင်ဘဲ ဖြတ်သန်းနေရပါတယ်။

ထရန့် အလက်ဇန်းဒါး အာနိုးဟာ အာဆင်နယ်ကို ၂ဂိုးပြတ် အနိုင်ရတဲ့ မတ်လ ၁၆ရက်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။

အာနိုးက မတ်လ ၂၀ရက်တွင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် နောတင်ဟမ်ဖောရက်စ်အား ၁ဂိုးဂိုးမရှိဖြင့် အနိုင်ရတဲ့ပွဲမှာလည်း လွဲချော်ခဲ့ပါတယ်။ ညာနောက်ခံလူဟာ အင်္ဂလန်ကစားတဲ့ ချစ်ကြည်ရေးပွဲစဉ် ၂ပွဲကိုလည်း လူစာရင်းကနေ နူတ်ထွက်ခဲ့ပါတယ်။

ဒါ့အပြင် အန်ဒီရော်ဘတ်ဆန်နှင့် ဂျိမ်းစ်မီနာတို့ ကိုဗစ်ကြောင့် လီဗာပူးရဲ့ အက်ဖ်အေဖလားပွဲကို လွဲချော်ခဲ့ပါတယ်။ နာဘီကေတာ ဟာလည်း အဆိုပါပွဲမှာ ဒဏ်ရာအသေးစား ရရှိခဲ့ပြီး ဂူနီယာအသင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

နည်းပြကလော့ပ်ရဲ့ လီဗာပူးဟာ ယခုစနေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဆိုပါပွဲပြီးရင် ဧပြီ၅ရက်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ဘင်ဖီကာနဲ့ကစားရမှာပါ။

ဧပြီ၁၀ရက်တွင် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဆုံးအဖြတ်အဖြစ် ကစားရာတွင် နောက်ခံလူ အာနိုးဟာ အချိန်မီ ပါဝင် ကစားနိုင်ဖို့ မသေချာသေးဘဲ ရှိနေတယ်လို့ သတင်းထောက် ဂျိမ်းစ်ပီယာက ပြောပါတယ်။

“အာနိုးက ဒူဘိုင်းရှိ Nad Al Sheba အားကစားရုံမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတယ်။ လေ့ကျင်ရေး အပြည့်အ၀ ဆင်းနိုင်စေဖို့ လာမယ့်အပတ်မှာ အပြင်းအထန်တွေ လေ့ကျင်ရမှာ ဖြစ်တယ်။ သူက မျှော်လင့် ထားတာထက် စောပြီး လေ့ကျင်နိုင်ပေမယ့် ကလော့ပ်ကတော့ စွန့်စားမှုတွေ သိပ်မလုပ်ဖို့ ဆန္ဒရှိပါတယ်” လို့ ဆိုပါတယ်။